HomeSportမန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပါက ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း (၂၀၀) ရရှိမည်။

မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပါက ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း (၂၀၀) ရရှိမည်။

- Advertisement -

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နည်းပြဟောင်း မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ပြီးနောက် ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ဆိုးလ်ရှားကို ခန့်အပ်ထားပြီးဖြစ်သော်လည်း အသင်းရဲ့ အမြဲတမ်းနည်းပြရာထူးအတွက် နည်းပြသစ်ရဲ့ နာမည်ကို တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

ဆိုးလ်ရှားအနေနဲ့ လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းနည်းပြဘဝ ပြိုင်ပွဲစုံ (၁၀) ပွဲဆက်တိုက် ရှုံးပွဲမရှိ စွမ်းဆောင်ထားနိုင်သော်လည်း အသင်းတာဝန်ရှိသူများကမူ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုတဲ့ ဆန္ဒမရှိဘဲ စပါးနည်းပြပိုချက်တီနိုကို ခန့်အပ်ဖို့ မျက်စိကျနေတယ်လို့လည်း သတင်းများက  ဖော်ပြလျက်ရှိပါတယ်။ သို့သော်လည်း The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ အမြဲတမ်းနည်းပြရာထူးအတွက် တရားဝင်ခန့်အပ်ပြီးပါက ဘယ်နည်းပြကို ခန့်အပ်ခဲ့သည်ဖြစ်စေ အဆိုပါနည်းပြအတွက် အသင်းတစ်သင်းလုံးကို စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် လာမယ့်အပြောင်းအရွှေ့မှာ  ပြောင်းရွှေ့ကြေးအသုံးစရိတ်များ လုံလုံလောက်လောက် ထုတ်ပေးသွားမှာဖြစ်ကြောင်း သိရှိရပြီး ကစားသမားအသစ်ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) အထိ ထုတ်ပေးသွားရန် ဆုံးဖြတ်ချက်ချပြီးဖြစ်ကြောင်း သိရှိရပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဗဟိုနောက်ခံလူ နဲ့ တိုက်စစ်မှူးနေရာများအတွက် ကစားသမားအသစ်ရှာဖွေနေပြီး ဗလင်စီယာ ဒါမီယန်တို့ ထွက်ခွာရန် စိုင်းပြင်းနေတဲ့ ညာနောက်ခံလူနေရာအတွက်လည်း ကစားသမားအင်အားဖြည့်တင်းရန် စီစဉ်နေတာလည်း ဖြစ်ပါတယ်။

- Advertisement -

လက်ရှိအချိန်မှာတော့ ယာယီနည်းပြဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့အတွက် အထူးရေပန်းစားနေပေမယ့် ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့နဲ့တာဝန်ရှိသူများကတော့ အမြဲတမ်းနည်းပြရာထူးအတွက် အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ကြောင်း အတိအလင်း ကြေညာထားပြီးလည်း ဖြစ်ပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...