Pete နဲ့ Kate တို့ရဲ့သတင်းဟာ ဒီရက်ပိုင်း ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သတင်းတစ်ပုဒ်အဖြစ် ရှိနေခဲ့ပါတယ်။ ခိုင်လုံတဲ့သတင်းတစ်ခုအရ သူတို့နှစ်ယောက်ဟာ တွဲခုတ်နေတယ်ဆိုတာ ဟုတ်ပေမယ့်လည်း သူတို့ရဲ့ Relationship ဟာ ရေရှည်တည်မြဲမှာမဟုတ်ဘူးဆိုပြီး သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။
Pete နဲ့ နီးစပ်သူပြောစကားအရ “ Pete နဲ့ Kate တို့ရဲ့ ကိစ္စဟာ ဒီအတိုင်း အပျော်သက်သက်ကြီးပဲ ဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ Pete အနေနဲ့ Kate ကို မိုက်တယ်လို့သာထင်နေတာ။ ဒါပေမယ့် အဲ့ဒါ ခဏပါပဲ။ ပရိသတ်တွေအနေနဲ့လည်း တကယ်အတည်ကြီး မသတ်မှတ်လိုက်ပါနဲ့ . . . ” လို့ဆိုပြီး သိရှိရပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ Kate နဲ့ အသက် ၂၅ နှစ်အရွယ်ရှိ ဟာသမင်းသား Pete တို့ဟာ ဇန်နဝါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ပါတီပွဲတစ်ခုမှာ စတင် တွေ့ဆုံခဲ့ကြတာပဲဖြစ်ပါတယ်။ US Magazine သို့ မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောကြားချက်အရ Pete နဲ့ Kate တို့ဟာ ပါတီထဲမှာ ချစ်ရည်လူးနေကြပြီး Kate ဖက်မှ စတင်လှုပ်ရှားခြင်းဖြစ်ကာ ပါတီပွဲပြီးတဲ့အထိ Pete ကို စောင့်နေတယ်ဆိုပြီး သိရှိရပါတယ်။
Kate နဲ့ နီးစပ်သူတစ်ဦးမှလည်း “ Pete လို ပုံစံမျိုးဟာ Kate ရဲ့ အကြိုက်နဲ့ ထပ်တူကျပါတယ် . . . ” ဆိုပြီး US Magazine ကို ပြောပြခဲ့ပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share