HomeEntertainmentSuper Bowl မှာ ဖျော်ဖြေဖို့အတွက် ဆုံးဖြတ်ချက်ကို တော်တော်လေးစဉ်းစားပြီးမှ ချလိုက်ရတာပါလို့ Adam Levine မှပြောကြား။

Super Bowl မှာ ဖျော်ဖြေဖို့အတွက် ဆုံးဖြတ်ချက်ကို တော်တော်လေးစဉ်းစားပြီးမှ ချလိုက်ရတာပါလို့ Adam Levine မှပြောကြား။

- Advertisement -

2019 super bowl ရှိုးမှာ ဖျော်ဖြေဖို့အတွက် သူရဲ့ Maroon 5 အဖွဲ့နဲ့အတူ ဆုံးဖြတ်ချက်ချခဲ့တာဟာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။

လွန်ခဲ့တဲ့နှစ်တွေက ဒီဖျော်ဖြေပွဲမှာ ဝင်ရောက်ဖျော်ဖြေခွင့်ရတယ်ဆိုတာ ပရိသတ်တော်တော်များများရဲ့ ဂုဏ်ပြုခြင်းကို ခံရတဲ့ ချီးကျူးမှုပဲဖြစ်ပါတယ်။ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ မသမာမှုတွေရန်ကို ကာကွယ်တားဆီးဖို့ Colin Kaepernick နဲ့ NFL က အခြားဘောလုံးသမားတွေရဲ့ လုပ်ဆောင်မှုတွေက အပြစ်တင်ဝေဖန်ခြင်းများကို အတော်ခံရတဲ့ ပွဲဖြစ်ပါတယ်။

Maroon 5 ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Adam Levine ကတော့ဒီလိုပြောကြားပါတယ်။

- Advertisement -

” နောက်နှစ်ဆယ်ရာစုအထိ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို သိနေမယ်ဆိုတဲ့ အတွေးနဲ့တင် ကျေနပ်ပါတယ်။ ကျွန်တော်က ဟောပြောသူတစ်ယောက်မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော် သီချင်းတွေကတစ်ဆင့် ဟောကြားပါတယ်။ ကျွန်တော့် အလုပ်နဲ့ ကျွန်တော်ကြိုးစားခဲ့တဲ့အရာတွေဟာ အကောင်းဖက်ကိုပဲ ရောက်စေချင်ပြီး ကောင်းတာတွေကို အတုယူစေချင်ပါတယ်။ ပြောချင်တာကတော့ ကျွန်တော်တို့အခုလုပ်နေတဲ့ အလုပ်ကို အကောင်းဆုံး ရှေ့ဆက်လုပ်သွားပြီး ကျွန်တော်တို့ရဲ့ သီချင်းတွေနဲ့ပဲ ထုတ်ဖော်ပြောသွားမှာပါ . . . ”

- Advertisement -

ဆက်လက်ပြီး သူကပဲ ” ဘယ်လောက်တောင်ကောင်းလိုက်တဲ့ လက်နက်တစ်ခုလဲ ကျွန်တော်ရော ကျွန်တော့ရဲ့ အဖွဲ့ကရော ဒီနှစ်မှာဘယ်လို အသစ်တွေလာမလဲ ? ကျွန်တော်တို့ ပရိတ်သတ်တွေကို ဘာတွေချပြရမလဲဆိုတာ ထုတ်ဖော်ပြသခွင့်ရှိတယ်။ အခုလုပ်ပြီးသွားတဲ့ အရာတွေအတွက် တော်တော်လေး အားရကျေနပ်မှုရှိတယ်။ ဒီအရာက ကျွန်တော်တို့ အားလုံးကို ကိုယ်စားပြုတဲ့ အရာတစ်ခုဖြစ်လို့ ကျွန်တော့်ဘ၀မှာ တစ်ခါမှ ဒီလောက်ထိ စိတ်မလှုပ်ရှားဖူးဘူး . . . ” ထပ်မံ ပြောကြားခဲ့ပါတယ်။

NFL ရဲ့ သတင်းကြေငြာသူတစ်ယောက်ကတော့ “Maroon 5 က ဒီ Pepsi Super Bowl ရှိုးပွဲအတွက် တော်တော်လေးအားထုတ်ထားတယ်။ ဒီရှိုးမှာ ထူးခြားလေးနက်တဲ့ အစီအစဉ်တွေ အများကြီးကို တွေ့ရမှာပါ။ ဂီတအနုပညာရှင်တွေ ပညာအစွမ်းကုန်ပြမယ့် ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ အားလုံး ကို ဒီလိုအခွင့်အရေးကောင်းတွေပေးခဲ့လို့ NFL ကို အထူးကျေးဇူးတင်ပါတယ်။ နိုင်ငံတကာ ကလေးငယ်များစောင့်ရှောက်ရေးအတွက် အထောက်အကူပေးတဲ့ Big Brothers Big Sisters အဖွဲ့ကို လှူဒါန်းမယ့် ကိစ္စရပ်အတွက် တော်တော်ပီတိဖြစ်မိပါတယ်။

Maroon 5 ရဲ့ ၂၀၁၉ Super Bowl LIII Pepsi Halftime show ကတော့ Feb ၃ ရက်နေ့မှာ CBS က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

 

#YDN(soshwe)

#SoshweEntertainment

#SoshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three − 1 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...