Breaking News

ဒိုင်ယာနာမင်းသမီး မကွယ်လွန်ခင် ပြောသွားသောစကား။

(၁၉၉၇) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်ရာ ကားအက်စီးဒင့်ဖြစ်ရပ်ဟာ မင်းသမီးဒိုင်ယာနာရဲ့ တိုင်းပြည်အတွက်သာမက တစ်ကမ္ဘာလုံးကိုပါ အံ့သြတုန်လှုပ်စေခဲ့ပါတယ်။ ဒီယာဉ်တိုက်မှုဖြစ်ရပ်နဲ့ပတ်သက်ပြီး မျက်မြင်သက်သေများက ထင်ကြေးအမျိုးမျိုးပေးပြီး မသေချာ မရေရာတဲ့ ဇာတ်လမ်းများကို  ပြောနေဆဲပဲဖြစ်ပါတယ်။

ပထမဆုံးသော အချက်အလက်မှတ်တမ်းတစ်ခုကတော့ ဆိုးရွားတဲ့ ယာဉ်တိုက်မှုဖြစ်ရပ်ကြောင့်  ဆေးရုံသို့ရောက်ရှိလာတဲ့ ဒိုင်ယာနာမင်းသမီးကို ကုသမှုများ ပြုလုပ်ပေးခဲ့သည့် ပြင်သစ်ဆရာဝန် ဖရီဒရစ်မိုင်လီယက်ဇ်က သူ့အနေနဲ့ လူနာကိုကုသမှုများ ပြုလုပ်ပေးနေသည့်တိုင်အောင် ဒိုင်ယာနာမင်းသမီးမှန်း သတိမထားမိခဲ့ကြောင်း ပြန်လည်ဖွင့်ဟပြောကြားလာပါတယ်။ ဒိုင်ယာနာမင်းသမီးဟာ အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး နာကျင်မှုကြောင့်လည်း သည်းထန်စွာငိုကြွေးနေခဲ့ကြောင်း၊ သူမ သတိလက်လွတ်ဖြစ်သွားသည့်အချိန်အထိ ဒဏ်ရာများကြောင့် ဘယ်လောက်အထိ နာကျင်ခံစားခဲ့ရကြောင်း အကြိမ်ကြိမ် အဖန်ဖန် ပြောကြားသွားခဲ့ကြောင်းကို ပြင်သစ်ဆရာဝန်က ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

တခြားသောမှတ်တမ်းတစ်ခုအရ ဒိုင်ယာနာမင်းသမီးဟာ ဒီအချိန်မှာ “အိုးမိုင်ဂေါ့၊ ငါ့ကိုတစ်ယောက်တည်း ထားခဲ့ပေးကြပါ။” ဆိုပြီးတော့လည်း အော်ဟစ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒိုင်ယာနာမင်းသမီးကွယ်လွန်ခြင်း နှစ် (၂၀) ပြည့်သည့်တိုင် ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်အထိ ဒိုင်ယာနာမင်းသမီးနောက်ဆုံးပြောကြားသွားသည့် စကားများနဲ့ ပတ်သက်ပြီး ပုံပြင်များ၊ ယုံတမ်းစကားများကလည်း အမျိုးမျိုးထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ ဒိုင်ယာနာမင်းသမီး ကွယ်လွန်တဲ့ နှစ် (၂၀) ပြည့်မြောက်ခဲ့သည့် (၂၀၁၇) ခုနှစ်တွင် ပြင်သစ်မီးသတ်သမားတစ်ဦးဖြစ်သည့် ဟာဗီယာဂေါ်မယ်လွန်က သူနဲ့ သူ့ရဲ့ မီးသတ်အဖွဲ့ဝင်တွေဟာ ဒိုင်ယာနာမင်းသမီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့နေရာကို ပထမဆုံးရောက်ရှိသွားခဲ့ကြောင်း၊ သူ့အနေနဲ့ ဒိုင်ယာနာမင်းသမီးနံဘေးတွင် ရှိနေခဲ့သည့်တိုင်အောင် ဒိုင်ယာနာမင်းသမီးမှန်း သတိမထားမိခဲ့ကြောင်း၊ ဒိုင်ယာနာမင်းသမီးကို သူမစီးနင်းလိုက်ပါလာတဲ့ မာစီးဒီးကားအတွင်းမှ ကယ်ထုတ်ပြီး သူမရဲ့ နှလုံးမရပ်ခင် အချိန်ကာလအတွင်း၌ “ဘုရားသခင် ဘာတွေဖြစ်ကုန်ပြီလဲ။” ဆိုပြီး ပြောကြားသွားခဲ့ကြောင်း၊ သူ့အနေနဲ့ ဒိုင်ယာနာမင်းသမီးကို  ရှေးဦးသူနာပြုကုထုံးများနဲ့ ပြုစုပေးခဲ့ကြောင်း၊ ဒါပေမဲ့ ဒီဖြစ်ရပ်ကို လက်ရှိအချိန်ထိ လျှို့ဝှက်ထားခဲ့ရပြီး ဒိုင်ယာနာမင်းသမီး သေဆုံးမှုအတွက် သက်သေအဖြစ် ထွက်ဆိုချိန်မှအပ ကျန်သောအချိန်များတွင် မီးသတ်ဌာနရဲ့ စည်းကမ်းများအရ မီဒီယာများကို တစ်စုံတစ်ရာပြောကြားခွင့်မရှိခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

About admin

Check Also

၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။

ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro