အသက် ၂၀ နှစ်အရွယ်ရှိ ပေါ့အဆိုတော်မလေး Billie ဟာ ဂုဏ်သတင်းကျော်ကြားမှုကို မုန်းတီးတဲ့အကြောင်းနဲ့ Justin Bieber နဲ့ မတွေ့ချင်ရတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုလာပါတယ်။ Los Angeles သူလေး Billie ကို ကမ္ဘာ့အလုပ်အရှုပ်ဆုံး ကောင်မလေးလို့ တင်စားခေါ်ဝေါ်ကြသလို သူမဟာ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို သီကုံးရေးသားပြီး ထူးခြားစွဲမက်ဖွယ်ကောင်းတဲ့ အသံပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Ocean Eyes ဆိုတဲ့သီချင်းနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာပြီး Instagram မှာလည်း Follower ၉၉သန်းကျော်ရှိတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ပဲ ဖြစ်ပါတယ်။
“ ကျွန်မအနေနဲ့ အနုပညာရှင်အမြောက်အမြားရဲ့ ပရိသတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နဲ့ တွေ့ဆုံနိုင်တဲ့ အခွင့်အရေးမျိုး လုံးဝမရှိခဲ့ပါဘူး . . . ” လို့ Billie မှ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူမအနေနဲ့လည်း Justin Bieber ကို ချစ်မြတ်နိုးခဲ့တဲ့အကြောင်းကို “ ကျွန်မအရင်တုန်းက JB ကို ချစ်ကြိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် ပရိသတ်တစ်ယောက်လိုတော့ မဟုတ်ပါဘူး . . .” လို့ ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ ကမ္ဘာကျော် ပေါ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ JB ကို အသက် ၁၂ အရွယ် ကလေးဘဝက တစ်ဖက်သက် ချစ်ကြိုက်ခဲ့ဖူးတယ်ဆိုတာကို ဝန်ခံခဲ့ပြီး JB အနေနဲ့ သူမ မည်သူမည်ဝါဖြစ်တယ်ဆိုတာပင် သိရှိမှာမဟုတ်တဲ့အကြောင်းနဲ့ အခုချိန်မှာတော့ JB ကို ဘယ်တော့မှ မတွေ့ချင်တော့ဘူးလို့ ဆိုလာပါတယ်။
ဆက်လက်ပြီးသူမကပဲ “ ဂုဏ်သတင်း ကျော်ကြားမှုဆိုတာ အလွန်ပဲ ကြောက်ဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ ဂုဏ်သတင်းကြောင့် ကျွန်မဟာ Show ပွဲတွေ သီဆိုလို့ရခဲ့ပြီး လူအများကြီးနဲ့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဂုဏ်သတင်းကပဲ ကျော်ကြားမှုတွေကို ပြောင်းလဲပစ်နိုင်ပြီး ကြောက်စရာကိစ္စရပ်တွေအဖြစ် ပြောင်းလဲနိုင်လို့ပါပဲ . . . ” ဆိုပြီး ပြောပြခဲ့ပါတယ်။
<Unicode Version>
Justin Bieber နဲ႕ ဘယ္ေတာ့မွ မေတြ႕ခ်င္ေတာ့ဘူးဟုဆိုလာသူ Pop အဆိုေတာ္မေလး Billie Eilish
အသက္ ၂၀ ႏွစ္အရြယ္ရွိ ေပါ့အဆိုေတာ္မေလး Billie ဟာ ဂုဏ္သတင္းေက်ာ္ၾကားမႈကို မုန္းတီးတ့ဲအေၾကာင္းနဲ႕ Justin Bieber နဲ႕ မေတြ႕ခ်င္ရတ့ဲအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုလာပါတယ္။ Los Angeles သူေလး Billie ကို ကမာၻ႕အလုပ္အရႈပ္ဆုံး ေကာင္မေလးလို႕ တင္စားေခၚေဝၚၾကသလို သူမဟာ ခံစားခ်က္အျပည့္နဲ႕ သီခ်င္းေတြကို သီကုံးေရးသားၿပီး ထူးျခားစြဲမက္ဖြယ္ေကာင္းတ့ဲ အသံပိုင္ရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က ထြက္ရွိခ့ဲတ့ဲ Ocean Eyes ဆိုတ့ဲသီခ်င္းနဲ႕ ဂီတေလာကထဲကို စတင္ဝင္ေရာက္လာၿပီး Instagram မွာလည္း Follower ၉၉သန္းေက်ာ္ရွိတ့ဲ ပရိသတ္အခုိင္အမာရရွိထားတ့ဲ အႏုပညာရွင္ပဲ ျဖစ္ပါတယ္။
“ ကၽြန္မအေနနဲ႕ အႏုပညာရွင္အေျမာက္အျမားရဲ႕ ပရိသတ္ျဖစ္ခ့ဲပါတယ္။ ဒါေပမယ့္လည္း သူတို႕နဲ႕ ေတြ႕ဆုံႏိုင္တ့ဲ အခြင့္အေရးမ်ိဳး လုံးဝမရွိခ့ဲပါဘူး . . . ” လို႕ Billie မွ ေျပာၾကားခ့ဲပါတယ္။ ေနာက္ၿပီး သူမအေနနဲ႕လည္း Justin Bieber ကို ခ်စ္ျမတ္ႏိုးခ့ဲတ့ဲအေၾကာင္းကို “ ကၽြန္မအရင္တုန္းက JB ကို ခ်စ္ႀကိဳက္ခ့ဲဖူးတယ္။ ဒါေပမယ့္ ပရိသတ္တစ္ေယာက္လိုေတာ့ မဟုတ္ပါဘူး . . .” လို႕ ေျပာျပခ့ဲပါတယ္။ သူမအေနနဲ႕ ကမာၻေက်ာ္ ေပါ့အဆိုေတာ္တစ္ေယာက္ျဖစ္တ့ဲ JB ကို အသက္ ၁၂ အရြယ္ ကေလးဘဝက တစ္ဖက္သက္ ခ်စ္ႀကိဳက္ခ့ဲဖူးတယ္ဆိုတာကို ဝန္ခံခ့ဲၿပီး JB အေနနဲ႕ သူမ မည္သူမည္ဝါျဖစ္တယ္ဆိုတာပင္ သိရွိမွာမဟုတ္တ့ဲအေၾကာင္းနဲ႕ အခုခ်ိန္မွာေတာ့ JB ကို ဘယ္ေတာ့မွ မေတြ႕ခ်င္ေတာ့ဘူးလို႕ ဆိုလာပါတယ္။
ဆက္လက္ၿပီးသူမကပဲ “ ဂုဏ္သတင္း ေက်ာ္ၾကားမႈဆိုတာ အလြန္ပဲ ေၾကာက္ဖို႕ေကာင္းပါတယ္။ ဘာလို႕လဲဆိုေတာ့ အ့ဲဒီ ဂုဏ္သတင္းေၾကာင့္ ကၽြန္မဟာ Show ပြဲေတြ သီဆိုလို႕ရခ့ဲၿပီး လူအမ်ားႀကီးနဲ႕ ေတြ႕ဆုံခြင့္ ရရွိခ့ဲပါတယ္။ ဒါေပမယ့္လည္း အ့ဲဒီဂုဏ္သတင္းကပဲ ေက်ာ္ၾကားမႈေတြကို ေျပာင္းလဲပစ္ႏိုင္ၿပီး ေၾကာက္စရာကိစၥရပ္ေတြအျဖစ္ ေျပာင္းလဲႏိုင္လို႕ပါပဲ . . . ” ဆိုၿပီး ေျပာျပခ့ဲပါတယ္။
<Zawgyi Version>
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share