Breaking News

Super Bowl ဖျော်ဖြေပွဲကြောင့် တော်တော်လေး နာမည်ကြီးနေတဲ့ Adam Levine

Maroon 5 အဖွဲ့ဟာ Super Bowl ရှိုးပွဲမှာဖျော်ဖြေမယ်ဆိုတဲ့ သတင်းတစ်ပုဒ်က twitter မှာ ပလူပျံပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ အကြောင်းရင်းကတော့ အနုပညာရှင် အမြောက်အများ ( Cardi B မှာအစ Rihanna အဆုံး ) ဒီပွဲကို ငြင်းပယ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီပွဲက ရဲတွေရဲ့ မမျှတမှုတွေ၊ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ NFL Star Colin Kaepernich ကို ထောက်ပံ့ပေးတဲ့ ပွဲတစ်ပွဲဖြစ်နေလို့ပါ။ ဒီလိုအငြင်းအခုံပွားစရာကိစ္စမှာ Maroon 5 ကသူတို့ရဲ့ အောင်မြင်မှုရအောင် ဘာကြောင့် စွန့်စားသလဲဆိုတာကို ဘယ်သူသိနိုင်မလဲ? ဒါပေမယ့် သူတို့ရဲ့ အနုပညာက သန်းတစ်ရာကျော်ရှိတဲ့ ပရိတ်သတ်တွေဆီ ရောက်နိုင်မယ့် အခွင့်အရေး တစ်ခုပါပဲ။

Super Bowl ကရတဲ့ အနုပညာကြေးကတော့ သူ့အတွက် ကြီးကြီးမားမား မဟုတ်နိုင်ပါဘူး ။ ပွဲပြီးသွားရင်လည်း Big Brother Big Sister ပရဟိတအဖွဲ့အစည်းကို ဒေါ်လာ ၅ သိန်း လှူဒါန်းဦးမှာဖြစ်ပါတယ်။

Adam  က The Voice မှာ ဒိုင်လုပ်တုန်းက season တစ်ခုကို ဒေါ်လာ ၁၀ သန်းကနေ ၁၂ သန်းအထိ ပေါက်ကြေးရှိပါတယ်။ စုစုပေါင်း season ၁၆ ခုရှိပါတယ်။ ခန့်မှန်းခြေတွက်ကြည့်တာကတော့ Tax မပါရင် စုစုပေါင်း သန်း ၁၆၀ ကျော်ရရှိခဲ့ပါတယ်။

Maroon 5 အဖွဲ့ကလည်း ဝင်ငွေတွေအများကြီးရရှိခဲ့ပါတယ်။ တစ်ခုသိရမှာကတော့ Adam က သူ့ရဲ့ ရရှိငွေကို အခြားအဖွဲ့ဝင်တွေကိုလည်း ခွဲပေးရမှာဖြစ်ပါတယ်။ အရင်အချိန်တွေတုန်းကလည်း သူတို့ သီချင်းတွေက online ရောင်းတန်းတွေမှာ ထိပ်ဆုံးနေရာတွေမှာ ရှိခဲ့ပါတယ်။ ဒါ့အပြင် အမြတ်အစွန်းတော်တော်ရရှိခဲ့တဲ့ နယ်လှည့်ရှိုးပွဲတွေလည်းမပြတ် ရှိခဲ့သေးပါတယ်။ သူတို့ ဘယ်လောက် ပိုက်ဆံရရှိခဲ့လဲဆိုတာ တွက်ချက်မိမှာပါ။ ၂၀၁၅ တုန်းက နယ်လှည့်ဖျော်ဖြေပွဲမှာဆိုရင် အိမ်ပြန်တော့ ဒေါ်လာ သန်း ၇၀ ကျော်အထိ သယ်သွားနိုင်ခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် Super Bowl က တစ်ကယ့်အမှိုက်ထုတ်ပါ။ Adam ကတော့ လူချမ်းသာတစ်ယောက်ပါ။

 

#YDN(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro