Breaking News
Christina Aguilera attends the 2018 Billboard Music Awards at MGM Grand Garden Arena on May 20, 2018 in Las Vegas, Nevada. (Photo by Jon Kopaloff/FilmMagic) Pink, white rose detail, attends the 60th Annual GRAMMY Awards at Madison Square Garden on January 28, 2018 in New York City. (Photo by Kevin Mazur/Getty Images for NARAS)

Christina Aguilera မှ Pink အား ရိုက်နှက်ရန် ကြိုးစား။

Christina အနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူမရဲ့ အဖြစ်အပျက်များကို ရင်ဖွင့်ပြောကြားခဲ့ပါတယ်။ သူမအနေနဲ့ အဆိုတော်တက်သစ်စဘ၀မှာ ဖြစ်ပျက်ခဲ့တဲ့ လူမသိသူမသိအကြောင်းလေးများရှိခဲ့တယ်လို့ ဖွင့်ဟ၀န်ခံလာပါတယ်။

၂၀၁၇ခုနှစ်တုန်းက Pink ပြောပြချက်အရ ” ကျွန်မနဲ့ Christina အကြားမှာ အဆင်မပြေတဲ့ ကိစ္စရပ်လေးတွေရှိနေခဲ့ပါတယ်။ Christina အနေနဲ့လည်း ထိုကိစ္စရပ်တွေကို မှတ်မိဦးမယ်ထင်ပါတယ် . . . ” ဆိုပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။  သူတို့နှစ်ယောက်ကြားဖြစ်ခဲ့တဲ့ကိစ္စရပ်ကတော့ နှစ်ယောက်အတူ Club မှာ တွေ့ဆုံတုန်း Christina မှ Pink အား ရိုက်နှက်ဖို့ ကြိုးစားခဲ့ခြင်းပဲဖြစ်ပါတယ်။

အဆိုတော် Pink မှ ” ကျွန်မနဲ့ပက်သက်ချင်နေခဲ့တာလေ။ ဒါပေမဲ့ ဒါတွေကအတိတ်တုန်းကဖြစ်ခဲ့တာတွေပါ။ အခုတော့အရင်လို မဟုတ်တော့ပါဘူး။ အခုတော့ သူမက အိမ်ထောင်သည်ဖြစ်နေပြီလေ။ အရင်တုန်းကတော့ နှစ်ယောက်သားနီးစပ်ခဲ့တာအမှန်ပါပဲ။ Night Club မှာဖြစ်ခဲ့တာတွေက အမှတ်တရတွေအဖြစ်ရှိနေဦးမှာပါ . . . ” ပြောကြားခဲ့ပါတယ်။

” ကျွန်မ သူမရဲ့ အနမ်းတွေအောက်မှာ စီးမြောခဲ့မိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်က Pink ကျွန်မဆီကိုရောက်လာတုန်း ပြောင်းလဲမှုအခြေနေတွေကို ကျွန်မကိုပြောပြခဲ့ပါတယ်။ အဲဒီအခြေအနေတွေနဲ့ ကြုံကြိုက်နေတုန်းက ကျွန်မတို့ ငယ်ငယ်လေးတွေရှိသေးတယ်လေ။ Pink ဖက်ကလည်း အကြေအလည်ရှင်းပြပြီးသွားပါပြီ။ တစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်နားလည်ရမယ့် အခြေအနေတွေကိုရောက်နေပြီလေ . . . ” လို့ Christina မှပြောပြခဲ့ပါတယ်။

” တော်တော်လည်းရယ်စရာကောင်းပါတယ်။ ကျွန်မဘာတွေဖြစ်ခဲ့မှန်းတောင် မသိတော့ပါဘူး။ အဲဒီနေ့ညက Night Club မှာဖြစ်ခဲ့တာတွေအတွက် Night Club မှာဖွင့်ထားတဲ့တေးသွားကိုပဲ ရမယ်ရှာရမလိုဖြစ်နေပါပြီ။ ကျွန်မတို့နှစ်ယောက်လည်း အခုဆိုရင် ကိုယ့်လမ်းကိုယ် လျှာက်နေကြပါပြီ။ အရာအားလုံးအဆင်ပြေပါတယ်။ Pink ကလည်း သိပ်အစွမ်းအစရှိတဲ့လူတစ်ယောက်ပါ။ ချစ်လည်းချစ်ဖို့ကောင်းပါတယ်။ နောက်ဆုံး ကျွန်မတို့အတူတူ  အလုပ်တွဲလုပ်ပြီးကတည်းက မတွေ့ဖြစ်ကြတော့တာပါ။ တော်တော်လည်းကြာနေပါပြီ။ အခုတော့ ကျွန်မတို့ မိခင်တွေ ဖြစ်နေကြပါပြီ။ အရွယ်တွေလည်း ရလာပါပြီ။ အဖြစ်အပျက်တွေကတော်တော်ရိုးရှင်းပါတယ် . . . ” ဆိုပြီး Christina မှ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro