ပြီးခဲ့တဲ့လက BBC သတင်းဌာနရဲ့ ထုတ်ပြန်ကြေငြာချက်အရ ဂျပန်နိုင်ငံရဲ့ သက်ကြီးပိုင်း တော်တော်များများဟာ ပြစ်မှုအမျိုးမျိုးကြောင့် ထောင်ချခံခဲ့ရတယ်ဆိုပြီး သိရှိရပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေဖြစ်ကြပြီး အသက် ၆၈ နှစ်အရွယ်အမျိုးသမီးတစ်ယောက်ကတော့ အသီးအနှံခိုးယူမှုကြောင့် ထောင်ကျခဲ့ပြီး သူမအနေနဲ့ ဘာကြောင့် ခိုးယူခဲ့ရလဲဆိုတာကို အခြားအမျိုးသမီး အယောက် ၁၀၀ ကို ယခုလို ပြန်ပြောပြခဲ့ပါတယ်။
“ ကျွန်မအနေနဲ့ ပထမဦးဆုံးအကြိမ်ထောင်ကျတုန်းက အသက် ၅၃ နှစ်အရွယ်ဖြစ်ပြီး အိတ်တစ်အိတ်ကို ခိုးယူခဲ့မှုကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပါတယ်။ ကျွန်မအနေနဲ့ အခုလိုမျိုး ခိုးယူတဲ့ကိစ္စရပ်ကို အမြဲတမ်း ပြုလုပ်လေ့မရှိပါဘူး။ စိတ်ရှုပ်ထွေးလာတဲ့ အခါမျိုးတွေမှသာ ခိုးယူခြင်းဖြစ်ပါတယ်။ အခုလို ပထမဦးဆုံးအကြိမ် ခိုးယူဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ကျွန်မရဲ့ကလေးတစ်ယောက်ကို ကျောင်းထားပေးဖို့ မတတ်နိုင်ခဲ့ဘူးလေ။ အဲ့ဒါက ကျွန်မကို စိတ်ပျက်စေခဲ့ပြီး အခုလို ခိုးယူဖို့အတွက် ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတာ်။ ဒုတိယအကြိမ် ခိုးယူခဲ့တဲ့အကြောင်းအရင်းကလည်း ကျွန်မဆီကို ခြိမ်းခြောက်စာတွေ ရရှိခဲ့ပြီး ထပ်မံခိုးယူဖို့အတွက် အတင်းအကြပ် ခြိမ်းခြောက်ခဲ့လို့ ထပ်မံ ခိုးယူခဲ့ရခြင်းဖြစ်ပါတယ်။ ဒီတစ်ကြိမ် အသီးခိုးယူခဲ့ရတဲ့ အကြောင်းရင်းကတော့ ကျွန်မက အသီးကို ကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဖြစ်ပြီး ခိုးယူခဲ့တဲ့ စပျစ်သီးဟာဆိုရင်လည်း ကျွန်မအနေနဲ့ ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်လို့ပဲဖြစ်ပါတယ် . . . ” ဆိုပြီး သူမ ကျူးလွန်ခဲ့တဲ့ ခိုးယူမှုတွေကို ရှင်းပြခဲ့ပါတယ်။
#ST(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share