HomeEntertainmentသူမဘဝရဲ့ နေထိုင်မှုပုံစံအကြောင်းကို သူမရဲ့စာအုပ်အသစ်မှာ ဖော်ပြမယ်လို့ဆိုလာတဲ့ Jenna Dewan

သူမဘဝရဲ့ နေထိုင်မှုပုံစံအကြောင်းကို သူမရဲ့စာအုပ်အသစ်မှာ ဖော်ပြမယ်လို့ဆိုလာတဲ့ Jenna Dewan

- Advertisement -

Jenna မှ သူမရဲ့ အနုပညာလမ်းကြောင်းအသစ်ဖြစ်တဲ့ စာရေးသားတဲ့အလုပ်ကို ဆက်လက်လုပ်ဆောင်နေပါတယ်။ တစ်ချိန်က Step Up ရုပ်ရှင်နဲ့ နာမည်ကြီးလာသူ၊ Dancer ၊ ရုပ်ရှင်မင်းသမီးလည်းဖြစ်သလို မင်းသား Channing Taum ရဲ့ ဇနီးဟောင်းလည်းဖြစ်တဲ့ Jenna ဟာ သူမဘဝရဲ့ နေထိုင်မှုပုံစံအကြောင်းကို ရေးသားဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

ဟောလိဝုဒ်မှ သတင်းထောက်တစ်ယောက်ရဲ့ ပြောပြချက်အရ စာအုပ်ဟာ အောက်တိုဘာလမှာ ထွက်ရှိမှာဖြစ်ပြီး စာအုပ်အမည်ကို “ Gracefully You ” လို့ ပေးထားကြောင်းသိရှိရပါတယ်။ စာအုပ်ထဲမှာ သင့်ရဲ့ နေ့စဉ်ဘဝကို အကောင်းဆုံးပုံစံဖြစ်အောင် ဘယ်လိုပြုမူနေထိုင်မလဲဆိုတာတွေနဲ့ သူမရဲ့ ဘဝဖြတ်သန်းလာပုံအကြောင်းကို ပြည့်ပြည့်စုံစုံရေးသားဖော်ပြသွားမယ်လို့ သိရှိရပါတယ်။ ထို့အပြင် Jenna မှ သူမရဲ့ ဖက်ရှင်၊ နေအိမ်နဲ့ ဘဝမှာ ပျော်ရွှင်ဖို့ ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အကြောင်းအရာတွေ၊ စိတ်ခံစားချက်တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေနဲ့ အမေတစ်ယောက်ရဲ့ တာဝန်တွေ အစရှိစဖြင့် ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြသွားမယ်လို့ သိရှိရပါတယ်။

- Advertisement -

သူမစာအုပ်အဖုံး ကာဗာကိုလည်း ပရိသတ်တွေအတွက် Instagram မှာ တရားဝင်ဖော်ပြခဲ့ပါတယ်။

- Advertisement -

https://www.instagram.com/p/BtgfgxjBQzo/?utm_source=ig_embed

- Advertisement -

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read