Breaking News
UNKNOWN, Liam Neeson, 2011. ph: Jay Maidment/©Warner Bros./Courtesy Everett Collection

ပြဿနာတစ်ခုနဲ့ပတ်သက်ပြီး Liam Neeson ဟာ လူမျိုးရေးခွဲခြားသလို ဖြစ်သွားတဲ့အတွက် ပရိသတ်တွေ အုတ်အုတ်ကျက်ကျက်ဖြစ်လာ။

Liam Neeson ဟာ သူပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကား “Cold Pursuit” ကို ကြော်ငြာတဲ့အစီအစဉ်မှာ မျှော်လင့်မထားတဲ့ ထိတ်လန့်စရာအဖြစ်အပျက်အတွေ့အကြုံတစ်ခုကို ပြောပြခဲ့ပါတယ်။ The Independent သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Liam က သူရဲ့မိတ်ဆွေအမျိုးသမီးတစ်ဦးဟာ လူမဲတစ်ယောက်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သူဟာတစ်ယောက်ထဲ လမ်းလျှောက်ထွက်ပြီဆိုရင် သူ့ကိုလူမဲတစ်ယောက်က လာရောက်တိုက်ခိုက်ခဲ့သည်ရှိသော် ပြန်လည်တိုက်ခိုက်ဖို့အတွက် လက်နက်သေးသေးလေးတစ်ခုကို အမြဲဆောင်သွားလေ့ရှိတယ်လို့ ဝန်ခံလိုက်ပါတယ်။

“သူမဟာ ဒီလို အဓမ္မပြုကျင့်ခံရတာကို သေချာကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ သူမရင်ဖွင့်ပြောပြတဲ့အချိန်မှာတော့ အဲ့ဒီလူကိုသိလား၊ သူရဲ့အသားရောင်ကိုရောမှတ်မိလားလို့ မေးခဲ့ပါတယ်။ သူမက အဲ့ဒီလူဟာ လူမဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောပြရမှာတော့ ရှက်တယ်။ အဲ့ပြဿနာကိုကြားပြီးတော့ ကျွန်တော် လမ်းလျှောက်ထွက်ပြီဆိုရင် လူမဲတစ်ယောက်က ကျွန်တော့်ကို လာရောက်တိုက်ခိုက်ခဲ့ရင် ပြန်တိုက်ခိုက်ဖို့အတွက် လက်နက်သေးသေးလေးတစ်ခုကို တစ်ပတ်လောက်အထိ ဆောင်သွားလေ့ရှိတယ်” ဆိုပြီး Neeson ကပြောပြခဲ့ပါတယ်။

“ကျွန်တော် အဲ့လိုမျိုး တစ်ပတ်ကျော်ကျော်လောက် လုပ်ပြီးတဲ့အခါမှာတော့ ငါဘာတွေလုပ်နေမိတာပါလိမ့် ဆိုတဲ့ အသိဝင်လာတယ်။ ကျွန်တော် အဲ့အကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း စိတ်တွေတောင်ခြောက်ခြားတယ်ဗျာ။ ကျွန်တော် ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောပြဖူးပါဘူး။ ဒီလို သတင်းထောက်တစ်ယောက်ကို ပြောပြရတာဟာလည်း ကျွန်တော့်လုပ်ရပ်ကနေ ကျွန်တော်သင်ခန်းစာပြန်ရလိုက်လို့ပါ” လို့ Neeson က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro