HomeHealth & Beautyနာကျင်မှုဝေဒနာများကို လျှော့ချပေးနိုင်တဲ့ အစားအစာများ။

နာကျင်မှုဝေဒနာများကို လျှော့ချပေးနိုင်တဲ့ အစားအစာများ။

- Advertisement -

၁။ သံလွင်ဆီ။

Pennsylvania တက္ကသိုလ်က လေ့လာဆန်းစစ်ချက်များအရ သံလွင်ဆီတွင်ပါဝင်သည့် သတ္တုဓာတ်များသည် iburprofen ဆေးများကဲ့သို့ပင် ရောင်ရမ်းမှုကိုလှုံ့ဆော်ပေးနိုင်သည့် အင်မ်ဇိုင်းများကို တိုက်ဖျက်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

၂။ နာနတ်သီး။

- Advertisement -

နာနတ်သီးသည် အစာချေဖျက်ပေးတဲ့ အင်မ်ဇိုင်းများကို ထုတ်လုပ်ပေးနိုင်တဲ့ အပူပိုင်းဒေသများမှ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်ချက်များအရ နာနတ်သီးကို စားသုံးပေးခြင်းဖြင့် ဒူးခေါင်းအရိုးအဆစ် ရောင်ရမ်းနာကျင်နေသည့် လူနာများ၊ အဆစ်ရောင်ရောဂါဝေဒနာရှင်များရဲ့ နာကျင်မှုများကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

 

၃။ ပန်းသီး။

ပန်းသီးတွင်လည်း နာကျင်ရောင်ရမ်းမှုဝေဒနာများကို လျှော့ချပေးနိုင်သည့် Quercetin ဓာတ်တစ်မျိုးပါဝင်နေတယ်လို့ သိရှိရပါတယ်။

 

၄။ အခွံမာသီးများနဲ့အစေ့များ။

မတူညီကွဲပြားတဲ့ အခွံမာသီးများနဲ့အစေ့များ၌လည်း ခန္ဓာကိုယ်ရဲ့ နာကျင်မှုဝေဒနာများကို ထိန်းချုပ်ပေးနိုင်ရန်အတွက် လုံလောက်တဲ့ မဂ္ဂနီဆီယမ်ဓာတ်များရရှိနိုင်သလို I- arginine နဲ့ ဗီတာမင်အီး ဓာတ်များကိုလည်း ရရှိစေပါတယ်။ အဓိကအားဖြင့် ဆားဓာတ်မပါဝင်သည့် အခွံမာသီးများကို စားသုံးခြင်းအားဖြင့် ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်သလို The Arthritis Foundation National Office ကလည်း သစ်ကြားသီး၊ မြေပဲ နဲ့ မက်မွန်သီးများကို စားသုံးပေးခြင်းအားဖြင့် နာကျင်ရောင်ရမ်းမှုဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း ထောက်ခံပေးခဲ့ပါတယ်။

 

၅။ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ။

ကိုက်လန်ရွက်၊ မုန်ညှင်းရွက်များကဲ့သို့ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကလည်း နာကျင်မှုကို လျှော့ချပေးနိုင်သော အစားအစာများဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါဟင်းသီးဟင်းရွက်များ၌ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ Carotenoids ဓာတ်များ ပါဝင်နေသောကြောင့်ဖြစ်ပါတယ်။

 

၅။ ဆန်ညို။

ဆန်ညိုနဲ့အခြားသောစပါးနဲ့ ဆက်စပ်သည့် ဂျုံစေ့များမှာ ပါဝင်တဲ့ အမျှှင်ဓာတ်များက ရောင်ရမ်းမှုကို တိုက်ထုတ်ပေးရာတွင် အကောင်းဆုံးကူညီပေးနိုင်ကြပါတယ်။ အမျှင်ဓာတ်သည် အသည်းမှထုတ်လွှတ်လိုက်သည့် သွေးအတွင်း၌ရောင်ရမ်းမှုကို လှုံ့ဆော်ပေးနိုင်တဲ့ C- reactive protein ကို လျှော့ချပေးနိုင်ပါတယ်။

 

၆။ ချယ်ရီသီး။

ချယ်ရီသီးအတွင်း၌ Anthocyanins ဟုခေါ်သည့် ဓာတုဓာတ်တစ်မျိုးပါဝင်ပြီး ဒီဓာတ်ဟာ အက်စပရင်ဆေးပြားများကဲ့သို့ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းနာကျင်မှုဝေဒနာများကို အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။ လေ့လာဆန်းစစ်သူများရဲ့အဆိုအရ ဆီးဖြူသီးများနဲ့စတော်ဘယ်ရီသီးများဟာလည်း ရောင်ရမ်းမှုကို ကာကွယ်လျှော့ချပေးနိုင်တဲ့ အသီးများဖြစ်တယ်လို့ဆိုထားပါတယ်။

 

၇။ လက်ဖက်စိမ်းနဲ့လက်ဖက်ရည်။

လက်ဖက်ရည်အတွင်း၌ Antioxidants သို့မဟုတ် Flavonoids ဟုခေါ်တဲ့ ဓာတ်များပါဝင်ပြီး ဒီဓာတ်တွေဟာ အဆစ်ရောင်ဝေဒနာရှင်များရဲ့ ဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာဆန်းစစ်သူများရဲ့အဆိုအရ ဒီဓာတ်များတွင် ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်သည့် ဓာတုဓာတ်များလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။

 

၈။ ပန်းပွင့်စိမ်း။

ပန်းပွင့်စိမ်းတွင် ရောင်ရမ်းမှုများကို တိုက်ဖျက်ပေးနိုင်သည့် Sulforaphane ဓာတ်တစ်မျိုးပါဝင်ပြီး သွေးတွင်းရှိ Cytokines ပမာဏကို လျှော့ချပေးနိုင်ကြောင်း လေ့လာသူများက ဆိုထားပါတယ်။ ဒါ့အပြင် ကိုက်လန်၊ ဂေါ်ဖီထုပ်၊ မုန်ညှင်းနဲ့ ပန်းဂေါ်ဖီများတွင်လည်း Sulforaphane ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

 

၉။ မှို။

မှိုများတွင် ရောင်ရမ်းမှုများကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်အများအပြားပါဝင်ပြီး အထူးသဖြင့် Phenols နဲ့ အခြားသော Anti- Oxidants များစွာ ပါဝင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုထားပါတယ်။ အထူးသဖြင့် ခြင်္သေလည်ဆံမွေးနဲ့တူသည့် Lion’s mane မှိုအမျိုးအစားတွင်လည်း ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်သည့် အကျိုးကျေးဇူးများရှိတယ်လို့ သိရှိရပါတယ်။

 

၁၀။ ထောပတ်သီး။

ထောပတ်သီးအတွင်း၌ Carotenoids နဲ့ Tocopherols ကဲ့သို့ ဓာတ်ပေါင်းများပါဝင်ပြီး ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်သည့်အပြင် ကင်ဆာရောဂါဖြစ်ပွါးနိုင်ချေကိုလည်း လျှော့ချပေးနိုင်ကြောင်း စစ်တမ်းများက ဖော်ပြခဲ့ပါတယ်။

<Unicode Version>

 

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read