Queen Elizabeth II ဟာ ဒေါ်လာသန်းပေါင်း (၅၃၀) ခန့်ကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်ပြီး ဒီပမာဏက သူမကို ဥရောပရဲ့ အချမ်းသာဆုံးဧကရာဇ်များထဲက တစ်ဦးအဖြစ် မှတ်တမ်းတင်စေခဲ့ပါတယ်။ သူမရဲ့ ကြွယ်ဝချမ်းသာမှုအများစုဟာ အစိုးရရဲ့ ဝင်ငွေများအပါအဝင် Balmoral ရဲတိုက်ကဲ့သို့သော နေရာတေေွကနေ ရရှိခဲ့တာဖြစ်ပါတယ်။
ဒ့ါအပြင် ဘုရင်မကြီးဟာ မြင်းတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်မြင်းစီးခြင်းကို ဝါသနာမပါသလို မြင်းပြိုင်ပွဲတွေကို ကြည့်ရှုရတာကိုလည်း ဝါသနာမပါဘဲ သူမရဲ့ ကိုယ်ပိုင်မြင်းကို ပြိုင်ပွဲများဝင်ပြိုင်စေခြင်းအား နှစ်သက်သဘောကျသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Myracing.com ရဲ့ အချက်အလက်များအရ (၁၉၈၈) ခုနှစ်နဲ့ (၂၀၁၇) ခုနှစ်ကာလအတွင်းမှာ အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ မြင်း “Majesty” ဟာ ပြိုင်ပွဲပေါင်း (၂,၈၃၀) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီပြိုင်ပွဲများထဲကမှ (၄၅၁) ပွဲကို အနိုင်ရရှိခဲ့ပါတယ်။
ဒီလိုမျိုးအနိုင်ရရှိခြင်းဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲများရဲ့ (၁၆) ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့တဲ့ရလဒ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အဲလစ်ဇဘက်ဘုရင်မကြီးဟာ မြင်းပြိုင်ပွဲများမှတစ်ဆင့် ပေါင် (၆.၇) သန်းကျော် (ဒေါ်လာ (၉.၄) သန်း) ကိုရှာဖွေနိုင်ခဲ့ပြီးဖြစ်သလို အအောင်မြင်ဆုံးမြင်းပိုင်ရှင်များနေရာတွင်လည်း အဆင့် (၁၁) နေရာမှာ ရပ်တည်နေပါတယ်။
သူမရဲ့ အအောင်မြင်ဆုံးနှစ်များအတွင်းမှ တစ်နှစ်ကတော့ (၂၀၁၆) ခုနှစ်ဖြစ်ပြီး အဲ့ဒီတစ်နှစ်အတွင်းမှာ သူမရဲ့မြင်း Majesty က (၅၅၇,၆၅၀) ပေါင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အဲလစ်ဇဘက်ဘုရင်မကြီးဟာ Majesty ရဲ့ သားဖောက်ရာနေရာကိုလည်း တစ်နှစ်တစ်ခါ ပုံမှန်လာရောက်လည်ပတ်လေ့ရှိပြီး နံနက်ခင်းတိုင်းမှာလည်း မြင်းပြိုင်ပွဲများရဲ့ ရလဒ်များကို စာရင်းပြုလုပ်ထားတဲ့ နေ့စဉ်ထုတ်သတင်းစာများကို ဖတ်ရှုရင်း အချိန်ကုန်လေ့ရှိကြောင်း သိရှိရပါတယ်။
အဲလစ်ဇဘက်ဘုရင်မကြီးဟာ သူမအသက် (၃) နှစ်အရွယ်မှစတင်ကာ မြင်းစီးခြင်းကို စတင်သင်ကြားခဲ့ပြီး သူမနဲ့ သူမရဲ့ညီအစ်မတော်စပ်သူ မင်းသမီးမာဂရက်တို့ဟာ အသက် (၄) နှစ်အရွယ်တည်းက ကိုယ်ပိုင်မြင်းကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပါတယ်။ အသက် (၉၆) နှစ်အရွယ်ရှိပြီဖြစ်သူ အဲလစ်ဇဘက်ဟာ လက်ရှိအချိန်ထိ သူမချစ်မြတ်နိုးတဲ့မြင်းများကို ကောင်းမွန်စွာစီးနိုင်သေးတယ်လို့လည်း သိရှိရပါတယ်။
<Unicode Version>
မြင်းစီးပြိုင်ပွဲများမှတစ်ဆင့် ဒေါ်လာ (၉) သန်းကျော်ရှာဖွေနိုင်ခဲ့တဲ့ အဲလစ်ဇဘက်ဘုရင်မကြီး။
<Zawgyi Version>
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share