Breaking News
Liverpool's Roberto Firmino (right) celebrates scoring his side's first goal of the game Liverpool's Virgil van Dijk (centre) and Liverpool's Sadio Mane

ဒီရာသီအတွင်း ပရီးမီးယားလိဂ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် ကစားသမားများ။

၁။ Salomon Rondon (နယူးကာဆယ်)

 

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့တွင် မီဂွယ်လ်အယ်လ်မီရွန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုဖြစ်သည့် ပေါင် (1209၂၁) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ သို့သော်လည်း ကျွမ်းကျင်သူများရဲ့ အဆိုအရ အသင်း၌ရှိပြီးသား တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဆယ်လ်မွန်ရွန်ဒွန်ကသာ ဒီရာသီ နယူးကာဆယ်အသင်း ပရီးမီးယားလိဂ်၌ ဆက်လက်ရှင်သန်နိုင် မရှင်သန်နိုင်ကို ဆုံးဖြတ်ပေးမှာဖြစ်ကြောင်း သုံးသပ်ပေးသွားခဲ့ပါတယ်။

ရွန်ဒွန်ဟာ ပင်နယ်တီဧရိယာထဲမှာ အမြင့်ဘောကျွမ်းကျင်တဲ့ ကစားသမားတစ်ဦးဖြစ်သလို အသင်းရဲ့ ရှေ့တန်းတွင်လည်း အကောင်းဆုံး ရွေ့လျားကစားပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့သည့် ကြားရက်တွင် ကစားခဲ့သည့် မန်စီးတီးအသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးတစ်ဂိုးနဲ့ အံ့အားသင့်ဖွယ်အနိုင်ရခဲ့သည့်ပွဲတွင်လည်း အသင်းအတွက် အရေးပါသည့်ချေပဂိုးတစ်ဂိုးကို အကောင်းဆုံးသွင်းယူပေးနိုင်ခဲ့ပါတယ်။

 

၂။ Gonzalo Higuain (ချဲလ်ဆီး)

 

ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဟီဂွါအင်ကို ချဲလ်ဆီးနည်းပြဆာရီက လန်ဒန်ကလပ်အသင်းထံ အရခေါ်ယူနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းထံ အငှားနဲ့သွားရောက်ကစားနေတဲ့ ဟီဂွါအင်ဟာ အီတလီစီးရီးအေကလပ်အသင်းဖြစ်တဲ့ နာပိုလီအသင်းတွင် ကစားနေစဉ်က နည်းပြဆာရီနဲ့ လက်တွဲခဲ့ဖူးသည့် တပည့်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ဆာရီဟာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးများဖြစ်သည့် ဂျီရူး၊ မိုရာတာတို့ရဲ့ ခြေစွမ်းကို သဘောကျနှစ်သက်ခြင်းမရှိဘဲ အသင်းရဲ့ တိုက်စစ်ပိုင်းပြဿနာအတွက် ဟာဇက်ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေပြီးဖြေရှင်းနေရတာကြောင့် အခုလိုပဲ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဟီဂွါအင်ကို အရခေါ်ယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့သည့် စနေနေ့က ကစားခဲ့တဲ့ ဟက်ဒါဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတွင်လည်း ဟီဂွါအင်က အသင်းအတွက် နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီး  ဆာရီရဲ့ နည်းစနစ်များနဲ့ အံဝင်သည့်ကစားသမားတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အဆင့် (၄) နေရာကို အာဆင်နယ်၊ မန်ယူအသင်းတို့နဲ့အတူ အပြိုင်အဆိုင်ကြိုးပမ်းနေရတဲ့ ချဲလ်ဆီးအသင်းအတွက် ဟီဂွါအင်က တိုက်စစ်မှာအကောင်းဆုံး အဆုံးအဖြတ်တွေပေးသွားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။

 

၃။ Virgil Van Dijk (လီဗာပူး)

 

ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးချိန်မှစပြီး အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို အကောင်းဆုံး ဦးဆောင်ပြီး ရာသီကုန်မှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေပြီလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့သည့် ဘောလုံးရာသီရဲ့ ဇန်နဝါရီ  ဆောင်းရာသီအပြောင်းအရွှေ့တွင်  ဆောက်သမ်တန်အသင်းရဲ့  နောက်ခံလူ ဗန်ဒိုက်ခ်ျကို ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ ခံစစ်ပိုင်းက သိသိသာသာ တိုးတက်ကောင်းမွန်ခဲ့သလို လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်မှာလည်း ပွဲစဉ် (၂၄) အထိ ကစားပြီးချိန်အထိ ပေးဂိုး (၁၄) ဂိုးသာ ရှိထားကာ ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိပါတယ်။

သို့သော်လည်း လီဗာပူးအသင်းအနေနဲ့ ယခုဖေဖော်ဝါရီလနဲ့မတ်လအတွင်း၌ ပွဲကြပ်များကို ဆက်တိုက် ရင်ဆိုင်ရမည်ဖြစ်ပြီး ယူနိုက်တက်အသင်း၊ အဲဗာတန်အသင်းများကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းကိုလည်း အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံရင်ဆိုင်ရဦးမှာဖြစ်တာကြောင့် ဒီပွဲတွေမှာသာ ဗန်ဒိုက်ခ်ျဦးဆောင်တဲ့ လီဗာပူးခံစစ်နဲ့ တိုက်စစ်ပိုင်းက ဟန်ချက်ညီညီ ခြေစွမ်းပြနိုင်ခဲ့ပါက နှစ်ပေါင်းအတန်ကြာ ဝေးကွာနေခဲ့တဲ့ အမှတ်ပေးဖလားကို လီဗာပူးတို့ ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

 

၎။ Son Heung-Min (စပါး)

 

စပါးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် ဆွန်ဟောင်မင်ဟာ ပြီးခဲ့သည့်လအတွင်းက လက်ရွေးစင်အသင်းဖြစ်သည့် တောင်ကိုရီးယားအသင်းနဲ့ အာရှဖလားပြိုင်ပွဲကို သွားရောက်ဆင်နွှဲခဲ့ရပေမယ့် အစောပိုင်း ကွာတားဖိုင်နယ်အဆင့်မှာတင် ကာတာအသင်းရဲ့ အနိုင်ယူကျော်ဖြတ်ခြင်းကို ခံရတာကြောင့် ဆွန်ဟောင်မင်တစ်ယောက် စပါးအသင်းနဲ့ လျင်လျင်မြန်မြန်ပဲ ပြန်လည်ပူးပေါင်းနိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ အသင်းအတွက် ပထမဆုံး ပြန်လည်ကစားပေးနိုင်ခဲ့တဲ့ပွဲတွင်ပဲ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ဝက်ဖို့ဒ်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

အသင်းရဲ့ အဓိကတိုက်စစ်မှူးများဖြစ်တဲ့ ဟာရီကိန်း၊ အလီတို့ ဒဏ်ရာပြဿနာများကြောင့် မတ်လအထိ အနားယူရမည့် အခြေအနေမှာ စပါးနည်းပြ ပိုချက်တီနိုအတွက် ဆွန်ဟောင်မင်က အဓိကအားထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ဂိုးသွင်းနှုန်း၊  ပြေးအား၊  နောက်ခံလူများကို  ကျော်ဖြတ်မှုနှုန်းများက လာမည့် ရက်သတ္တပတ် (၆) ပတ်ခန့်ကာလအတွင်းမှာ စပါးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသက်ဆက်နိုင်အောင် စွမ်းဆောင်ပေးနိုင်မလား၊ ပရီးမီးယားလိဂ်တွင်ရော ထိပ်ဆုံးလေးသင်းအတွင်း ဆက်လက်ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်မလား စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro