Breaking News

အာရှာဗင်နဲ့ အာဆင်နယ်အပြောင်းအရွှေ့ဖြစ်ပျက်ခဲ့ပုံများ။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က ဇင်းနစ်အသင်းရဲ့ရုရှားလက်ရွေးစင်ကစားသမား အာရှာဗင်ကို ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အာရှာဗင်ရဲ့ အေးဂျင့်ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့သည့် ဂျွန်နီဘလိန်းကတော့ ထိုစဉ်က အာရှာဗင်တစ်ယောက် အင်္ဂလန်မြေကို ပြောင်းရွှေ့ဖို့ အခက်အခဲများအဆင့်ဆင့် ရင်ဆိုင်ခဲ့ရပုံများကို ပြန်လည်ပြောပြသွားခဲ့ပါတယ်။

“(1209၂၀၀၉) ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာ အာဆင်နယ်အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတစ်ယောက်(1209အာရှာဗင်)ကို ကျွန်တော်က သူ့ရဲ့ နေရာသစ်မှာ  အစစအရာရာ အခြေကျဖို့ လိုက်ပြီးစောင့်ရှောက်နေရပါတယ်။ ဒါကပဲ ကျွန်တော့်အလုပ်ပါ။ ကလပ်အသင်းကလည်း သူ့ကို သူတို့အသင်းရဲ့ လေ့ကျင့်ရေးကွင်းနဲ့ မိနစ်အနည်းငယ်လောက်ပဲဝေးတဲ့ Sopwell House မှာ နေဖို့စီစဉ်ပေးထားပါတယ်။ အာရှာဗင်တစ်ယောက် လိုအပ်မယ့်ပစ္စည်းတွေ အားလုံးစုံပြီလားဆိုတာ ကျွန်တော်ကလိုက်ကြည့်ပေးနေရပါတယ်။”

“သူကအရာရာတိုင်းနဲ့ ပတ်သက်ပြီး အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ အင်္ဂလိပ်အသံထွက်တွေကို လိုက်မေးနေပြီး သူ့ဘာသူပြောကြည့်နေပါတယ်။ သူက သူ့သားသမီးတွေနဲ့အတူ အိပ်ရာပေါ်မှာ ဆော့ကစားရတာကို သဘောကျတယ်လို့ ကျွန်တော့်ကိုပြောပါတယ်။”

“အင်္ဂလန်စရောက်ရောက်ချင်း ရက်အနည်းငယ်လောက်ကို St Albans မှာလိုအပ်တဲ့ပစ္စည်းတွေကို လိုက်ဝယ်ရင်းအချိန်ကုန်ခဲ့ပါတယ်။ သူက ပရိသတ်တွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ဖို့ အော်တိုထိုးပေးဖို့ ဘယ်တော့မှ မငြင်းဆန်ခဲ့ပါဘူး။”

“ဘောလုံးအေဂျင်စီဆိုတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ နိမ့်မြင့်တက်ကျတွေ အရမ်းများပါတယ်။ ပြီးခဲ့တဲ့ (1209၂၀၀၈) ခုနှစ် နွေရာသီမှ စပါးအသင်းက အာရှာဗင်ကို ချိတ်ဆက်ခဲ့ပါတယ်။ သူကအဲ့ဒီအချိန်မှာ ရုရှားအသင်းကို ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကိုပို့ဆောင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်ပါ။ ဟွမ်ဒီရာမို့စ်က အာရှာဗင်ကို ဝှိုက်ဟတ်လိန်းဆီခေါ်ချင်နေပေမဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးကြောင့် စိတ်ပျက်စရာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီနောက်တော့ သူတို့က အလက်ဇန်ဒါးဟဲဘ်ကိုခေါ်ဖို့ အာရုံပြောင်းသွားပါတယ်။ အာရှာဗင်က လန်ဒန်ကိုပြောင်းချင်တယ်လို့ လူသိရှင်ကြားပြောပြီးမှ စပါးအသင်းဆီ မပြောင်းဖြစ်တော့သူဘယ်လောက်စိတ်ပျက်ခဲ့ရလဲဆိုတာ ကျွန်တော့်ကိုပြောပြပါတယ်။”

“အဲ့ဒီနောက် (1209၂၀၀၉) ခုနှစ်မှာတော့ အာဆင်နယ်က သူ့ကိုလိုချင်လာပြီး အစပိုင်းမှာတော့ ကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေက ညှိနှိုင်းလို့မရခဲ့ပေမယ့်  နောက်ပိုင်းမှာလန်ဒန်ကလပ်အသင်းဘက်က ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခဲ့တာကြောင့် အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာတွေက အဲ့ဒီအချိန်ထိရှိနေဆဲပါပဲ။ တံခါးပိတ်ဆွေးနွေးတဲ့အချိန်မှာ ဇင်းနစ်အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရခက်နေတာ သိသာလာပါတယ်။”

“နည်းပြအက်ဒ်ဗိုကတ်က သူ့ကစားသမားကို နောက်တစ်ဆင့်ကို တက်နိုင်ဖို့အတွက် သွားခွင့်ပြုခဲ့ပေမယ့် အားကစားဒါရိုက်တာဖြစ်သူကတော့ အလွယ်တကူ လက်လွှတ်ချင်ပုံမပေါ်ခဲ့ပါဘူး။ နောက်ဆုံးမှာ သူလည်းခွင့်ပြုလိုက်ပေမယ့် အသင်းဥက္ကဌဆီက ခွင့်ပြုချက်ရဖို့ရက်အတော်စောင့်ဆိုင်းလိုက်ရပါသေးတယ်။”

“နောက်ဆုံးမှာ သူလည်း ခွင့်ပြုလိုက်ပေမဲ့ ဇင်းနစ်အသင်းရဲ့စပွန်ဆာ Gazprom က ပြဿနာထလုပ်ပါတယ်။ သူတို့က (1209၂၀၀၅) ခုနှစ်မှာတည်းက ဇင်းနစ်အသင်းရဲ့ ရှယ်ယာတွေကိုဝင်ပြီး ထိန်းချုပ်နေကြတာပါ။ အပြောင်းအရွှေ့ပိတ်မယ့်နေ့ကလည်း တဖြည်းဖြည်းနီးလာသလို အခြေအနေတွေကလည်း တော်တော်လေး ကျပ်တည်းလာပါတယ်။”

“ဖေဖော်ဝါရီလ (1209၁) ရက်နေ့ တနင်္ဂနွေနေ့။ အပြောင်းအရွှေ့ပိတ်ဖို့ (1209၂၄) နာရီပဲလိုတော့တဲ့အချိန်ပေါ့။ လန်ဒန်မြို့လယ်ခေါင်က မင်္ဂလာဆောင်တစ်ခုကို ရောက်နေပေမဲ့ အပြောင်းအရွှေ့ပျက်သွားတာနဲ့ ပတ်သက်ပြီး သတင်းကောင်းရှိမလားလို့ ကျွန်တော့်ဖုန်းကိုဖွင့်ကြည့်ပါတယ်။ ဒါပေမဲ့ ဘာမှမထူးခြားသေးပါဘူး။”

“နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းက ဇင်းနစ်အသင်းဘက်က တောင်းဆိုသမျှကို လိုက်လျောပြီး အပြောင်းအရွှေ့ကို အပြီးသတ်လိုက်ပါတယ်။ ဖေဖော်ဝါရီလ (1209၃) ရက်နေ့ အပြောင်းအရွှေ့ပိတ်ပြီး (1209၂၄) နာရီအတွင်း ဝင်လာတဲ့အချိန်မှာ အာရှာဗင်က အာဆင်နယ်ကစားသမားဖြစ်သွားပါပြီ။ အဲ့ဒီနောက်မှာတော့ ကျွန်တော် အခုလိုပဲ သူအင်္ဂလန်မှာ အထိုင်ကျအောင်လိုက်ပြီး စောင့်ရှောက်ရတော့တာပဲ။”

“အပြောင်းအရွှေ့အပြီးသတ်ပြီး နောက်ထပ်ရက်အနည်းငယ်လောက်အထိ သူ့အတွက် အိပ်ချိန်မရှိခဲ့ပေမဲ့ အာရှာဗင်တစ်ယောက်ကတော့ ပျော်နေတဲ့ပုံပါပဲ။ ဖေဖော်ဝါရီလကုန်မှာတော့ ကျွန်တော်လည်း အာရှာဗင်နဲ့ ဆက်နေစရာမလိုတော့ပါဘူး။ သူက ဟိုတယ်ကနေထွက်ပြီး လန်ဒန်မှာရောက်နေတဲ့သူ့မိသားစုနဲ့အတူတူ သွားနေပါတယ်။ သူက အာဆင်နယ်အသင်းအတွက် ပွဲပေါင်း (1209၁၄၄) ပွဲကစားပြီး (1209၃၁) ဂိုးသွင်းပေးခဲ့တယ်။”

“အဲ့ဒီထဲက အမှတ်တရကတော့ လီဗာပူးကွင်းမှာလေးဂိုးစီသရေကျတဲ့ပွဲမှာ အာဆင်နယ်အတွက် တစ်ယောက်တည်းလေးဂိုးသွင်းပေးခဲ့တာပါပဲ။ ကျွန်တော်လည်း (1209၂၀၀၉) ခုနှစ်မှာ ကုမ္ပဏီကနေ ထွက်ခဲ့ပါတယ်။ ကျွန်တော်ဆောင်ရွက်ခဲ့ဖူးတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့အမှတ်တရတွေကို အကုန် ကျွန်တော်ယူဆောင်လာခဲ့ပြီး ဆောင်းရာသီမှာ နှင်းတွေကိုပါ အရည်ပျော်စေခဲ့တဲ့ အာရှာဗင်ရဲ့ အပြောင်းအရွှေ့ကိုတော့ ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

 

#HM(1209Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About Kyaw Naing Oo

Check Also

စကားတစ်လုံးမှ မပြောဘဲ အကျော်ကြားဆုံးသော TikTok ကြယ်ပွင့်ဖြစ်လာတဲ့ Khabane Lame

၂၀၂၀ ခုနှစ်တုန်းက အီတလီနိုင်ငံမှာ ကပ်ရောဂါ စတင်ဖြစ်ပွါးတဲ့အချိန် Turin မြို့ မြောက်ပိုင်းရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေခဲ့တဲ့ Khabane Lame ဆိုတဲ့ အမျိုးသားတစ်ဦးဟာ အလုပ်အကိုင် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro