HomeSportရပ်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားဖွင့်ဟပြောကြား။

ရပ်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားဖွင့်ဟပြောကြား။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့သည့် လက်စတာအသင်းနဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါပွဲရဲ့ ပွဲကစားချိန် (၉) မိနစ်မှာ အသင်းရဲ့ အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်လာတဲ့ ရပ်ရှ်ဖို့ဒ်က အသင်းဖော်ကွင်းလယ်ကစားသမား  ပေါ့ဘာမှ လှလှပပဖန်တီးပေးလိုက်သည့် ဘောလုံးကို တစ်ချက်ထိန်းပြီး အပိုင်ကန်သွင်းကာ မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အသက် (၂၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒုတိယပိုင်းမှာတော့ ဒဏ်ရာကြောင့် ပွဲပြီးဆုံးသည်အထိ ဆက်လက်ကစားနိုင်တော့ခြင်းမရှိဘဲ ပွဲကစားချိန် (၇၈) မိနစ်မှာ အခြားသောတိုက်စစ်မှူးတစ်ဦးဖြစ်သည့် လူကာကူနဲ့ လူစားလဲခံခဲ့ရပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက “သူ(ရပ်ရှ်ဖို့ဒ်)က ပွဲစဉ်အများအပြား ကစားခဲ့ရတာကြောင့် အစပိုင်းမှာ သူ့ခြေထောက်က ထုံထိုင်းသွားပေမဲ့ ဒီဒဏ်ရာကို သူကအကောင်းဆုံးရုန်းကန်ပြီး ကြိုးစားကျော်ဖြတ်ခဲ့ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

- Advertisement -

ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀) ကစားပြီးသည့်အချိန်တွင် (၁၀) ဂိုးသွင်းယူပေးထားနိုင်ပြီး နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲတွင် (၇) ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read