Breaking News

စုံတွဲတွေတိုင်း ကြုံတွေ့တတ်တဲ့ ပြဿနာအသေးအဖွဲလေးများ။

စုံတွဲတော်တော်များများဟာ ရန်ဖြစ်တတ်ကြတာမို့ တစ်ခါမှ ပြဿနာမှမဖြစ်ဖူးဘူးလို့ ပြောတဲ့သူကတော့ လိမ်တာပဲဖြစ်မှာပါ။ ရန်ဖြစ်ပြီးတဲ့နောက် နှစ်ဦးသား ပြန်လည်အဆင်ပြေစေဖို့အတွက် နည်းလမ်းတွေတော့ရှိပါတယ်။

၁။ “နင့်ရဲ့ရည်းစားဟောင်းရဲ့ Facebook က ပုံတွေကို ဘာလို့ Like ပေးနေသေးတာလဲ” လို့ စုံတွဲတွေက တစ်ယောက်ကိုတစ်ယောက် မေးဖူးကြပါလိမ့်မယ်။ လူတွေဟာ Social Mediaကို အသုံးများလာကြတာမို့ ချစ်သူတွေဟာလည်း အချင်းချင်း အမြဲတမ်း ထောက်လှမ်းနေလို့ရတာကြောင့် ဒီလိုပြဿနာတွေကို ရှောင်ဖို့ဆိုရင် ကိုယ့်ချစ်သူနဲ့ အပေးအယူမျှနေဖို့ လိုပါတယ်။

၂။ ကိုယ်ကဖုန်းကိုကြည့်နေတဲ့အချိန်မှာ ကိုယ့်ချစ်သူဆီက “နင်ကငါ့ထက်ဖုန်းကိုပိုချစ်တယ်နော်” ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ကိုယ့်ချစ်သူနဲ့ အတူတူရှိနေတဲ့အချိန်မှာ ဖုန်းကိုတက်နိုင်သလောက်မကြည့်ပဲ နှစ်ယောက်သား ကြည်ကြည်နူးနူး အချိန်ကုန်ဆုံးသင့်ပါတယ်။ အရေးကြီးကိစ္စတစ်စုံတစ်ရာ ရှိလာရင်လည်း ချစ်သူကို နားလည်အောင် ရှင်းပြလိုက်တာဟာ နှစ်ဦးသား စိတ်ဆိုးစကားများပြီး အဆင်မပြေဖြစ်တာကို တက်နိုင်သလောက် လျှော့ချလိုက်နိုင်မှာပါ။

၃။ “မင်းအဲ့လိုပွစိပွစိပြောနေလို့ ငါ့နားကိုတောင် လှီးဖြတ်ပစ်ချင်စိတ်တွေပေါက်လာပြီ” လို့လည်း ပြောဖူးကြမှာပါ။ တစ်ယောက်ယောက်နဲ့ အတူတူ နေတာကြာလာရင် အဲ့လူရဲ့အကြောင်းတွေ ပိုသိလာရပြီး စိတ်ရှုပ်လာရတဲ့ အချိန်မျိုးတွေလည်း ကြုံဖူးကြမှာပါ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ သူတို့ရဲ့လုပ်ရပ်တွေကိုတွေးပြီး စိတ်ပျက်နေမယ့်အစား ကိုယ့်အပေါ်ကောင်းဖူးတာလေးတွေကို ဖြည့်တွေးပေးလိုက်ပါ။

၄။ မိမိရဲ့ချစ်သူက နှစ်ပတ်လည်နေ့လိုမျိုး အမှတ်ရနေရမယ့် နေ့ရက်တွေကို မေ့နေရင် စိတ်ဆိုးပြီး ပေါက်ကွဲလိုက်တာဟာ အခြေအနေကို ပိုဆိုးသွားစေနိုင်တာမို့ နားလည်ပေးပြီး နောက်မမေ့ဖို့အတွက် သတိပေးသင့်ပါတယ်။

