Breaking News

အာဆင်နယ်ကို အနိုင်ရခဲ့သည့်အတွက် မန်စီးတီးနည်းပြဂွါဒီယိုလာကျေနပ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့သည့်အတွက် ကျေနပ်အားရမိကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးအဂွေရိုက အသင်းအတွက် အထူးခြေစွမ်းပြ ကစားခဲ့ပြီး ဟက်ထရစ်သွင်းဂိုးသွင်းယူနိုင်ခဲ့ကာ ပွဲအပြီးမှာ အခုလိုပဲ အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးက ရပ်တည်နေတဲ့ လီဗာပူးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

ယခုလိုမျိုး အာဆင်နယ်အသင်းကို အနိုင်ရခဲ့သည့်ပွဲနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “နယူးကာဆယ်နဲ့ပွဲမှာ ကျွန်တော်တို့က ပွဲအစတစ်မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးတွေထပ်ရဖို့ အကြိမ်ကြိမ် မကြိုးစားတော့ပါဘူး။ အသင်းက တိုက်ပွဲဝင်စိတ်ဓာတ်မရှိတော့ဘဲ ဒုတိယဂိုးထပ်သွင်းဖို့ လုံလောက်တဲ့ ကျစ်လျစ်မှု မရှိခဲ့ပါဘူး။ အဲ့ဒီပွဲအပြီး နောက်ထပ်ရက်အနည်းငယ်အကြာမှာ ကစားတော့လည်း အခုလိုပဲ ပထမဆုံးတစ်မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့က ဒုတိယဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ကြပြီး အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။”

“နယူးကာဆယ်နဲ့ပွဲကနေ ကျွန်တော်တို့ ကြီးမားတဲ့ သင်ခန်းစာတစ်ခုရခဲ့တယ်လို့ ထင်ပါတယ်။ အခု အာဆင်နယ်နဲ့ပွဲမှာ ဒီလိုမျိုးစွမ်းဆောင်နိုင်တော့လည်း ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဂုဏ်ယူရပါတယ်။” ဆိုပြီး ပြောကြားခဲ့သလို ကြားရက်မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကြိုအဖြစ် ကစားရမယ့် ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဂွါဒီယိုလာက “ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ ကြားရက်မှာ ကျွန်တော်တို့ တစ်သင်းပဲ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး သူတို့အိမ်ကွင်းမှာ ကျွန်တော်တို့ သုံးမှတ်ရအောင် ကြိုးစားရမှာပါ။ ကျွန်တော့် စိတ်ထဲမှာ ယာဂင်ကလော့ပ်နဲ့ သူ့ကစားသမားတွေအကြောင်းကို မစဉ်းစားပါဘူး။”

“သတင်းစာရှင်းလင်းပွဲတိုင်းမှာ ကျွန်တော်တို့က လီဗာပူးနဲ့ပတ်သက်ပြီး ဘာတွေစဉ်းစားနေလဲဆိုတဲ့  မေးခွန်းတွေကိုမေးပြီး လီဗာပူးအသင်းကို ဖိအားပေးတယ်။ နောက်ပြီး ကျွန်တော်တို့ကို ဖိအားပေးကြပါတယ်။ တကယ်တမ်းတော့ ကျွန်တော့် စိတ်ထဲမှာ သူတို့အကြောင်း ဘာမှမတွေးပါဘူး။ ကျွန်တော်တို့ လုပ်ရမယ့် တစ်ခုတည်းသောအရာက ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ဖြစ်သလို ဒီအရာကပဲ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပြီး ပွဲစဉ်အားလုံးကို အနိုင်ကစားသွားမှာပါ။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကြာသပတေးနေ့ နံနက်အစောပိုင်းမှာ အဲဗာတန်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေမှာတွင် အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro