လူတိုင်းမှာ တစ်နေ့တာပင်ပန်းခဲ့သမျှကို အပန်းဖြေဖို့အတွက် ကိုယ်ပိုင် အပန်းဖြေနည်းတွေရှိကြပါတယ်။ ဒီဆောင်းပါးကတော့ ရုပ်ရှင်ကြည့်ပြီး အပန်းဖြေရတာကြိုက်တဲ့ လူတွေထဲကမှ ဟာသကားတွေကြည့်ပြီး ရယ်မောရတာကြိုက်တဲ့ သူတွေအတွက်ဖြစ်ပါတယ်။
၁။ ‘The LEGO Movie 2 : The Second Part
ဒီဇာတ်ကားဟာ ဖေဖော်ဝါရီ ၈ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ အာကာသကြီးကိုကယ်တင်ဖို့ကြိုးစားနေတဲ့ သရုပ်ဆောင်တွေရဲ့ အလွဲလွဲအချော်ချော် ဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေ ဆက်တိုက်ရယ်နေရမှာဖြစ်တယ်။
၂။ What Men Want
ဒီဇာတ်ကားဟာ ဖေဖော်ဝါရီ ၈ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး Taraji P ဟာ မတော်တဆမှုတစ်ခုကြောင့် သတိမေ့နေရာမှ သတိပြန်လည်လာသောအခါ ယောကျာ်းတွေရဲ့ စိတ်အတွင်းထဲက စကားတွေကိုကြားလာရပါတော့တယ်။
၃။ Isn’t It Romantic?
ဒီဇာတ်ကားကတော့ ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက မင်းသမီးဟာ သူမတစ်ညအိပ်ယာဝင်ပြီး နောက်တစ်နေ့မနက်အရောက်မှာ ဘဝက အများကြီး ပြောင်းလဲ ခြားနားသွားပါတော့တယ်။
၎။ Fighting with My Family
ဒီဇာတ်ကားဟာဆိုရင် ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး ဒီဇာတ်ကားကတော့ အမျိုးသမီးနပန်းသမား Saraya အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ရယ်ရတဲ့အပြင် မိသားစုနဲ့ဆိုင်တဲ့ ကြည်နူးပျော်ရွှင်ရတဲ့ ခံစားချက်တွေကိုလည်း ပေးနိုင်မှာဖြစ်ပါတယ်။
၅။ Tyler Perry’s A Madea Family Funeral
ဒီဇာတ်ကားကတော့ မတ်ခ်ျလ ၁ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး Tyler Perry က အသုဘအခမ်းအနားမှာတောင် ပရိသတ်တွေကို ရယ်အောင်လုပ်ပေးသွားမှာပါ။
၆။ Shazam
ဒီဇာတ်ကားက ဧပြီ၅ရက်နေ့မှ ပရိသတ်တွေအရှေ့ရောက်ရှိလာမှာဖြစ်ပြီး သူရဲကောင်းရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဒါဟာ တကယ့်လက်တွေ့မှာ ဖြစ်နိုင်တာမျိုးလည်း မပြောထားတဲ့အတွက် ရယ်စရာရုပ်ရှင်ဇာတ်ကားကောင်းပါ။
၇။ Drunk Parents
ဧပြီ ၁၉ရက်မှာထွက်ရှိလာမယ့် ဒီဇာတ်ကားဟာ ရုပ်ရှင်ရဲ့နာမည်နဲ့တင်ပဲ ရယ်စရာကောင်းနေပါပြီ။
၈။ Pokemon: Detective Pikachu
မေလ ၁၀ရက်နေ့မှာ ထွက်လာမယ့် ဒီဇာတ်ကားမှာ Deadpool ဇာတ်ကားထဲက မင်းသား Ryan Reynolds က Pikachu နေရာမှာ အသံပိုင်းပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
၉။ Men In Black : International
ဇွန်လ ၁၄ရက်နေ့မှာ ထွက်ရှိလာမယ့် ဒီဇာတ်ကားထဲမှာတော့ Chris Hemsworth နဲ့ Tessa Thompson တို့ အတူတူသရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။
၁၀။ Toy Story 4
ဇွန် ၂၁ရက်မှာထွက်လာမယ့် ဒီဇာတ်ကားလေးကို Toy Story ပရိသတ်တွေက စောင့်မျှော်နေတာ အရမ်းကိုကြာနေတာဖြစ်တဲ့အတွက် ဒီဇာတ်ကားဟာ ထွက်ထွက်ချင်းမှာပဲ ကြည့်ရှုသူတွေ အရမ်းကိုများနေလိမ့်မယ်လို့ ဝေဖန်ခန့်မှန်းတာတွေလည်းရှိလာခဲ့ပါတယ်။
#SY(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share