၅။ ရန်ဖြစ်စကားများတိုင်း လမ်းခွဲဖို့ ဒါမှမဟုတ် ကွာရှင်းဖို့ ပြောဆိုခြင်းကိုရှောင်ရှားသင့်ပါတယ်။ စိတ်သဘောထားကွဲလွဲပြီး ရန်ဖြစ်တိုင်း လမ်းခွဲစကားမဆိုဘဲ နှစ်ယောက်သားအတူတူ ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ အကြောင်းတွေကို ပြန်စဉ်းစားပြီး ပြေလည်အောင် ပြန်လည်ညှိနှိုင်းသင့်ပါတယ်။

၆။ ချစ်သူတွေဟာ တွဲတာအချိန်ကြာလာပြီဆိုတာနဲ့ တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိနေပြီလို့ ယူဆလာကြတယ်။ တကယ်တမ်းမှာတော့ လူ့စိတ်သဘောထားတွေ ၊ အကြိုက်တွေဟာ ပြောင်းလဲသွားတတ်ကြပါတယ်။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ပြီး သူဘာတွေပြောင်းလဲသွားတယ်ဆိုတာကို အမြဲတမ်းလေ့လာနေဖို့လိုပါတယ်။

၇။ ကိုယ့်ကို အဆင်ပြေအောင် အသေးအဖွဲလေးကအစ ဂရုစိုက်ပေးတတ်တာမျိုး၊ ကိုယ်စိတ်အားငယ်ချိန်မှာ အားပေးတတ်တာမျိုး၊ ကိုယ့်ရဲ့အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အမြဲတမ်းကူညီပေးတတ်တာမျိုး အစရှိတဲ့ မိမိချစ်သူရဲ့လုပ်ရပ်လေးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ “ကျေးဇူတင်ပါတယ်” လို့ပြောခြင်းဟာ သူတို့ကို အလေးထားရာရောက်တဲ့အတွက် “နင်က ငါ့ကိုဆို အလေးမထားဘူးနော်” ဆိုတဲ့ စကားမျိုးကို ချစ်သူဆီက ထပ်ကြားရတော့မှာ မဟုတ်ပါဘူး။

၈။ ကိုယ့်ချစ်သူဟာ အတိတ်မှာ ဘာတွေပဲ လုပ်ခဲ့ပါစေ။ ဘယ်လိုလူနဲ့ပဲ အတူတူရှိခဲ့ပါစေ။ ယခုလက်ရှိမှာ ကိုယ့်အနားမှာရှိနေတာမို့ အတိတ်ကို ပြန်တူးဆွပြီး ပြသနာမရှာပါနဲ့။ ကိုယ့်ရဲ့ မကောင်းတဲ့အပြုအမူတွေကို သိပြီးတာတောင်မှ ကိုယ့်အပေါ်သည်းခံပြီး ကိုယ့်အနားမှာရှိနေသေးတဲ့ ချစ်သူကို အမြဲအသိမှတ်ပြုလေးစားသင့်ပါတယ်။

<Unicode Version>

 

 

 

စံုတြဲေတြတိုင္း ႀကံဳေတြ႕တတ္တ့ဲ ျပႆနာအေသးအဖြဲေလးမ်ား။

စံုတြဲေတာ္ေတာ္မ်ားမ်ားဟာ ရန္ျဖစ္တတ္ၾကတာမို႔ တစ္ခါမွ ျပႆနာမွမျဖစ္ဖူးဘူးလို႔ ေျပာတဲ့သူကေတာ့ လိမ္တာပဲျဖစ္မွာပါ။ ရန္ျဖစ္ၿပီးတဲ့ေနာက္ ႏွစ္ဦးသား ျပန္လည္အဆင္ေျပေစဖို႔အတြက္ နည္းလမ္းေတြေတာ့ရွိပါတယ္။

၁။ “နင့္ရဲ႕ရည္းစားေဟာင္းရဲ႕ Facebook က ပံုေတြကို ဘာလို႕ Like ေပးေနေသးတာလဲ” လို႔ စံုတြဲေတြက တစ္ေယာက္ကိုတစ္ေယာက္ ေမးဖူးၾကပါလိမ့္မယ္။ လူေတြဟာ Social Mediaကို အသံုးမ်ားလာၾကတာမို႔ ခ်စ္သူေတြဟာလည္း အခ်င္းခ်င္း အၿမဲတမ္း ေထာက္လွမ္းေနလို႔ရတာေၾကာင့္ ဒီလိုျပႆနာေတြကို ေရွာင္ဖို႔ဆိုရင္ ကိုယ့္ခ်စ္သူနဲ႔ အေပးအယူမွ်ေနဖို႔ လိုပါတယ္။

 

၂။ ကိုယ္က ဖုန္းကိုၾကည့္ေနတဲ့အခ်ိန္မွာ ကိုယ့္ခ်စ္သူဆီက “နင္က ငါ့ထက္ဖုန္းကို ပိုခ်စ္တယ္ေနာ္” ဆိုတဲ့စကားကို ၾကားဖူးၾကမွာပါ။ ကိုယ့္ခ်စ္သူနဲ႕ အတူတူရွိေနတဲ့အခ်ိန္မွာ ဖုန္းကိုတက္ႏိုင္သေလာက္မၾကည့္ပဲ ႏွစ္ေယာက္သား ၾကည္ၾကည္ႏူးႏူး အခ်ိန္ကုန္ဆံုးသင့္ပါတယ္။ အေရးႀကီးကိစၥ တစ္စံုတစ္ရာ ရွိလာရင္လည္း ခ်စ္သူကို နားလည္ေအာင္ ရွင္းျပလိုက္တာဟာ ႏွစ္ဦးသား စိတ္ဆိုးစကားမ်ားၿပီး အဆင္မေျပျဖစ္တာကို တက္ႏိုင္သေလာက္ ေလွ်ာ႕ခ်လိုက္ႏိုင္မွာပါ။

 

၃။ “မင္းအဲ့လိုပြစိပြစိေျပာေနလို႔ ငါ့နားကိုေတာင္ လွီးျဖတ္ပစ္ခ်င္စိတ္ေတြေပါက္လာၿပီ” လို႔လည္း ေျပာဖူးၾကမွာပါ။ တစ္ေယာက္ေယာက္နဲ႔ အတူတူ ေနတာၾကာလာရင္ အဲ့လူရဲ႕အေၾကာင္းေတြ ပိုသိလာရၿပီး စိတ္ရႈပ္လာရတဲ့ အခ်ိန္မ်ိဳးေတြလည္း ႀကံဳဖူးၾကမွာပါ။ ကိုယ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ သူတို႔ရဲ႕လုပ္ရပ္ေတြကိုေတြးၿပီး စိတ္ပ်က္ေနမယ့္အစား ကိုယ့္အေပၚေကာင္းဖူးတာေလးေတြကို ျဖည့္ေတြးေပးလိုက္ပါ။

 

၄။ မိမိရဲ႕ခ်စ္သူက ႏွစ္ပတ္လည္ေန႔လိုမ်ိဳး အမွတ္ရေနရမယ့္ ေန႔ရက္ေတြကို ေမ့ေနရင္ စိတ္ဆိုးၿပီး ေပါက္ကြဲလုိက္တာဟာ အေျခအေနကို ပိုဆိုးသြားေစႏိုင္တာမို႔ နားလည္ေပးၿပီး ေနာက္မေမ့ဖို႔အတြက္ သတိေပးသင့္ပါတယ္။

 

၅။ ရန္ျဖစ္စကားမ်ားတိုင္း လမ္းခြဲဖို႔ ဒါမွမဟုတ္ ကြာရွင္းဖို႔ ေျပာဆိုျခင္းကို ေရွာင္ရွားသင့္ပါတယ္။ စိတ္သေဘာထားကြဲလြဲၿပီး ရန္ျဖစ္တိုင္း လမ္းခြဲစကားမဆိုဘဲ ႏွစ္ေယာက္သားအတူတူ ၾကည္ႏူးေပ်ာ္ရႊင္ခဲ့ရတဲ့ အေၾကာင္းေတြကို ျပန္စဥ္းစားၿပီး ေျပလည္ေအာင္ ျပန္လည္ညႇိႏႈိင္းသင့္ပါတယ္။

 

၆။ ခ်စ္သူေတြဟာ တြဲတာအခ်ိန္ၾကာလာၿပီဆိုတာနဲ႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေကာင္းေကာင္းသိေနၿပီလို႔ ယူဆလာၾကတယ္။ တကယ္တမ္းမွာေတာ့ လူ႔စိတ္သေဘာထားေတြ ၊ အႀကိဳက္ေတြဟာ ေျပာင္းလဲသြားတတ္ၾကပါတယ္။ အဲဒီေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္းေဆြးေႏြးတိုင္ပင္ၿပီး သူဘာေတြေျပာင္းလဲသြားတယ္ဆိုတာကို အၿမဲတမ္းေလ့လာေနဖို႔လိုပါတယ္။

 

၇။ ကိုယ့္ကို အဆင္ေျပေအာင္ အေသးအဖြဲေလးကအစ ဂရုစိုက္ေပးတတ္တာမ်ိဳး၊ ကိုယ္စိတ္အားငယ္ခ်ိန္မွာ အားေပးတတ္တာမ်ိဳး၊ ကိုယ့္ရဲ႕အေရးႀကီးတဲ့ လုပ္ငန္းေဆာင္တာေတြအတြက္ အၿမဲတမ္းကူညီေပးတတ္တာမ်ိဳး အစရွိတ့ဲ မိမိခ်စ္သူရဲ႕လုပ္ရပ္ေလးေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ “ေက်းဇူတင္ပါတယ္” လို႔ေျပာျခင္းဟာ သူတို႔ကို အေလးထားရာေရာက္တဲ့အတြက္ “နင္က ငါ့ကိုဆို အေလးမထားဘူးေနာ္” ဆိုတဲ့ စကားမ်ိဳးကို ခ်စ္သူဆီက ထပ္ၾကားရေတာ့မွာ မဟုတ္ပါဘူး။

 

၈။ ကိုယ့္ခ်စ္သူဟာ အတိတ္မွာ ဘာေတြပဲ လုပ္ခဲ့ပါေစ။ ဘယ္လိုလူနဲ႔ပဲ အတူတူရွိခဲ့ပါေစ။ ယခုလက္ရွိမွာ ကိုယ့္အနားမွာရွိေနတာမို႔ အတိတ္ကို ျပန္တူးဆြၿပီး ျပသနာမရွာပါနဲ႔။ ကိုယ့္ရဲ႕ မေကာင္းတဲ့အျပဳအမူေတြကို သိၿပီးတာေတာင္မွ ကိုယ့္အေပၚသည္းခံၿပီး ကိုယ့္အနားမွာရွိေနေသးတဲ့ခ်စ္သူကို အၿမဲအသိမွတ္ျပဳ ေလးစားသင့္ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

About admin

Check Also

မိန်းမ ၉ ယောက် ပိုင်ဆိုင်ထားတဲ့ ဘရာဇီးမော်ဒယ်။

မိန်းမ ၉ ယောက်ရှိပြီး ကလေးယူဖို့ပါ စီစဉ်နေတဲ့ အမျိုးသားတစ်ဦးဟာ ဘယ်သူနဲ့ ကလေးအရင်ယူမလဲဆိုတာကို ‘Fisrt Come, First Served’ ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကိုလည်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro