HomeEntertainment၂၀၁၉ အော်စကာဆုပေးပွဲတွင်တွေ့ရမယ့် Jennifer Lopez ၊ Chris Evans နဲ့ အခြားCelebrities များ

၂၀၁၉ အော်စကာဆုပေးပွဲတွင်တွေ့ရမယ့် Jennifer Lopez ၊ Chris Evans နဲ့ အခြားCelebrities များ

- Advertisement -

အကယ်ဒမီဘုတ်အဖွဲ့က ၂၀၁၉ အော်စကာဆုပေးပွဲကို တက်ရောက်လာမယ့် လူသိများကျော်ကြားတဲ့ မင်းသားမင်းသမီးတွေကို တရားဝင်ကြေငြာလိုက်ပါတယ်။ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့သတင်းမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jennifer Lopez ၊ Awkwafina ၊ Daniel Craig ၊ Chris Evans ၊ Tina Fey ၊ Whoopi Goldberg ၊ Brie Larson ၊ Amy Poehler ၊ Maya Rudolph ၊ Amandla Stenberg ၊ Charlize Theron ၊ Tessa Thompson နဲ့ Constance Wu တို့ဟာ ၂၀၁၉ အော်စကာဆုပေးပွဲ အခမ်းအနားကိုတက်ရောက်လာမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ နောက်ထပ် တက်ရောက်မယ့် မင်းသားမင်းသမီး များကိုလည်း တစ်ပတ်အတွင်းမှာ ကြေငြာသွားမယ်လို့ဆိုပါတယ်။

အော်စကာဆုပေးပွဲပထမပိုင်းကို တက်ရောက်ဖို့ ပျက်ကွက်သူတွေကတော့ မနှစ်က သရုပ်ဆောင်ဆုရှင် Gary Oldman, Frances McDormand, Alison Janney နဲ့ Sam Rockwell တို့ပဲဖြစ်ပါတယ်။ ထုံးစံမရဆိုရင်တော့ ယခင်နှစ်ဆုရရှိသူတွေဟာ တခြားဆုရမယ့်သူတွေကို ဂုဏ်ပြုဖို့အတွက် နောက်တစ်နှစ်မှာ အော်စကာဆုပေးပွဲကို တက်ရောက်ကြတာပဲဖြစ်ပါတယ်။

အကယ်ဒမီအဖွဲ့ကလည်း Gustavo Dudamel နဲ့ L.A. Philharmonic တို့က သေဆုံးသွားတဲ့ နာမည်ကြီး အနုပညာသည်တွေနဲ့ လူတွေကို လွမ်းဆွတ်တမ်းတဲ့အနေနဲ့ ဖျော်ဖြေမှာဖြစ်ပြီး အကောင်းဆုံးတေးသီချင်း ဆန်ကာတင်စာရင်းဝင် သီချင်းငါးပုဒ်လုံးကိုလည်း အဆိုတော် အသီးသီးက သီဆိုဖျော်ဖြေမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

- Advertisement -

ဒါပေမဲ့ အကယ်ဒမီအဖွဲ့က အစတုန်းက Lady Gaga ၊ Bradley Cooper ၊ Gillian Welch ၊ David Rawlings နဲ့ Jennifer Hudson တို့က သူတို့ရဲ့ သီချင်းတွေကိုသီဆိုဖျော်ဖြေမယ်လို့လည်း ကြေငြာခဲ့ဖူးပါတယ်။ ၉၁ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၄ရက်နေ့ ည ၈နာရီမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 5 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...