Breaking News

ခင်ပွန်းဖြစ်သူ ဟယ်ရီမင်းသားနဲ့အတူ အခမ်းအနားတစ်ခုတက်ရောက်လာတဲ့ မြို့စားကတော် Meghan

ကိုယ်ဝန်ရင့်မားကြီးနဲ့ မြို့စားကတော် မီဂန်ကို ခင်ပွန်းဖြစ်သူ ဟယ်ရီနဲ့အတူ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လန်ဒန်မှာရှိတဲ့ သဘာဝသမိုင်းပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ အတူတူတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ယခုပြုလုပ်ခဲ့တဲ့ပွဲဟာ ဘုရင်မကြီးနဲ့ မဟာမိတ်နိုင်ငံတွေအကြား ယုံကြည်မှုပိုမိုရရှိစေရန် ရည်ရွယ်၍ ပြုလုပ်သော ပွဲတစ်ပွဲဖြစ်ပြီး ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်မယ့် လူငယ်များအတွက် အထောက်အပံ့ရရှိနိုင်အောင် ပြုလုပ်ပေးသော ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဖက်ရှင်မော်ဒယ်ဟောင်းတစ်ဦးဖြစ်တဲ့ မီဂန်မှာ သူမရဲ့ ဖွံ့ထွားလာတဲ့ ဗိုက်ထဲက ရင်သွေးငယ်လေးကို ထုတ်ပြခဲ့ပါတယ်။ အသက် ၃၄နှစ်အရွယ်ရှိ စစ်တပ် လေယာဉ်မှူးဟောင်းဖြစ်သူ ဟယ်ရီမင်းသားမှလည်း နက်ပြာရောင် ဝမ်းဆက်နဲ့ အလွန်ပင် ကြည့်ကောင်းနေခဲ့ပါတယ်။ သူတို့စုံတွဲဟာ သူတို့ရဲ့ ပထမဦးဆုံး ရင်သွေးငယ်လေးကို ဒီနှစ်ဆောင်းဦးမှာ မွေးဖွားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

“ မြို့စားနဲ့ မြို့စားကတော်တို့ဟာ ဖေဖော်ရီ ၂၃ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီ ၂၅ရက်နေ့အထိ မော်ရိုကိုနိုင်ငံကို အလည်အပတ်ခရီးသွားရောက်မှာဖြစ်ပါတယ်။ အခုချစ်ကြည်ရေးခရီးစဉ်ဟာလည်း အင်္ဂလန်နဲ့ မော်ရိုကိုနိုင်ငံအကြား ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့အတွက် ဘရင်မကြီးရဲ့ တောင်းဆိုမှုအရ သွားရောက်ခြင်းဖြစ်ပါတယ် . . . ” ဆိုပြီး ကန်ဆင်တယ်နန်းတော်မှ တာဝန်ရှိသူတစ်ယောက်မှ ဖေဖော်ဝါရီ ၈ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

#ST(soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro