HomeEntertainmentမမျှော်လင့်ထားဘဲ စုံတွဲတွေဖြစ်လာကြတဲ့ Celebrity စုံတွဲများ။

မမျှော်လင့်ထားဘဲ စုံတွဲတွေဖြစ်လာကြတဲ့ Celebrity စုံတွဲများ။

- Advertisement -

Tom Cruise က Cher နဲ့ တွဲခဲ့ဖူးသလို Taylor Kinney နဲ့ Lady Gaga တို့လည်း တွဲခုတ်ခဲ့ဖူးကြပါတယ်။ ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ပရိသတ်တွေအနေနဲ့ မျှော်လင့်မထားတဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ တချို့ Celebrity တွေအနေနဲ့ အချစ်မှာ မျက်ရှိမရှိဘူးဆိုတဲ့အတိုင်း သူတို့လည်း အချစ်တစ်ခုတည်းကိုပဲကြည့်ပြီး တွဲခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခုဆက်လက်ပြီးတော့ ပရိသတ်တွေ လုံးဝ မထင်မှတ်ထားတဲ့ အရင်က တွဲခဲ့ဖူးခဲ့တာတွေကော၊ အခုလက်ရှိတွဲနေတဲ့ Celebrity တွေကိုကော Soshwe ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။       Kate Beckinsale & Pete Davidson

- Advertisement -

- Advertisement -

The Underworld ရုပ်ရှင်မင်းသမီးကြီး Kate ဟာ သူမနဲ့ အသက် ၂၀ လောက် ကွာခြားတဲ့ ဟာသသရုပ်ဆောင် Pete နဲ့ ဇန်နဝါရီလမှာ စတင်တွဲခုတ်ခဲ့ကြပါတယ်။ Pete ဟာ Ariana Grande နဲ့ ပြတ်သွားခဲ့တာဟာလည်း လပိုင်းလောက်ပဲ ရှိပါသေးတယ်။ မျက်မြင်တစ်ယောက်ရဲ့ ပြောဆိုချက်အရ Kate နဲ့ Pete ကို InStyle ပါတီပွဲမှာ ပလူးနေကြတာကို တွေ့မြင်ခဲ့ရပြီး Kate က Pete အနားကို စတင် ချဉ်းကပ်ခဲ့ခြင်းဖြစ်ကာ ပါတီပြီးတဲ့အချိန်ထိ Pete ကို စောင့်နေခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလထဲမှာလည်း Kate နဲ့ US Magazine နဲ့ တွေ့ဆုံခဲ့ချိန်ကလည်း သူမအနေနဲ့ သူ့ထက်အသက်အရွယ် ငယ်ရွယ်သူတွေကိုသာ စိတ်ဝင်စားကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

၂။       Channing Tatum & Jessie J

ရုပ်ရှင်မင်းသား Channing နဲ့ ဗြိတိန်အဆိုတော် Jessie တို့ဟာ ၂၀၁၈ ခုနှစ်  အောက်တိုဘာလကတည်းက စတင်တွဲခုတ်ခဲ့တာဖြစ်ပါတယ်။ Channing အနေနဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ ဇနီးဟောင်းဖြစ်တဲ့ Step Up မင်းသမီးကြီး Jenna Dewan နဲ့ ၉ နှစ်ကြာ ပေါင်းသင်းပြီးနောက်ပိုင်း ကွာရှင်းပြတ်စဲကြောင်းကို တရားဝင် ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။

 

၃။       Chris Pratt & Katherine Schwarzenegger

The Guardians of The Galaxy မင်းသားကြီး Chris နဲ့ မင်းသားကြီး Arnold Schwarzenegger ရဲ့ သမီးဖြစ်သူ Blogger မလေး Katherine Schwarzenegger တို့ဟာ ၂၀၁၈ ခုနှစ် ဇွန်လကတည်းက စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ထိုအချိန်ကလည်း မင်းသား Chris က ဇနီးဟောင်းဖြစ်သူ Anna Faris နဲ့ ကွာရှင်းပြတ်စဲထားတာ တစ်နှစ်ပြည့်မြောက်တဲ့ အချိန်အခါပဲဖြစ်ပါတယ်။ Katherine ရဲ့ မိခင်ဖြစ်သူ Maria Shriver မှ သူတို့နှစ်ယောက်တွေ့ဆုံဖို့ကို စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ Katherine ရဲ့ မိသားစုတွေကလည်း Chris ကို သဘောကျကြပါတယ်။

 

၎။       Ariana Grande & Pete Davidson

No Tears Left To Cry အဆိုတော် Ariana Grande ဟာ Pete Davidson နဲ့ ၂၀၁၈ ခုနှစ် မေလမှာ စတင်တွဲခုတ်ခဲ့ကြတယ်ဖြစ်တယ်။ ထိုအချိန်က Ariana ဟာ Mac Miller နဲ့ ပြတ်စဲတာ ရက်သတ္တပတ်အချို့ပဲ ရှိပါသေးတယ်။ တစ်ချို့ခိုင်လုံတဲ့ သတင်းတွေအရ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာ  ပျော်ရွှင်စရာကောင်းပြီး နှစ်ဦးသား စေ့စပ်ပွဲလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အခုချိန်မှာတော့ နှစ်ဦးသဘောတူ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြတာသိပ်မကြာသေးပါဘူး။

 

၅။       Lady Gaga & Taylor Kinney

Lady Gaga ကို သူမရဲ့ ဝတ်ပုံစားပုံတွေနဲ့ စတိတ်ပေါ်မှာ ခပ်ကြမ်းကြမ်း  ဖျော်ဖြေတင်ဆက်မှုတွေကြောင့် တဟုန်ထိုး နာမည်ကျော်ကြားလာတဲ့ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူမကတော့ သူမနဲ့ အမူအကျင့်ချင်း လုံးလုံးကို မသက်ဆိုင်တဲ့ Taylor နဲ့ တွေ့ဆုံခဲ့ပြီး ၆ နှစ်ကြာ တွဲခုတ်ခဲ့ကြပါတယ်။

 

၆။       Tom Cruise & Cher

၁၉၈၀ ခုနှစ်တွေလောက်မှာ Tom နဲ့ Cher တို့ တွေ့ဆုံခဲ့ကြပြီး တွဲခဲ့ကြပါသေးတယ်။ Cher မှ “ Tom ဟာ အလွန်တော်တဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။ နောက်ပြီး ကျွန်မ တွဲခဲ့ဖူးသမျှ ချစ်သူ၊ ရည်းစားတွေထဲမှာ ထိပ်ဆုံးစာရင်းထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ် . . . ” လို့ဆိုပြီး Tom ကို ချီးမွမ်းခန်း ဖွင့်ခဲ့ပါတယ်။

 

၇။       Justin Timberlake & Fergie

Justin ဟာ Jessica Biel နဲ့ အိမ်ထောင်မကျခင်၊ Fergie ကလည်း Josh Duhamel နဲ့ ကလေးမရခင် နှစ်အတော်ကြာလောက်က Justin နဲ့ Fergie နဲ့ တွဲခဲ့ကြပါသေးတယ်။ ထိုစဉ်အချိန်က Justin က အသက် ၁၆ နှစ်သာ ရှိသေးပြီး Fergie ကတော့ ၂၃ နှစ်အရွယ် ဖြစ်ကြပါတယ်။

 

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read