မန်ယူရဲ့ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားမှ ဆန်းချက်ဇ်ရဲ့ကစားပုံနဲ့ပက်သက်ပြီး ပိုမိုကောင်းမွန်လာမှာ ကျိန်းသေတယ်ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ ပြောကြားခဲ့ပါတယ်။
ချီလီအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်သူ ဆန်းချက်မှာ အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ဇန်နဝါရီ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့လာခဲ့ပြီး ငါးဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေခဲ့ရပါတယ်။
“ ဆန်းချက်ဇ်ဟာ ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိရှိပြီးသားဖြစ်ပါတယ်။ ကစားကွက်ကိုလည်း အကောင်းဆုံး ပုံဖော်နိုင်သူတစ်ယောက်ဖြစ်ပြီး ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရလို့သာ ခြေစွမ်းမပြနိုင်ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ ဒဏ်ရာတွေကနေလည်း မကြာခင်ကောင်းမွန်လာပြီး အရင်ခြေစွမ်းမျိုး ပြန်လည်ရရှိမယ်ဆိုတာကို ကျွန်တော်ကျိန်းသေပေါက် ပြောရဲပါတယ် . . .” ဆိုပြီး ဆိုးလ်ရှားမှ ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
#ST(1209Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share