Breaking News
ချစ်စရာကောင်းသော အိမ်မွေးခွေးလေးများအကြောင်း။
၁။ Australian Cattle Dog
စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ကိုင်သူများအတွက် အသုံးဝင်တဲ့ ခွေးအမျိုးအစားဖြစ်ပြီး နွားအုပ်၊ ကျွဲအုပ်အစရှိတဲ့ တိရစ္ဆာန်အုပ်များကို ထိန်းကျောင်းရာ၌ အကူအညီပေးနိုင်ပါတယ်။ သူတို့ရဲ့ ကြံ့ခိုင်ဖျတ်လတ်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာမရှိဘဲ အဆိုပါအမျိုးအစားများထဲကမှ Bluey လို့ အမည်ရတဲ့ ခွေးဟာအသက်အကြီးဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပြီး အသက် (၂၉) နှစ်အရွယ်တွင် သေဆုံးသွားခဲ့ပါတယ်။
၂။ Australian Shepherd
ဒီခွေးအမျိုးအစားများဟာ လယ်သမားများရဲ့ လက်စွဲတော် ခွေးအမျိုးအစားများလို့ပြောနိုင်ပြီး သူတို့့ရဲ့ ဖျတ်လတ်တဲ့ နေထိုင်မှုပုံစံကြောင့် မည်သည့်နေရာမျိုးတွင်မဆို (၁၂) နှစ်မှ (၁၅) နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။
၃။ Basenjis
မဟောင်တတ်တဲ့ခွေးအဖြစ် လူသိများသည့် Basenjis ခွေးအမျိုးအစားများဟာ ကြောင်များကဲ့သို့ပင် သူတို့ရဲ့လျှာကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်တတ်ကြပါတယ်။ တခြားခွေးအမျိုးအစားများကဲ့သို့ မဟောင်တတ်တာကြောင့် အသံအနိမ့်အမြင့်ကို အသုုံးပြုကာ သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြတတ်ပြီး အထူးသဖြင့် အိမ်တွင်းကို ကျူးကျော်လာသူများရဲ့ အန္တရာယ်ကိုလည်း အဆိုပါပုံစံအတိုင်းပဲ တုံ့ပြန်လေ့ရှိပါတယ်။
၄။ Beagle
အရွယ်အစားအားဖြင့် သေးငယ်သော ခွေးအမျိုးအစားများဖြစ်ကြသော်လည်း မျိုးကောင်းမျိုးသန့် ခွေးများဖြစ်ကြပြီး သူတို့ရဲ့ ထူးခြားကောင်းမွန်တဲ့ အနံ့ခံနိုင်စွမ်းနဲ့ အမဲလိုက်ရာတွင်လည်း တစ်စိတ်တစ်ပိုင်း အကူအညီပေးနိုင်ပါတယ်။ (၁၀) နှစ်မှ (၁၅) နှစ်အတွင်း အသက်ရှင်သန်နိုင်ပြီး သစ္စာရှိရာ၌လည်း နာမည်ကြီးတဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။
၅။ Belgian Malinois
ဖျတ်လတ်သည့်နားရွက်များနဲ့ မှုန်ကုပ်ကုပ်မျက်နှာထားရှိတဲ့ ဒီခွေးအမျိုးအစားများဟာ စစ်တပ်အကြိုက် ခွေးအမျိုးအစားများဆိုလည်း မမှားပါဘူး။ Skydiving အထိ လေ့ကျင့်သင်ကြားပေးခြင်းခံရတဲ့ စမတ်ကျပြီး အမိန့်နာခံမှု အပြည့်အဝရှိသည့် ဒီခွေးအမျိုးအစားများဟာ ကာလအားဖြင့် (၁၄) နှစ်အထိ အသက်ရှင်သန်နိုင်ကြပါတယ်။
၆။ Bichon Frise
အဖြူရောင်အမွှေးပွပွ မဲနက်သည့်မျက်လုံးများနဲ့ ချိုသောသော အပြုံးများရှိသည့် ဒီခွေးလေးဟာ အရမ်းကိုချစ်စရာကောင်းလွန်းပါတယ်။ သူတို့လေးတွေဟာ ပိုင်ရှင်နဲ့အတူတကွ အချိန်ဖြုန်းခြင်း၊ သူငယ်ချင်းအသစ်များရှာဖွေခြင်းတို့ကို ချစ်မြတ်နိုးကြပါတယ်။
၇။ Chihuahua
ကမ္ဘာ့အသေးငယ်ဆုံးခွေးအမျိုးအစားများလို့ သတ်မှတ်ခြင်းခံထားရသည့် Chihuahua အမျိုးအစားများဟာ လမ်းလျှောက်ထွက်ရခြင်းကို ကြိုက်နှစ်သက်ကြပါတယ်။ အသက်အရွယ်အားဖြင့် (၁၈) နှစ်အထိ အသက်ရှင်နိုင်ကြပြီး နွေးထွေးသောရင်ခွင်နဲ့ အကြိမ်ပေါင်းများစွာ ပွေ့ဖက်ပေးခြင်းများကိုလည်း သဘောကျနှစ်သက်ကြပါတယ်။
၈။ German Pinscher
ရည်မွန်ကျော့ရှင်းတဲ့ ခွေးအမျိုးအစားများအဖြစ် နာမည်ကြီးသည့် German Pinscher အမျိုးအစားများဟာ အချိန်မရွေး ကိုယ်နေဟန်ထားကျကျဖြင့် လှုပ်ရှားနိုင်ကြပြီး မည်သည့်စွန့်စားခန်းမျိုးအတွက်မဆို အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ကြွက်သားများနဲ့ တောင့်တင်းလျက်ရှိသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အဆိုပါခွေးအမျိုးအစားများကတော့ (၁၂) နှစ်မှ (၁၅) နှစ်အထိ အသက်ရှင်သန်နိုင်ကြပါတယ်။
၉။ Greyhound
အီဂျစ်ခွေးအမျိုးအစားများဖြစ်သည့် Greyhound ခွေးများဟာ အမဲလိုက်ချိန်၌ သူတို့ရဲ့ လျင်မြန်ဖျတ်လတ်မှုနဲ့ ပြီးပြည့်စုံသည့်အနေအထားများကြောင့် ချီးကျူးလေးစားခြင်းကိုရရှိထားပြီး အဆိုပါခွေးအမျိုးအစားများထဲ၌ မျိုးရိုးအလိုက်ပါလာသော ရောဂါပြဿနာမှာလည်း အလွန်မှရှားပါးလှပါတယ်။
၁၀။ Havanese
ဒီခွေးအမျိုးအစားများက သေးငယ်လှပေမယ့် တောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်တည်ဆောက်မှုကြောင့် သဘာဝအပေါ်လိုက်၍ နေသားတကျအသက်ရှင်နိုင်ကြပြီး အသက်ရှည်ဖို့ အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။ မတူညီတဲ့ဆံပင်ပုံစံအများအပြား ပြုလုပ်ပြနိုင်သည့် အဆိုပါခွေးအမျိုးအစားများအနေနဲ့ (၁၄) နှစ်အထိ အသက်ရှင်သန်နိုင်ကြပါတယ်။
၁၁။ Miniature Schnauzer
တယ်ရီယာဂရုအနွယ်ဝင်များဖြစ်ကြသည့် ဒီခွေးအမျိုးအစားများဟာ မိသားစုဝင်များရဲ့ အိမ်ကို အကောင်းဆုံးစောင့်ရှောက်နိုင်သလို ကြီးမားသည့်လယ်ကွင်းများ၌လည်း တိရစ္ဆာန်အုပ်များကို အကောင်းဆုံးထိန်းကျောင်းပေးနိုင်ကြပါတယ်။ တောင့်တင်းသန်မာသည့်ကြွက်သားများ၊ အကြောက်အလန့်ကင်းမဲ့တဲ့မျက်နှာနဲ့ ဒီခွေးအမျိုးအစားများဟာ ၁၅) နှစ်တာကာလအထိ အသက်ရှင်သန်နိုင်ကြပါတယ်။
၁၂။ Pomeranian
Pomeranian ခွေးအမျိုးအစားများရဲ့ သေးငယ်သည့်ခန္ဓာကိုယ်အချိုးအစားများက သူတို့ဘဝရဲ့ ပျော်ရွှင်မှုကို ဖျက်စီးနိုင်ခြင်းမရှိပါဘူး။ ထူထပ်သည့် သူတို့့ရဲ့ အမွှေးများက ခဏတာ လမ်းလျှောက်ထွက်တဲ့ ကာလအတွင်းမှာ နွေးထွေးစေရန်ကာကွယ်မှုများ ပေးနိုင်သလို အလွန်ချမ်းအေးသည့်အချိန်ကာလများ၌လည်း Indoor Exercise များကို ပြုလုပ်လေ့ရှိပါတယ်။
၁၃။ Poodle
Poodle ဟုအမည်ရသည့် ပြင်သစ်ခွေးအမျိုးအစားများသည် မည်သည့်ရာသီဥတုတွင်မဆို ကောင်းမွန်စွာအသက်ရှင်နိုင်သလို ရာသီဥတုအပေါ်မူတည်ပြီး အပြောင်းအလဲလုပ်ပေးနိုင်သည့် သူတို့ရဲ့ အမွှေးပွများကိုလည်း ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၁၄) နှစ်အထိ အသက်ရှင်သန်နိုင်ကြတယ်လို့လည်း သိရှိရပါတယ်။
၁၄။ Pug
အိုမင်းရွတ်တွနေသည့် သူတို့ရဲ့မျက်နှာသွင်ပြင်မှလွဲ၍ ဒီခွေးအမျိုးအစားများဟာ ခွန်အားပြည့်ဝတဲ့ ခွေးအမျိုးအစားများဖြစ်ကြပြီး မှန်ကန်သောနေထိုင်စားသောက်မှုပုံစံနဲ့ နေထိုင်မည်ဆိုပါက (၁၅) နှစ်နဲ့အထက် အသက်ရှင်သန်နိုင်ကြပါတယ်။ သူတို့အတွက် မပူလွန်း မအေးလွန်းသည့် နေရာများကိုလည်း နှစ်သက်ကြပါတယ်။
၁၅။ Whippet
ဒီခွေးအမျိုးအစားများကို Greyhound ရဲ့ အငယ်စားဗာရှင်းလို့လည်း ခေါ်ကြပေမယ့် အပြေးမြန်ပြီး တစ်နာရီကို (၃၅) မိုင်နှုန်း ပြေးလွှားနိုင်ကြတဲ့ ခွေးအမျိုးအစားတွေ ဖြစ်ကြပါတယ်။ အခြားသော ကျန်းမာရေးကောင်းမွန်တဲ့ ခွေးအမျိုးအစားများကဲ့သို့ (၁၅) နှစ်အထိ အသက်ရှင်သန်လိုပါက ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန်လိုအပ်ပါတယ်။
<Unicode Version>
၁။ Australian Cattle Dog
၂။ Australian Shepherd
ဒီခွေးအမျိုးအစားများဟာ လယ်သမားများရဲ့ လက်စွဲတော် ခွေးအမျိုးအစားများလို့ပြောနိုင်ပြီး သူတို့ရဲ့ ဖျတ်လတ်တဲ့ နေထိုင်မှုပုံစံကြောင့် မည်သည့်နေရာမျိုးတွင်မဆို (၁၂) နှစ်မှ (၁၅) နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။
၃။ Basenjis
၎။ Beagle
၅။ Belgian Malinois
၆။ Bichon Frise
၇။ Chihuahua
၈။ German Pinscher
၉။ Greyhound
၁၀။ Havanese
၁၁။ Miniature Schnauzer
၁၂။ Pomeranian
၁၃။ Poodle
၁၄။ Pug
၁၅။ Whippet
<Zawgyi Version>
#HM(Soshwe)
#SoshweAnimals
#SoshweForYourDailyLife
#Like&Share
About admin
Check Also
ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။
လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro