HomeEntertainmentကွယ်လွန်သွားပြီဖြစ်တဲ့ အချစ်တော်ခွေးလေးအတွက် ရည်ရွယ်ပြီး တက်တူးထိုးမယ့် Demi Lovato

ကွယ်လွန်သွားပြီဖြစ်တဲ့ အချစ်တော်ခွေးလေးအတွက် ရည်ရွယ်ပြီး တက်တူးထိုးမယ့် Demi Lovato

- Advertisement -

ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ ဒီမီလိုဗာတိုရဲ့ အချစ်တော် ခွေးလေး Buddy ဟာ လွန်ခဲ့သောလေးနှစ်ခန့်က ဝံပုလွေများရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် ဒီမီလိုဗာတိုကတော့ လက်ရှိအချိန်အထိ သူမရဲ့ ခွေးလေးကို စိတ်ထဲမှာ အမှတ်ရနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Buddy အတွက် ရည်ရွယ်ပြီး ခြေချင်းဝတ်မှာ တက်တူးတစ်ခု ထိုးသွားမှာဖြစ်တဲ့အကြောင်းကို သူမရဲ့ Instagram Stories ကတစ်ဆင့် ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

ဒီမီလိုဗာတိုရဲ့ ဖော်ပြချက်အရ လာမယ့်ရက်သတ္တပတ်အတွင်းမှာတင် Buddy ရဲ့ မျက်နှာပုံပန်းသွင်ပြင်ကို သူမရဲ့ ခြေချင်းဝတ်မှာ ရေးထိုးသွားမှာဖြစ်ပြီး အဲ့ဒီရုပ်ပုံလေးရဲ့ အောက်မှာတော့ “Buddy was here” ဆိုတဲ့ စာတန်းလေးတစ်ခုကိုပါ ရေးထိုးသွားမယ်လို့ သိရှိရပါတယ်။

ခွေးလေး Buddy ဟာ သူမရဲ့ ချစ်သူဟောင်းဖြစ်သည့် ဝီလ်မာဗယ်လ်ဒါရာမာနဲ့ သူမတို့နှစ်ဦးပိုင် ခွေးလေးတစ်ကောင်ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်အတွင်းမှာ အခုလိုမျိုး ဖြစ်ရပ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ Buddy ကို ဆုံးရှုံးပြီးပြီးချင်းအချိန်မှာလည်း ဒီမီလိုဗာတိုက သူမရဲ့ Instagram မှတစ်ဆင့် “Buddy ဟာ အလွန်ကြေကွဲဖို့ကောင်းတဲ့ မတော်တဆဖြစ်ရပ်ကြောင့် ကျွန်မတို့ရဲ့ အဝေးကို ထွက်သွားပါပြီ။ ဒီလိုကိစ္စမျိုးဖြစ်ပျက်လာလိမ့်မယ်လို့ ကျွန်မ စဉ်းတောင်မစဉ်းစားခဲ့ဖူးပါဘူး။ ဘုရားက ကျွန်မတို့အတွက် ဒီလိုဖြစ်ရပ်မျိုးကို ဖန်ဆင်းပေးခဲ့ပြီး ကျွန်မတို့ကလည်း ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားရမှာပါ။” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ်။

- Advertisement -

ဒါပေမဲ့ ဒီမီလိုဗာတိုလက်ရှိထိုးမယ့် Buddy အမှတ်တရ တက်တူးဟာ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပထမဆုံးရေးထိုးမယ့် တက်တူးမဟုတ်ဘဲ ပြီးခဲ့တဲ့ စနေနေ့မှာ ဒီမီလိုဗာတိုက သူမရဲ့ လက်ညှိုးပေါ်မှာ နှင်းဆီပုံသဏ္ဍာန်တက်တူးကို သူမအတွက် ပထမဆုံးတက်တူးအဖြစ် ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen − eight =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...