HomeOtherDonald Trump ကို အဓိက ကာကွယ်ပေးနေသူက ဘယ်သူဖြစ်မလဲ ? ? ?
Donald Trump ကို အဓိက ကာကွယ်ပေးနေသူက ဘယ်သူဖြစ်မလဲ ? ? ?
- Advertisement -
Melania Trump တစ်ယောက်ကတော့ သူမရဲ့ အမျိုးသားလိုပဲ အိမ်ဖြူတော်မှာ သမိုင်းသစ်တစ်ခု တည်ဆောက် နေပါတယ်။ Trump နဲ့ မတူတာကျပြန်တော့ ထိပ်တန်းအမျိူးသမီး တစ်ယောက်အနေနဲ့ သိုသိုသိပ်သိပ်နေနေပြီး အခြား သမ္မတကတော်တွေနဲ့ မတူညီတဲ့ အပြုအမူတွေကို လုပ်ဆောင်နေလေရဲ့ . . .
အိမ်ဖြူတော်မှ နှုတ်ထွက်လာတဲ့ အလုပ်သမားတစ်ယောက်ဖြစ်သူ Cliff Sims ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ ဆက်ဆံရေးအခြေအနေဟာ 2016 သမ္မတရွေးကောက်ပွဲကတည်းက ကမောက်ကမဖြစ်နေပြီး တော်တော်လေးညှိယူကာ ထိန်းထိန်းသိမ်းသိမ်း နေနေခြင်းဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
- Advertisement -
သမ္မတရွေးကောက်ပွဲမှာ “တို့တွေအတူတူ ရှေ့ဆက်သွားကြမယ်။ Trump ဟာ အရမ်းကြီးကျယ်တဲ့သမ္မတ တစ်ယောက်အဖြစ် ရပ်တည်လိမ့်မယ်” လို့ Melania က ပြောကြားခဲ့ပေမယ့် တစ်ကယ်တမ်းတော့ ဆန့်ကျင်ဖက်အသွင် ဖြစ်နေခဲ့ပါတယ်။ ထိပ်တန်းအမျိူးသမီးက ပျော်ရွှင်မှုတွေပျောက်ဆုံးနေပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပြီ .. လို့ သတင်းများထွက်ပေါ်လာပေမယ့် သမ္မတနဲ့ သူ့ရဲ့ အဖွဲ့ဝင်များကတော့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
- Advertisement -
“အဆင်နိမ့်တဲ့ ဝန်ထမ်းကပြောပြီး ကိုယ်ပိုင်ဇာတ်လမ်းတွေ လျှောက်ထွင်ပြီးရေးတတ်တဲ့ ခပ်ပေါပေါ စာအုပ်ကထုတ်ထားတာပါ။ သူကိုယ်သူ တက်ယောင်ကား လုပ်နေပေမယ့် အမှန်တော့ သုံးစာလို့ မရတဲ့ အပိုအလုပ်တွေလိုပါပဲ။ အရှုပ်ထုပ်တစ်ခုသာသာပါပဲ” လို့ Trump ကရေးသားခဲ့ပါတယ်။
- Advertisement -
“အိမ်ထောင်ရေးတိုင်းမှာ အဆင်ပြေတဲ့ရက်ရှိသလို မပြေတဲ့ရက်တွေလည်း ရှိပါတယ်။ အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး ပြောင်းလဲနေတာပါ။ ဒါပေမယ့် ကျွန်တော်မြင်ရတာကတော့ Melania ရဲ့ ထောက်ပံ့မှုက ဘယ်တော့မှ လျော့နည်းသွားတယ်ဆိုတာ မရှိပါဘူး။ သူရဲ့ ထိပ်တန်းအမျိူးသမီးဆိုတဲ့ နေရာကိုလည်း အရမ်းအရေးပေးသလို သူယောကျာ်းအတွက် အရဲဝင့်ဆုံး ကာကွယ်သူအနေနဲ့ပါ တစ်စက်ကလေးမှ မလျော့ပါဘူး . . .” ဆိုပြီး Sims မှ ပြောကြားခဲ့ပါတယ်။
“Sims ပြောပုံအရဆိုရင် Melania က နေ့တိုင်း အချိန်တော်တော်များများကို အိမ်ဖြူတော်နဲ့ ပက်သက်တဲ့ အတင်းသတင်းကိစ္စတွေဆီမှာ အသုံးချတယ် . . . ” လို့ Communication Director တစ်ယောက်ဖြစ်တဲ့ Mike Dubke ရေးတဲ့ comment တစ်ခုအပေါ် သူမတော်တော်တင်းသွားပြီး Leakers ဆိုတဲ့ အသုံးအနှုန်းအပေါ်မှာ Dubke က အပြစ်တင်ထားတဲ့ အကြောင်းကို Trump ကို အသိပေးခဲ့ပါတယ်။ သိပ်မကြာခင်လပိုင်းလောက်မှာပဲ Dubke ရဲ့ ရာထူးမှ နှုတ်ထွက်တဲ့အကြောင်းကို သိရှိရပါတယ်။
Sims ထပ်ရေးတာကတော့ Melania ဟာ အိမ်ဖြူတော်ရဲ့ Social Events တွေကအစ ဝင်ရောက် ကြည့်ရှုသူတစ်ယောက် ဖြစ်ပါတယ်။ တစ်ခါတုန်းကဆိုရင် ဝန်ထမ်းတစ်ယောက်ကို ကျေးဇူးတော်နေ့နဲ့ဆိုင်တဲ့ ယုန်အကျႌ ဝတ်ထားတာကို မျက်လုံးထဲ သဘောမကျတာနဲ့ ချွတ်ခိုင်းတော့တာပါပဲ။
Melania က လူရှေ့ စကားပြောရတာနဲ့ ဗီဒီယို ရိုက်ရတာကို ကြောက်တတ်ပါတယ်။ တစ်ခါတစ်လေ သူမရဲ့ အသံတွေကတုန်ရီနေပြီး မသဲကွဲတော့ပဲ သူမပြောတာတွေကို နားမလည်နိုင်တော့ပါဘူး။ လူအများရှေ့ စကားပြောစရာကိစ္စရှီလာပြီဆိုရင် နေ့ရောညပါ လေ့ကျင့်တော့ပါပဲ လို့ Sim က ထပ်မံပြောကြားခဲ့ပါသေးတယ်။
<Unicode Version>
<Zawgyi Version>
#YDN(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share
- Advertisement -
Must Read