Breaking News
တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာတဲ့ ကမ္ဘာကျော် အဆိုတေ်၊ သရုပ်ဆောင် Justin Timberlake ရဲ့ ပုံရိပ်များ။
အသက် ၄၀ နှစ်သာရှိသေးတဲ့ Justin ဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့အတွက် သူ့အနေနဲ့ ကြိုးစားရုန်းကန်ခဲ့ရတာတွေ ရှိပါတယ်။ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာတာနဲ့အမျှ တစ်စနဲ့တစ်စ သူ့ရဲ့အောင်မြင်မှုတွေကလည်း အ့ံမခမ်း ဖြစ်လာပါတယ်။ အခုဆက်လက်ပြီးတော့ သူ့ရဲ့ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာပုံကို ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
၁။ ၉၀ ခုနှစ်အစောပိုင်းတုန်းက နံမည်ပြောင် ကြွက်ကလေးလို့ အခေါ်ခံရတဲ့ Justin
ငယ်ရွယ်သေးတဲ့ Justin တစ်ယောက် Disney Channel Series ဖြစ်တဲ့ “ The All New Mickey Mouse Club ” မှာ တခြားကြယ်ပွင့်တွေဖြစ်တဲ့ Ryan Gosling, Christina Aquilera နဲ့ Britney Spears တို့နဲ့အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
၂။ ၁၉၉၅ ခုနှစ်က NSYNC ဆိုတဲ့ Band ကို စတင်တည်ထောင်။
အသက် ၁၄ နှစ်သာရှိသေးတဲ့ Justin ဟာ Joey Fatone , Chris Kirkpatrick , Lance Bass နဲ့ သူ့ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ JC Chasez တို့နဲ့အတူ အမျိုးသားတေးဂီတအဖွဲ့ကို စတင် တည်ထောင်ခဲ့ပါတယ်။
၃။ ၁၉၉၆ ခုနှစ်က အဖွဲ့ရဲ့အောင်မြင်မှု စတင်ရရှိ။
သူတို့အဖွဲ့ဟာ ဥရောပတစ်ခွင် စတင်အောင်မြင်မှု ရရှိလာခဲ့ပါတယ်။
၄။ ၁၉၉၇ ခုနှစ်။
သုူတို့အဖွဲ့ဟာ ဥရောပမှာသာမက အမေရိကန်မှာလည်း စတင်အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။
၅။ ၁၉၉၈ ခုနှစ်။
ဂျာမနီမှာ “ I Want You Back ” သီချင်းနဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး အမေရိကန်မှာ Single အယ်လ်ဘမ် ထုတ်ခဲ့ပါတယ်။
၆။ ၁၉၉၉ ခုနှစ်။
အောင်မြင်မှုအကြီးအကျယ်ရရှိနေတဲ့ ကမ္ဘာကျော်ပေါ့စတား Britney Spears နဲ့ စတင်တွဲခုတ်ခဲ့ပါတယ်။
၇။ ၂၀၀၁ ခုနှစ်။
အောင်မြင်မှုအကြီးအကျယ်တစ်ခုဖြစ်တဲ့ PopOdyssey လို့ အမည်ရတဲ့ နယ်လှည့်ဖျော်ဖြေပွဲမှာ လူပေါင်းသန်းချီရှေ့မှောက်၌ စတင်ဖျော်ဖြေခဲ့။
၈။ ၂၀၀၂ ခုနှစ်။
အချိန်အတော်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူဖြစ်သူ Britney Spears နဲ့ လမ်းခွဲခဲ့ရုံမက သူ့ရဲ့ Band ဖြစ်တဲ့ NSYNC ကနေလည်း ခွဲထွက်ခဲ့ပါတယ်။
၉။ ၂၀၀၂ ခုနှစ်။
ပထမဦးဆုံး တစ်ကိုယ်တော်ခွေ ထွက်ရှိလာပြီး အချပ်ရေပေါင်း ၇ သန်းကျော် ရောင်းချရလောက်တဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။
၁၀။ ၂၀၀၃ ခုနှစ်။
တစ်ကိုယ်တော် နယ်လှည့်ဖျော်ဖြေပွဲတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။
၁၁။ ၂၀၀၃ ခုနှစ်။
မင်းသမီး Cameron Diaz နဲ့ တွေ့ဆုံခဲ့ပြီး စတင်တွဲခုတ်ခဲ့ပါတယ်။
၁၂။ ၂၀၀၄ ခုနှစ်။
၂၀၀၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Super Bowl ဖျော်ဖြေပွဲမှာ သူနဲ့အတူတူ တွဲဖက်ဖျော်ဖြေနေတဲ့ Janet Jackson ရဲ့ အဝတ်အစားတွေကိုချွတ်ပြီး မဖွယ်မရာပြုလုပ်ခဲ့သဖြင့် ထိရောက်စွာ အပြစ်ပေးခံခဲ့ရပါတယ်။
၁၃။ ၂၀၀၄ ခုနှစ်။
၄၆ ကြိမ်မြောက် Grammy ဆုပေးပွဲမှာ “ Justified ” ဆိုတဲ့ အယ်လ်ဘမ်နဲ့ အကောင်းဆုံး Pop Vocal Album ဆုကို ရရှိပြီိး “ Cry Me A River ” သီချင်းနဲ့ အကောင်းဆုံးသီချင်းဆုကို ရရှိခဲ့ပါတယ်။
၁၄။ ၂၀၀၆ ခုနှစ်။
“ Justified ” အယ်လ်ဘမ်ကို ထုတ်လုပ်သူ Timbaland နဲ့ ပူးပေါင်းပြီး Sexy Back ဆိုတဲ့ အယ်လ်ဘမ်ကို ထပ်မံဖန်တီးခဲ့ပါတယ်။
၁၅။ ၂၀၀၇ ခုနှစ်။
Timbaland နဲ့ Nelly Futurdo တို့နဲ့ ပူးပေါင်းပြီး “ Give It To Me ” သီချင်းကို ဖန်တီးခဲ့ပါတယ်။
၁၆။ ၂၀၀၈ ခုနှစ်။
ဂီတလောကမှာ အောင်မြင်မှုရရှိပြီးတဲ့နောက် ရုပ်ရှင်လောကထဲသို့ စတင်ဝင်ရောက်လာကာ ပထမဦးဆုံး ရုပ်ရှင်အဖြစ် “The Love Guru” ကို ရိုက်ကူးခဲ့ပါတယ်။
၁၇။ ၂၀၁၀ ခုနှစ်။
သူပါဝင် သရုပ်ဆောင်ထားတဲ့ “ The Social Network ” ဇာတ်ကားဟာ အော်စကာဆု ၃ ဆုနဲ့ ရွှေကမ္ဘာလုံးဆုတို့ကို သိမ်းပိုက်ခဲ့ပါတယ်။
၁၈။ ၂၀၁၂ ခုနှစ်။
ရုပ်ရှင်မင်းသမီး Jessica Biel နဲ့ ၅ နှစ်ကြာ တွဲပြီးနောက်မှာတော့ အီတလီမှာ မင်္ဂလာဆောင်ခဲ့ပါတယ်။
၁၉။ ၂၀၁၃ ခုနှစ်။
သီချင်းအယ်လ်ဘမ် မထွက်တာ ၇ နှစ်ကြာပြီးနောက်မှာတော့ အယ်လ်ဘမ်အသစ်တစ်ခု ထွက်ရှိလာပါတယ်။
၂၀။ ၂၀၁၅ ခုနှစ်။
ပထမဆုံး သားဦးလေးကို မွေးဖွားပြီး ဖခင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
၂၁။ ၂၀၁၇ ခုနှစ်။
၈၉ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အမည်တင်သွင်းခံရပါတယ်။
၂၂။ ၂၀၁၈ ခုနှစ်။
Super Bowl ဖျော်ဖြေပွဲမှာ ပြန်လည်ဖျော်ဖြေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Janet Jackson မပါဝင်တော့ပါဘူး။
<Unicode Version>
၎။       ၁၉၉၇ ခုနှစ်။
သုတို့အဖွဲ့ဟာ ဥရောပမှာသာမက အမေရိကန်မှာလည်း စတင်အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။
၅။       ၁၉၉၈ ခုနှစ်။
၆။       ၁၉၉၉ ခုနှစ်။
၇။       ၂၀၀၁ ခုနှစ်။
၈။       ၂၀၀၂ ခုနှစ်။
၉။       ၂၀၀၂ ခုနှစ်။
၁၀။     ၂၀၀၃ ခုနှစ်။
၁၁။     ၂၀၀၃ ခုနှစ်။
၁၂။     ၂၀၀၄ ခုနှစ်။
၁၃။     ၂၀၀၄ ခုနှစ်။
၁၄။     ၂၀၀၆ ခုနှစ်။
၁၅။     ၂၀၀၇ ခုနှစ်။
၁၆။     ၂၀၀၈ ခုနှစ်။
၁၇။     ၂၀၁၀ ခုနှစ်။
၁၈။     ၂၀၁၂ ခုနှစ်။
၁၉။     ၂၀၁၃ ခုနှစ်။
၂၀။     ၂၀၁၅ ခုနှစ်။
၂၁။     ၂၀၁၇ ခုနှစ်။
၂၂။     ၂၀၁၈ ခုနှစ်။
<Zawgyi Version>
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share
About admin
Check Also
အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)
အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro