Breaking News
(from left) Samuel L. Jackson as Elijah Price/Mr. Glass and James McAvoy as Kevin Wendell Crumb/The Horde in "Glass," written and directed by M. Night Shyamalan.

ပြိုင်ဘက်တွေကို ကျော်တက်ကာ ရုံတင်ပြီးသုံးပတ်မြောက်အထိ ရုပ်ရှင်လက်မှတ်ရောင်းဌာနတွေရဲ့ ထိပ်ဆုံးရောက်နေတဲ့ Glass

Glass ဇာတ်ကားဟာ ပြိုင်ဘက်ရုပ်ရှင်တွေကိုကျော်ပြီးတော့ ရုပ်ရှင်လက်မှတ်ရောင်းတဲ့ ဌာနတွေမှာ ထိပ်ဆုံးနေရာမှာရောက်ရှိနေပါတယ်။ ဒါရိုက်တာ M.Night Shyamalanရဲ့လက်ရာဖြစ်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား”Glass”ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါတွင် သောကြာနေ့ကနေ တနင်္ဂနွေနေ့ထိ ရုပ်ရှင်ရုံ၃၆၆၅မှာ ပြသပြီးနောက်  ၉.၅သန်းရရှိထားပါတယ်။ ဒါ့အပြင် မြောက်အမေရိကမှာ ရုပ်ရှင်ပြသပြီးရရှိတဲ့ အကျိုးအမြတ်တွေပေါင်းလိုက်ရင် ၈၈.၇ သန်းရရှိထားပြီးဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို ပြသရာကနေ ရရှိလာတဲ့ ငွေပမာဏကို ပေါင်းလိုက်ရင်တော့ ၁၉၉သန်းရရှိနေပြီးဖြစ်ပါတယ်။ STX ရုပ်ရှင်ရိုက်ကူးရေးရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ “The Upside” ကလည်း လေးပတ်မြောက်အတွင်းမှာ ရုပ်ရှင်ရုံပေါင်း ၃၅၆၈ခုမှာ ပြသပြီးနောက် ၈.၆သန်း ရရှိထားပါတယ်။ “Miss Bala” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက ရုပ်ရှင်ရုံပေါင်း ၂၂၀၃ခုမှာ ပြသပြီးနောက် ၆.၇သန်း အကျိုးမြတ်နဲ့ တတိယနေရာတွင် ရောက်ရှိနေပါတယ်။ ရုပ်ရှင်ဇာတ်ကား တော်တော်များများဟာ ပိတ်ရက်တွေမှာ ပြသရင် ၁၀သန်းထက်ပိုပြီးအမြတ်မရတာ ရှားပါတယ်။ အမေရိကန်ပြည်ထောင်စုကြီးရဲ့ မူမမှန်တဲ့ရာသီဥတုဟာလည်း လူတွေအပြင်ထွက်ပြီး ရုပ်ရှင်ကြည့်တာ သိသိသာသာလျော့ကျသွားခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

“Split” ဇာတ်ကားထဲက တိရိစ္ဆာန်ဥယျာဉ်က ဝန်ထမ်းဟောင်းတစ်ဖြစ်လဲ လူတစ်ကိုယ်ထဲမှာပဲ စရိုက်များစွာရှိနေသူအဖြစ် သရုပ်ဆောင်ထားတဲ့ James McAvoy၊  “Unbreakable”ဇာတ်ကားထဲက လုံခြုံရေးဝန်ထမ်းတစ်ဖြစ်လဲ ထူးခြားတဲ့စွမ်းအားရှင်အဖြစ်သရုပ်ဆောင်ထားတဲ့ Bruce Willis နဲ့ ဆဠမအာရုံကိုပိုင်ဆိုင်ထားတဲ့ လူသတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာပြိုင်ဘက်ကင်းသူအဖြစ် သရုပ်ဆောင်ထားတဲ့ Samuel L. Jacksonတို့ကို “Glass” ရုပ်ရှင်ဇာတ်ကားထဲတွင် အဓိက သရုပ်ဆောင်တွေအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့သုံးယောက်ထဲက တစ်ယောက်ကတော့ တိရစ္ဆာန်စိတ်ဝင်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ ဝေဖန်သူတွေကလည်း “Glass” ရုပ်ရှင်ဇာတ်ကားကို ဟက်ဟက်ပက်ပက်မဝေဖန်ကြသလို ပရိသတ်တွေကလည်း သာမန်ရုပ်ရှင်ဇာတ်ကားအဖြစ် သတ်မှတ်ထားကြပါတယ်။

အသစ်ထွက်ရှိထားတဲ့ “Miss Bala” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတုန်း စတူဒီယိုပြင်ဆင်ရာမှာ ၅သန်းလောက်ကုန်ကျခဲ့ပြီး အားလုံးပေါင်းလိုက်ရင် ၆.၇သန်းနီပါး ကုန်ကျထားတာဖြစ်ပါတယ်။ ခန့်မှန်းခြေအရ ကုန်ကျစရိတ် ၁၅သန်းလောက် ကုန်ကျထားပေမဲ့လည်း အကျိုးအမြတ်ပြန်ရဖို့အတွက် အလားအလာရှိပါတယ်။ ဒီဇာတ်ကားထဲကအကြောင်းအရာကတော့ သူမရဲ့သူငယ်ချင်းကိုသတ်သွားတဲ့ မူးယစ်ဆေးဂိုဏ်းဝင်တွေကို လိုက်ရှာနေတဲ့ ကောင်မလေးအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ခေါင်းဆောင်မင်းသမီး Gina Rodriguez ဟာ သူမအရင်ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်ကားထဲက ဇာတ်ရုပ်နဲ့ အများကြီးကွာခြားသွားတဲ့အပေါ်လူတွေက ဝေဖန်ပြောဆိုလာကြတယ်။ “Aquaman” ဇာတ်ကားဟာလည်း ရုံတင်ပြသပြီး ၇ပတ်မြောက်မှာ ၁.၁ ဘီလီယံ ရရှိခဲ့ပြီး Spider Man ဇာတ်ကားဟာလည်း ၈ပတ်တိတိရုံတင်ပြသပြီးတဲ့အခါမှာတော့ ၄.၄ သန်း အမြတ်ရရှိခဲ့ပါတယ်။

ခုရက်ပိုင်းတွေအတွင်းမှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံး ထိပ်တန်းရုပ်ရှင်၁၀ကားလုံးဟာ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသပြီးတာနဲ့ အကျိုးအမြတ်အသီးသီးရတဲ့အပြင် ပရိသတ်အားပေးမှုကိုပါ တစ်ရှိန်ထိုးရရှိခဲ့တာပဲဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro