Breaking News

“Hobbs and Shaw” ဇာတ်ကားထဲမှာ အတူတူတွေ့ရမယ့် Dwayne Johnson နဲ့ Jason Statham

“Fast and Furious 7” ဇာတ်ကားထဲမှာ အတူတူသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားနှစ်ယောက်ကို “Hobbs and Shaw” ဇာတ်ကားထဲမှာ အတူတူပြန်မြင်ရမှာပဲဖြစ်ပါတယ်။ “Fast and Furious” ဇာတ်ကား အပိုင်း ၈ ပိုင်း ထွက်ပြီးတဲ့အချိန်မှာ အရင်ဇာတ်ကားတွေထဲကနေ ကွဲထွက်နေတဲ့ နောက်ထပ်ဇာတ်ကားတစ်ကားကို ထုတ်လုပ်လိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် သံတမန်ရေးရာ လုံခြုံရေးဝန်ထမ်းဟောင်း Luke Hobbs အဖြစ်သရုပ်ဆောင်ထားတဲ့ Dwayne Johnson နဲ့ ကြေးစားစစ်သားဟောင်း Deckard Shaw အဖြစ်သရုပ်ဆောင်ထားတဲ့ Jason Statham တို့ဟာ ဇာတ်ကားအစမှာထဲက လက်သီးချင်းယှဉ်ထိုးတာကနေ စခဲ့တာပဲဖြစ်ပါတယ်။

“Hobbs and Shaw” ဇာတ်ကားထဲက တစ်ယောက်နဲ့တစ်ယောက်မတည့်ကြတဲ့ Hobbs နဲ့ Shaw နှစ်ယောက်ဟာ ရန်သူလက်ထဲကနေ Shaw ရဲ့ညီမလေး Hattie ကို ကယ်ဖို့နဲ့ ရန်သူကို နှိမ်နှင်းဖို့အတွက် တစ်ဖွဲ့တည်း ပူးပေါင်းလိုက်ကြရတာပဲဖြစ်ပါတယ်။ “Shaw နဲ့ Hobbs ဟာ ဘယ်နေရာမှမတူဘဲ တစ်ဖွဲ့တည်း အလုပ် အတူတူလုပ်နေတာကို ကြည့်ရတာဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ Shawရဲ့မွေးရပ်မြေက လန်ဒန်ဖြစ်ပြီး Hobbsရဲ့ မွေးရပ်မြေကတော့ Samoa ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အကြိုက်တွေ စကားပြောပုံဆိုပုံတွေ သူတို့ရဲ့အတွေးအမြင်သဘောထားတွေဟာလည်း တော်တော်လေးကို ခြားနားနေပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးမှာ ဖြစ်လာတဲ့ပြသနာတွေကို အတူတူဖြေရှင်းပြီး ကမ္ဘာကြီးကိုကယ်တင်ရမယ်ဆိုတဲ့ စိတ်ဆန္ဒရှိနေတာတော့ အမှန်ပဲ” လို့ Johnson က EW ကိုပြောကြားခဲ့ပါတယ်။ “Hobbs and Shaw” ဇာတ်ကားကို ဒါရိုက်တာ David Leitch က ရိုက်ကူးထားတာဖြစ်ပြီး ရုပ်ရှင်ရုံတွေမှာ ဂျူလိုင်လအကုန်လောက်ကနေ စတင် ရုံတင်ပြသမှာဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro