အမေရိကန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည့် ခရစ္စပရတ်နဲ့ စာရေးဆရာမ ကက်သရင်းရှဝါဇနီဂါတို့နှစ်ဦးဟာ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က စေ့စပ်ကြောင်းလမ်းခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်မှာတော့ Access ဆိုသည့် ရုပ်သံအစီအစဉ်တစ်ခုမှ သူတို့ နှစ်ယောက်နဲ့ပတ်သက်သည့် ဗီဒီယိုတစ်ခုကို ပရိသတ်တွေရှေ့မှောက်ကို ပြန်လည် ယူဆောင်လာခဲ့ပါတယ်။
Access ရုပ်သံအစီအစဉ်ကို ဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ ခရစ္စပရတ်ကို ရုပ်သံအစီအစဉ်တင်ဆက်သူများက ခရစ္စပရတ်ကိုယ်တိုင်တောင် မြင်ဖူးခဲ့ဖွယ်မရှိတဲ့ ဗီဒီယိုတစ်ခုကို ထုတ်ပြခဲ့ပြီး သူ့ရဲ့ တုံ့ပြန်ပုံကတော့ တကယ်ကို ချစ်စရာကောင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ ရုပ်သံအစီအစဉ်တင်ဆက်သူများက ကက်သရင်းကို သူမအနှစ်သက်ဆုံး ဟောလိဝုဒ်စတားတစ်ယောက်ရဲ့ နာမည်ကို မေးမြန်းခဲ့ရာ ကက်သရင်းက စစချင်းမှာ ခရစ္စအီဗန်စ်လို့ ဖြေကြားခဲ့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူမရဲ့ လက်ရှိ စေ့စပ်ကြောင်းလမ်းထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ခရစ္စပရတ်ရဲ့ နာမည်ကို ပြန်ပြောင်းပြောကြားခဲ့ပါတယ်။
ဒီဗီဒီယိုကို ခရစ္စပရတ်တစ်ယောက် ကြည့်ရှုခဲ့ပြီးနောက်မှာတော့ “သူမက ခရစ္စအီဗန်စ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော့်အသည်းတွေ ကွဲခဲ့ရတယ်ဗျာ။ ဒါပေမဲ့ သူမက ချက်ချင်းဆိုသလို ကျွန်တော့်ကို ပြန်ပြီး ကယ်ဆယ်သွားခဲ့ပါတယ်။” ဆိုပြီး မှတ်ချက်ပေးသွားခဲ့သလို “ဒါခင်ဗျားတို့ လုပ်ခဲ့တာပဲ။” ဆိုပြီး ရုပ်သံအစီအစဉ်တင်ဆက်သူများနဲ့လည်း နောက်ပြောင်ကျီစယ်သွားပါတယ်။
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share