HomeEntertainmentJessica Biel မှ ခင်ပွန်းဖြစ်သူ Justin Timberlake မွေးနေ့ကို ပျော်ရွှင်စွာ ဆင်နွဲ။

Jessica Biel မှ ခင်ပွန်းဖြစ်သူ Justin Timberlake မွေးနေ့ကို ပျော်ရွှင်စွာ ဆင်နွဲ။

- Advertisement -

ဂျက်ဆီကာ ဘိုင်ရယ်က ဂျက်စတင် တင်ဘာလိတ်ခ် မွေးနေ့ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ပေမယ့်  ဟာသနှော ပျက်ချော်ချော် ပိုစ့် တစ်ခုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဂျက်စတင် တင်ဘာလိတ်ခ် ရဲ့ မဟေသီလေးက ဂျက်စတင်ရဲ့ ၃၈ နှစ်ပြည့်မွေးနေ့ ဆုတောင်းလွှာနဲ့အတူ သူတို့နှစ်ယောက် ရေအောက်မှာ ပြုံးရွှင်စွာရိုက်နေတဲ့ ပုံလေးကို တင်ခဲ့ပါတယ်။

- Advertisement -

“ကိုယ့်ရဲ့ smile line တွေရှိလာတာ ကိုယ့်ကို အမြဲတမ်း ရယ်မောစေတဲ့၊ ပျော်ရွှင်စေတဲ့ အချစ်ကိုပဲ အပြစ်တင်ရမယ်။ အဲ့ဒီအတွက် စောဒက မတက်ပါဘူး။ နေ့တိုင်း ကြားရတဲ့ မင်းရဲ့အသံ၊ ချစ်စကားတွေ၊ ရယ်စရာတွေကို တန်ဖိုးထားပါတယ်။ အချစ်ခံရတဲ့ ကံအကောင်းဆုံး မိန်းကလေးလို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူရပါတယ်။ Happy Birthday ပါ ကိုယ့်အချစ်ဆုံးရေ မင်းကိုချစ်တယ် . . . “ ဆိုတဲ့ စာသားချိုချိုလေးတွေနဲ့ မွေးနေ့ဆုတောင်းခဲ့ပါတယ်။

- Advertisement -

အသက်သုံးနှစ်ခွဲ အရွယ်ရှိတဲ့ သားလေးတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ သူတဲ့ အတွဲဟာ လွန်ခဲ့တဲ့ တစ်ရက်က To kill a Mockingbird ဆိုတဲ့  ပြပွဲကြည့်ဖို့အတွက် နယူးယောက်မြို့ကို သွားခဲ့ပါတယ်။

- Advertisement -

Biel နဲ့ Timeberlake တို့လည်း အဲ့ဒီပွဲမှာ အချိန်တော်တော်ကြာကြာ မိတ်ဆွေတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြရပါတယ်။ Madison Square Garden မှာ သွားရောက်ဖျော်ဖြေမယ့်ပွဲမှာလည်း လည်ချောင်းမကောင်းတဲ့ ပြဿနာဖြစ်နေတာကြောင့် အနာယူဖို့လိုအပ်တဲ့အတွက်  ပွဲကိုလည်း အောက်တိုဘာလကနေ သူ့ရဲ့ မွေးနေ့အထိရွေ့ဆိုင်းခဲ့ပါတယ်။

ရှိုးပွဲဖျော်ဖြေဖို့အတွက် သူတို့ဇနီးမောင်နှံနှစ်ဦး ညဘက်ထွက်လာကြတဲ့အခါ  Biel ကတော့ အရမ်းပင်ပန်းနေလို့ အိပ်ပြီး လိုက်လာပါတယ်။ အဲ့ဒီအချိန်မှာသူ့ရဲ့ ဇနီး အိပ်ပျော်နေတာကို ဗီဒီယိုရိုက်ပြီး  မနက်ဖြန် ငါ့ရဲ့ မွေးနေ့ကျင်းပဖို့  ငါ့ရဲ့ ချစ်ဇနီးလေးကတော့ စပြီး ပြင်ဆင်နေပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့ပါတယ်။

https://www.instagram.com/p/BtRxGD5hxCU/

ဗီဒီယို အစမှာတော့ Happy birthday တိုးတိုးလေးပြောပြီး မှေးနေတဲ့ Biel ဘက်ကို camera လှည့်ကာ Happy Birthday လို့ ကျယ်ကျယ်လောင်လောင်အော်ပြီး Biel ကို နှိုးလိုက်ပါတယ်။ Biel က အပြုံးလေးနဲ့ နိုးထလာကာ ချစ်တို့ရဲ့ အကြီးကျယ်ဆုံး ညအတွက် ပြင်ဆင်နေတာပါနော် လို့ ဆိုပြီး စလိုက်ပါတယ်။

သူတို့ နှစ်ယောက်က Hollywood ရဲ့ Party တစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး နှစ်ယောက်လုံး ပျော်ပျော်နေတတ်ကြတာချင်းတူတယ်လို့ သူရဲ့ ပထမဆုံး စာအုပ်မှာ ဖော်ပြထားတာ တွေ့ရမှာပါ။

“ကျွန်တော်တို့ နှစ်ယောက်မှာ ကြည်နူးဖွယ်ကောင်းတဲ့ အမှတ်တရတွေ အများကြီးရှိပါတယ်။ သူမက ကျွန်တော်ဘ၀မှာ အလွှမ်းမိုးဆုံး သူတစ်ယောက်ပါ။ အဲ့ဒီလောက်ထိ သူ့အပေါ်ကို တန်ဖိုးထားတာပါ။ သူ့ရဲ့ အချစ်က ကျွန်တော့်အတွက် နွေးထွေးမှုမေတ္တာ အပြည့်ပေးတဲ့ မိခင်တစ်ယောက်လိုပါပဲ” လို့ Justin timberlate က Biel နဲ့ ပတ်သတ်တဲ့ သူ့အချစ်တွေကို အခုလိုပဲ ထုတ်ဖော်ပြောကြားပါတယ်။

 

#YDN(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read