နာမည်ကြီးတွေဖြစ်တဲ့ Lady Gaga, Bradley Cooper, Amy Adams နဲ့ Spike Leeတို့ဟာ နှစ်စဉ် Oscar ဆုပေးပွဲ ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့တဲ့သူတွေအတွက် ကျင်းပတဲ့နေ့လည်စာမိတ်ဆုံစားပွဲကို တက်ရောက်ခဲ့ပါတယ်။ Oscar ဆုပေးပွဲတွင် ဆန်ကာတင်စာရင်းဝင် ရုပ်ရှင်တီထွင်ရိုက်ကူးသူနှင့် သရုပ်ဆောင်အဆိုတော် မင်းသားမင်းသမီး အယောက်၂၀၀ကျော်က နေ့လည်စာစားပွဲမှာ အလုပ်တွေကို ခဏမေ့ပြီး ပျော်ရွှင်ကြည်နူးစွာ စားသောက်ပွဲကို ကျင်းပနေကြတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Cooper ကို Marvel ရုပ်ရှင်ထုတ်လုပ်ရေးဥက္ကဌ Kevin Feige နဲ့အတူ၊ BlacKkKlansmanအဖွဲ့ကို Spider Man ရုပ်ရှင်ဇာတ်ကားရိုက်ကူးသူ Chris Miller ၊ Phil Lord တို့နဲ့အတူ စကားစမြည်ပြောဆိုနေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ Bohemian Rhapsody ဇာတ်ကားထဲက မင်းသားRami Malek ကို လုပ်ဖော်ကိုင်ဖက်တော်တော်များများက ချီးကျူးဂုဏ်ပြုကြပြီး သူ့ကို Oscarဆန်ကာတင်စာရင်းဝင် Capernaum ရုပ်ရှင်ဇာတ်ကားရိုက်ကူးသူ Nadine Labakiနဲ့ စကားစမြည် ပြောနေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ လူအုပ်ကြီးက ဂါဝန်အဖြူလေးနဲ့လှနေတဲ့Lady Gaga ဆီသို့သွားရောက် ချီးကျူးစကားပြောခဲ့ကြတာကိုလည်း တွေ့မြင်ရပါသေးတယ်။ Academy of Motion Pictures Arts and Sciences ရဲ့ ဥက္ကဌ John Bailey ကလည်း Oscar ဆုပေးပွဲ ဆန်ကာတင်စာရင်းဝင် အမျိုးသမီးတွေအတွက်ကို ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ပါသေးတယ်။ “ကျားမတန်းတူညီတူအခွင့်အရေးရဖို့ဆိုတာ ဒီရုပ်ရှင်လောကထဲက လူတွေနဲ့ပဲဆိုင်တာပါ။ အကယ်ဒမီဆုပေးပွဲနဲ့တော့ ဘာမှကိုမဆိုင်ပါဘူး။ ကင်မရာရဲ့အရှေ့မှာပဲဖြစ်ဖြစ်၊ အနောက်မှာပဲဖြစ်ဖြစ် အနုပညာသမားတွေရဲ့သရုပ်ဆောင်ပုံတွေ၊ မတူကွဲပြားတဲ့လူမျိုးရေးတွေ၊ ကျားမတန်းတူအခွင့်အရေးရမှုတွေဆိုတာ ရေပန်းစားတဲ့စကားလုံးတွေမဟုတ်ဘူး။ အကယ်ဒမီအဖွဲ့အစည်းက ၂၀၂၀ ခုနှစ်မှာ ဖြည့်ဆည်းလုပ်ဆောင်သွားမယ့် အဓိကအကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဗဟိုအဖွဲ့အစည်း ၁၇ ခုလုံးက ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တာတွေကိုပဲ အဓိကထား အားရုံစိုက်အရေးပေးဖို့ ကြိုးစားနေကြတာပါ” လို့ မိတ်ဆုံစားပွဲတက်ရောက်သူတွေကို ပြောကြားခဲ့ပါတယ်။
Here’s the #Oscars Class of 2018 nominees! Not sure if you can hear it but they were playing Shallow in the background so I kept going back to Bradley and Gaga. #OscarsLunch pic.twitter.com/2heg0A4ASY
— Piya Sinha-Roy (@PiyaSRoy) February 5, 2019
အကယ်ဒမီအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနှစ် Oscar ဆုပေးပွဲနဲ့ပတ်သက်ပြီး ဘာအခမ်းအနားမှ ကျင်းပဖို့မရှိဘူးလို့ပြောခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ Kevin Hart က အစီအစဉ်တင်ဆက်သူအဖြစ်ကနေ နှုတ်ထွက်လိုက်လို့ ဖြစ်နိုင်တယ်ဆိုပြီး လူတွေက ထင်ကြေးတွေပေးလာကြပါတယ်။ Oscar ဆုပေးပွဲ အခမ်းအနားကို ကျင်းပဖို့ရာ အချိန်၃နာရီပဲရတဲ့အတွက် အခမ်းအနားကိုတာဝန်ယူကျင်းပသူ Glenn Weiss နဲ့ Donna Gigliotti တို့က ဆန်ကာတင်စာရင်းဝင်သူတွေကို သူတို့ဆုရခဲ့သည်ရှိသော် စင်ပေါ်တက်ပြီး ဆုကိုလက်ခံရယူပြီးနောက် ကျေးဇူးတင်စကားဆိုရန်အတွက် အချိန်စက္ကန့် ၉၀ ရှိကြောင်းကို နေ့လည်စာမိတ်ဆုံစားပွဲမှာ ပြောပြခဲ့ပါတယ်။ အကယ်ဒမီအဖွဲ့အစည်းက တနလာင်္နေ့မှာကျင်းပတဲ့ Oscar ဆုပေးပွဲရဲ့ပထမပိုင်းကိုတော့ Daniel Craig၊ Jennifer Lopez၊ Tina Fey၊ Whoopi Goldberg၊ နဲ့ Tessa Thompson တို့က အစီစဉ်တင်ဆက်သူတွေအဖြစ် ဆောင်ရွက်သွားမှာကို ထပ်လောင်းပြောပြထားပါသေးတယ်။ Laura Dern ကလည်း ဆန်ကာတင်စာရင်းဝင်သူတွေရဲ့နာမည်တွေကို ကြေငြာပေးပြီးနောက် “တစစီဖြစ်နေတဲ့ဆူပူအုံကြွမှုတွေကြားထဲကနေ ကျင်းပဖြစ်တဲ့ ဒီအခမ်းအနားမှာ ကျွန်မတို့ဟာ လူ့အသိုင်းအဝိုင်းကြီးကို တစ်စုတစ်စည်းတည်းဖြစ်စေဖို့အတွက် အိမ်မက်ပေါင်းများစွာ အတွေ့အကြုံပေါင်းများစွာရှိပြီး ထုတ်ဖော်ပြောပြဖို့ရာ အခွင့်မသာတဲ့လူတွေကိုယ်စား ထုတ်ဖော်ပြောပြနိုင်သူတွေက မျှဝေပေးတာဟာ တကယ်ကိုကြည်နူးစရာကောင်းပါတယ် . . .” လို့ ပြောကြားခဲ့ပါတယ်။
#SY(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share