Jennifer ဟာ သူမရဲ့ချစ်သူ Maroney နဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီဆိုတာကို သူမရဲ့ ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြု ပြောကြားခဲ့ပါတယ်။ အခြားသတင်းတစ်ပုဒ်မှလည်း Jennifer ဟာ စေ့စပ်လက်စွပ်ဝတ်ထားတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။
ဂျနီဖာဟာ အောင်မြင်ကျော်ကြားသူတွေနဲ့ တွဲခုတ်ခဲ့တာတွေမှလည်း ရုန်းထွက်နိုင်ခဲ့ပါတယ်။ နာမည်ကျော်တွေဖြစ်တဲ့ Nicholas Hoult ၊ Chris Martin နဲ့ Darren Aronofsky တို့နဲ့ တွဲခုတ်ခဲ့ပြီးနောက်ပိုင်း သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေတုန်းပါပဲ။ အခုချိန်မှာတော့ ဂျနီဖာဟာ မာရိုနေးလို့ခေါ်တဲ့ ပန်းချီကား အရောင်းအဝယ်ပြုလုပ်သူနဲ့ ချိန်းတွေ့နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့စုံတွဲဟာ အခမ်းအနားတွေကို အတူတူတက်ရောက်ဖူးခြင်း မရှိပေမယ့် သူတို့ရဲ့ Relationship ဟာ အတော်လေးကို အဆင်ပြေတဲ့အခြေအနေမျိုးမှာ ရှိပါတယ်။
ဂျနီဖာရဲ့ ခင်ပွန်းလောင်းဖြစ်သူ မာရိုနေးဟာ နယူးယောက်မှာနေထိုင်သူတစ်ယောက်ဖြစ်ပြီး ပန်းချီကား ရောင်းဝယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်သူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီး ပန်းချီပြခန်းဖြစ်တဲ့ Gladstone 64 ရဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share