ရက်ပ်အဆိုတော်နှစ်ယောက်ဖြစ်တဲ့ အော့ဖ်ဆက်နဲ့ ကာဒီဘီတို့နှစ်ဦးဟာ သူတို့ရဲ့ ရင်သွေးငယ်လေးကို မွေးဖွားပြီးနောက်ပိုင်း ပြန်လည်အဆင်ပြေဖို့အတွက် ကြိုးပမ်းနေပြီဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ကာဒီဘီကိုယ်တိုင်က ပြောကြားသွားခဲ့ပါတယ်။ နယူးယော့ခ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စနဲ့ပက်သက်ပြီး အမိန့်ချမှတ်မည့် အချိန်ကာလကို ဧပြီလအတွင်း ရွှေ့ဆိုင်းခဲ့ပြီးနောက် တရားရုံးအတွင်းမှ ထွက်ခွာလာခဲ့သည့် ကာဒီဘီကို ပရိသတ်တစ်ယောက်က အော့ဖ်ဆက်နဲ့ ဆက်ဆံရေးအကြောင်း မေးမြန်းခဲ့ရာ “ကျွန်မတို့ အကောင်းဆုံး ကြိုးစားနေပါတယ် . . .” ဆိုပြီး ကာဒီဘီက မဆိုင်းမတွ ဖြေကြားသွားခဲ့ပါတယ်။
ကာဒီဘီနဲ့ အော့ဖ်ဆက်တို့ နှစ်ဦးဟာ အချိန်ကာလတစ်ခုအကြာ ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပြီးမှ လက်ရှိအချိန်တွင် ပြန်လည် အဆင်ပြေသွားပြီဖြစ်ရာ ကာဒီဘီကတော့ အတ္တလန်တာမှာရှိတဲ့ သူတို့ နှစ်ယောက်နေထိုင်ရာနေအိမ်ကို ပြန်သွားဖို့ ပြင်ဆင်နေပြီလို့ TMZ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သူတို့နှစ်ယောက် ပြတ်စဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကာဒီဘီက “ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးအတွက် ကျွန်မ တောင်းပန်ပါတယ်ရှင်။ အခုဆိုရင် ကလေးအတွက် ကျွန်မနဲ့ ကလေးအဖေတို့နှစ်ယောက်က အတူတူ ကြိုးစားနေပါပြီ။ ကျွန်မတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဖြစ်သလို လုပ်ဖော်ကိုင်ဖက်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ ရှင်တို့လည်း သိတဲ့အတိုင်းပါပဲ။ သူက ကျွန်မအတွက်သာဆို အမြဲတမ်း ပြေးလာမယ့်လူတစ်ယောက်ဖြစ်သလို ကျွန်မတို့နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပါတယ်။ ဒါပေမဲ့ အချိန်ကာလအတော်ကြာ ကျွန်မတို့နှစ်ယောက် ပြတ်စဲခဲ့ကြပြီး ဒါကလည်း ဘယ်သူ့အမှားမှ မဟုတ်ပါဘူး။ ဒီလိုမျိုးက ဖြစ်တတ်ပါတယ်။ နှစ်ယောက်ကြားက အချစ်တွေ ကြီးမားလာပြီး နှစ်ယောက်အတူတူ ဆက်နေဖြစ်မယ်လို့ မထင်ခဲ့ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
ဒ့ါအပြင် အော့ဖ်ဆက်ကလည်း ကာဒီဘီနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာများနဲ့ ပတ်သက်ပြီး “အရာအားလုံးနဲ့ ပတ်သက်ပြီး မင်းနိုင်ပါတယ်ကွာ။” ဆိုပြီးတောင်းပန်စကား ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ တောင်းပန်စကားများက ထိရောက်မှုရှိခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ကာဒီဘီနဲ့အော့ဖ်ဆက်တို့ နှစ်ယောက်လုံး တစ်အိမ်တည်းမှာ အတူတကွ ပြန်လည်ပေါင်းဖက်နိုင်ကြတော့မှာလည်း ဖြစ်ပါတယ်။
#HM(1209Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share