အမေရိကန်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အရီယာနာဂရန်ဒီဟာ “7 Rings” လို့ အဓိပ္ပါယ်ရတဲ့ ဂျပန်ဘာသာနဲ့ ရေးထိုးထားတဲ့ တက်တူးတစ်ခုကို ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ရေးထိုးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမရဲ့ တက်တူးကို တွစ်တာစာမျက်နှာပေါ်မှာ ထုတ်ဖော်ကြွားဝါခဲ့ပေမယ့် အရီယာနာဂရန်ဒီတစ်ယောက် မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တွစ်တာအသုံးပြုသူ ပရိသတ်များကတော့ အရီယာနာဂရန်ဒီရဲ့ တက်တူးအပေါ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဒီဂျပန်ဘာသာစကားနဲ့တက်တူးဟာ “7 Rings” ဆိုတဲ့ အဓိပ္ပါယ်မဟုတ်တဲ့အကြောင်း ဝေဖန်ထောက်ပြခဲ့ပါတယ်။ ပရိသတ်တွေကတော့ “တော်တော်ရယ်ရတဲ့ ကိစ္စပါပဲ။ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က bbq grill လို့ အဓိပ္ပါယ်ရပါတယ်။” ဆိုပြီး ရေးသားခဲ့ကြပါတယ်။
တကယ်တမ်းမှာတော့ အရီယာနာဂရန်ဒီရဲ့ လက်ဖဝါးပေါ်မှာ ရေးထိုးခဲ့တဲ့တက်တူးမှာ စာလုံးတစ်လုံး ကျန်သွားခဲ့တာဖြစ်ပြီး အရီယာနာဂရန်ဒီကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး “တကယ်တော့ つの指 ဆိုတဲ့ စာလုံးတစ်လုံးကျန်သွားခဲ့တာပါ။ အခုချိန်ထိ ဒီတက်တူးထိုးထားတဲ့ဒဏ်က သေလောက်အောင် နာကျင်နေတုန်းပါ။ စာလုံးလေးတစ်လုံး ထိုးပြီးတဲ့အထိတောင် ကျွန်မ မခံနိုင်ပါဘူး။ ဒါပေမဲ့ အခု ပြောတဲ့အတိုင်းသာ အဓိပ္ပါယ်က လွဲချော်နေတယ်ဆိုရင် ကျွန်မရဲ့ အရေခွံကို ပြန်ခွာမှာဖြစ်ပြီး နောက်တစ်ကြိမ် အနာခံပြီး တက်တူးအသစ်ထပ်ထိုးမှာပါ။” ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။
ဒါပေမဲ့ သူမရဲ့ ဖြေရှင်းချက်ကို မကြာခင်မှာပဲ ပြန်လည်ဖျက်ချသွားခဲ့ပြီး ဂျပန်စာကို ကောင်းကောင်းနားလည်သူတစ်ယောက်ရဲ့ အကူအညီနဲ့အတူ တက်တူးအသစ်ကို ပြန်လည် ရေးထိုးခဲ့တဲ့ အရီယာနာဂရန်ဒီတစ်ယောက် မနေ့ညက သူမရဲ့ Instagram စာမျက်နှာမှတစ်ဆင့် တက်တူးအသစ်ကို ထပ်မံထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ အရီယာနာဂရန်ဒီလိုချင်တဲ့ “7 Rings” ဆိုတဲ့ အဓိပ္ပါယ်ကို ရရှိဟန်မပေါ်သေးဘဲ တွစ်တာအသုံးပြုသူတစ်ယောက်ကတော့ အရီယာနာဂရန်ဒီရဲ့ တက်တူးကို screenshot ရိုက်ကူးပြီး ဒီတက်တူးရဲ့ အဓိပ္ပါယ်က “Japanese BBQ finger” ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတဲ့အကြောင်း ဝေဖန်ထောက်ပြသွားပြန်ပါတယ်။
Why… how… now Ariana’s tattoo reads “Japanese BBQ finger” 💅 pic.twitter.com/zC2LxSKJtI
— Eimi Yamamitsu | 山光瑛美 (@eimiyamamitsu) January 31, 2019
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share