Breaking News

Game of Thrones ရုပ်ရှင်ဇာတ်လမ်းတွဲအသစ် စတင်ရိုက်ကူးမယ့်နေ့ ထွက်ရှိလာ။

HBO ကုမ္ပဏီ ဥက္ကဌ Casey Bloys က ခေါင်းစဉ်တောင်သေချာမပေးရသေးတဲ့ Game of Thrones ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်လမ်းထုတ်လုပ်မှုကို ဒီနှစ်နွေအစပိုင်းလောက်မှာ စတင်ထုတ်လုပ်မယ်ဆိုပြီိး EW သတင်းဌာနကို တနင်္လာနေ့မှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကောလဟာလတွေ ထွက်နေတာတော့ ၁နှစ်လောက်ရှိနေပါပြီ။ ဒီဇာတ်လမ်းကို လွန်ခဲ့တဲ့အောက်တိုဘာလထဲက စတင်ရိုက်ကူးနေပြီလို့ သတင်းတွေထွက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလမှာ စတင်ရိုက်ကူးမှာဖြစ်တယ်လို့လည်း နောက်ထပ်ကောလဟာလတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ HBO ကုမ္ပဏီကတော့ ဘာသတင်းမှ အတိအကျမပေးခဲ့ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ Bloys ကသတင်းထောက်တွေကို ဇာတ်လမ်းအဆက်က၂၀၁၉ နှစ် အလယ်ပိုင်းလောက်မှာ ထွက်ရှိနိုင်လောက်မယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါရိုက်တာ SJ Clarkson ကလည်း လွန်ခဲ့တဲ့လက Naomi Watts၊  Naomi Ackie နဲ့ Denis Goughတို့က ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်မယ့် အကြောင်းကို ကြေငြာခဲ့ပါတယ်။ Bloysက ထပ်ပြီးတော့ Game of Thrones ဇာတ်လမ်းတွဲရိုက်ကူးပြီး တစ်နှစ်ကြာပြီးတာတောင်မှ နောက်ဆက်တွဲဇာတ်လမ်းကို မထုတ်လွှင့်သေးပဲ ၂၀၂၀ ဒါမှမဟုတ် ၂၀၂၁ ခုနှစ်လောက်မှ လွှင့်ဖြစ်မယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပေးရတဲ့အပိုင်းကို တာဝန်ယူထားတဲ့ Jane Goldman က စာရေးဆရာ George R.R.Martin နဲ့ အတူဖန်တီးထားတဲ့ အပိုဇာတ်ညွှန်းတွေကိုထည့်ပြီးတဲ့နောက် နောက်ထပ်ဇာတ်လမ်းအပိုင်းအစတွေကို ဝဘ်ဆိုဒ်ပေါ်မှာတင်ပေးဖို့အတွက် ပရိသတ်တွေက တောင်းဆိုလာကြပါတယ်။ ရိုက်ကူးပြီးသမျှကို ထုတ်လွှင့်ပေးမယ်လို့ အတိအကျမပြောသေးပေမယ့် Northen Ireland က Belfast မှာရိုက်ကူးထားတာကြောင့် တကယ်ကို အကျိုးအမြတ်ရနိုင်ပါတယ်။

Game of Thrones ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်လမ်းအကြောင်းကို ပရိသတ်တော်တော်များများက မသိသေးပေမယ့် လူတွေက Game of Thrones ဇာတ်ကားဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာထဲက  ပေါ်ထွက်ခဲ့တဲ့ သူရဲကောင်းတွေဟာ အစွမ်းအစတွေနဲ့ ကမ္ဘာကြီးကိုကယ်တင်ခဲ့တဲ့ အကြောင်းတွေကို ရိုက်ကူးထားတယ်လို့ သိထားကြပါတယ်။ Westeros ရဲ့သမိုင်းမှာရှိခဲ့တဲ့ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တွေနဲ့ White Walkers တွေရဲ့ ဇာစ်မြစ်တို့ဟာ ပရိသတ်တွေသိထားတာထက်ကို ပိုပြီးလျှို့ဝှက်ဆန်းကြယ်ပါတယ်။ ယခုထွက်ရှိလာမယ့် ဇာတ်လမ်းရဲ့ခေါင်းစဉ်ကို “The Long Night” လို့အမည်ပေးထားတယ် ဆိုပြီးတော့လည်း ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Martin က”ယခုထွက်ရှိလာမယ့် နောက်ဆက်တွဲဇာတ်လမ်းတွေဟာ ဧပြီလမှာ ပြသဖို့လုပ်ထားတဲ့ ယခင်ထွက်ရှိထားတဲ့ ဇာတ်လမ်းနဲ့ နည်းနည်းတော့ကွာခြားနေမှာပါ။ Westeros ဆိုတာ တကယ်ကို ထူးခြားမှုတွေနဲ့ ပြည့်နေတဲ့နေရာပါ။ အဲ့နေရာမှာ ဘုရင့်မြေတွေ၊ ထီးနန်းတွေ၊ တာဂါရန်လူမျိုးတွေလည်းမရှိဘူး။ ဒါကြောင့်လည်း Valyria က သူ့ရဲ့နဂါးတွေကို ပျိုးထောင်ဖို့နဲ့ ကြီးမားတဲ့အင်ပါယာကို ထူထောင်ဖို့အတွက်လည်း အခက်အခဲတွေရင်ဆိုင်နေရတာဖြစ်တယ်။ ကျွန်တော်တို့ဟာ ယခုခေတ်နဲ့ အင်မတန်ကိုမှ ခြားနားကွဲပြားပြီး အိုဟောင်းတဲ့ ကမ္ဘာအကြောင်းကို ရိုက်ကူးနေတာဖြစ်တဲ့အတွက် ဒါတွေဟာ ဒီဇာတ်လမ်းမှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ကဏ္ဍတွေဖြစ်လာမှာပါ” လို့ EW သတင်းဌာနကိုပြောပြခဲ့ပါတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForyourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro