Breaking News
နံနက်စောစော အိပ်ယာထခြင်းရဲ့ အကျိုးကျေးဇူးများ။
ဘဝမှာ အောင်မြင်ဖို့အတွက်ဆိုရင် မိုးသောက်ချိန် အိပ်ယာထရမယ်ဆိုပြီး ရှေးလူကြီးတွေပြောဆိုတာ ကြားဖူးကြမှာပါ။ ဒါပေမယ့်လည်း မနက်ခင်း အိပ်ယာအစောကြီးထရုံနဲ့လည်း သင့်ကို အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် မပြုလုပ်ပေးနိုင်ပါဘူး။ အိပ်ယာအစောကြီးထခြင်းကတော့ သင့်ရဲ့ နေ့စဉ်အလုပ်တွေမှာ အထောက်အကူဖြစ်စေနိုင်ခြင်း၊ လုပ်ငန်းဆောင်တာတွေ ပိုမိုပြိးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်ဆိုပြီး ကမ္ဘာတစ်ဝှမ်းက ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေက အဆိုပြုထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ နေ့စဉ်ဘဝမှာ ပျော်ရွှင်ရုံသာမက ကျန်းမာရေးသုခကိုလည်း ပိုမိုရရှိခံစားနိုင်ကာ ကိုယ့်ကိုကိုယ် ထိ်န်းချုပ်နိုင်စွမ်းတွေလည်း မြင့်တက်လာတယ်ဆိုပြီး လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။
အခုဆက်လက်ပြီးတော့ အောင်မြင်ကျော်ကြားသူအချို့ရဲ့ မနက်စောစော အိပ်ယာထပြီးနောက် ပြုလုပ်လေ့ရှိတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မနက်စောစောပိုင်းအချိန်တွေမှာဆိုရင် လူတော်တော်များများဟာ Email ပို့တာမျိုးတို့၊ ဖုန်းနဲ့ Message ပို့တာမျိုးတို့ကို ပြုလုပ်လေ့ ရှိပါတယ်။ Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ဟာဆိုရင် မနက် ၃:၄၅ မိနစ်အချိန်မှာ အိပ်ယာထလေ့ရှိပြီး Email ဖတ်တာတို့၊ Email ပို့တာမျိုးတွေကို အခြားလုပ်ဖော်ကိုင်ဖက်တွေထက်အရင် ပြုလုပ်လေ့ရှိပါတယ်။ Oprah Winfrey မှလည်း နေ့စဉ် မနက် ၆:၀၂ မိနစ်မှာ အိပ်ယာထလေ့ရှိပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်ကာ မနက် ၉ နာရီရောက်မှသာ လုပ်စရာရှိသည်တို့ကို စတင်လုပ်ဆောင်ပါတယ်။ မင်းသားကြီး Mark Wahlberg ကတော့ မနက် ၂:၃၀ မှာ အိပ်ယာထကာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း၊ Golf ရိုက်ခြင်းနဲ့ ဝတ်ပြုဆုတောင်းခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း သိရှိရပါတယ်။
<Unicode Version>
<Zawgyi Version>
#ST(Soshwe)
#SoshweBeauty&Health
#SoshweForYourDailyLife
#Like&Share
About admin
Check Also
ဒူးရင်းသီးကြိုက်နှစ်သက်သူတွေအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ။
အခုလက်ရှိအချိန်မှာတော့ ကျနော်တို့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခေတ်အစားဆုံးကတော့ ရာသီပေါ်ဒူးရင်းသီးပဲ ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာတို့မှာ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro