HomeEntertainmentRyan Reynold နဲ့ Hugh Jackman တို့ သူငယ်ချင်းတွေအဖြစ်မှ ရပ်ဆိုင်းလိုက်ပြီလား ? ? ?

Ryan Reynold နဲ့ Hugh Jackman တို့ သူငယ်ချင်းတွေအဖြစ်မှ ရပ်ဆိုင်းလိုက်ပြီလား ? ? ?

- Advertisement -

Deadpool မင်းသားကြီး Ryan နဲ့ X-man ထဲမှ Wolverine အဖြစ် သရုပ်ဆောင်တဲ့ Jackman တို့ဟာ သူတို့ရဲ့ ခင်မင်မှုကို တရားဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ခင်မင်မှုတွေကို တရားဝင်ရပ်တန့်ပြီးတဲ့နောက်မှာ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့အတွက် စိတ်ပြင်းပြနေကြတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်အကျိုးစီးပွားအတွက် တစ်ယောက်က ကြော်ငြာပေးသွားမှာဖြစ်ပါတယ်။ တစ်ချို့ကတော့ သူတို့လက်ဆွဲနေတဲ့ပုံကို ရယ်စရာအဖြစ် Troll ကြပါတယ်။ နှစ်ယောက်စလုံးရဲ့ လက်ထဲမှာ လက်ပစ်ဗုံးကိုင်ထားပြီး ရေးနိးရဲ့လက်ထဲမှာ ဗုံးစနက်တံကိုင်ထားတဲ့ပုံပါ။ သူတို့နှစ်ယောက်ဟာ ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ X-men Origins  ဇာတ်ကားမှာ အတူတူတွဲပြီး သရုပ်ဆောင်ခဲ့ကြပြီးနောက် စတင်ခင်မင်လာကာ တစ်ဦးနဲ့တစ်ဦး နောက်ပြောင်ကျီဆယ်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဘာမှမဟုတ်တဲ့အရာလေးတစ်ခုကပဲ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ပြောင်းလဲသွားစေခဲ့တာပါ။ ပြီးတဲ့တဲ့၂၀၁၈ခုနှစ်က စတင်ခဲ့တာဆိုရင်လည်း မမှားပါဘူး။ Jackman က မွေးနေ့မှတ်တမ်းတင် ကင်မရာရိုက်ကူးနေတဲ့အချိန် Reynolds က Tomorrow ဆိုတဲ့သီချင်းအော်ဆိုပြီး အနှောက်အယှက်ပေးရာမှ သူတစ်ပြန်ကိုယ်တစ်ပြန်လုပ်ကြရင်းနဲ့ ဇာတ်လမ်းစခဲ့ကြတာပါ။

- Advertisement -

- Advertisement -

Reynol ရဲ့မွေးနေ့မှာ Jackman ဖက်ကလည်း ငါကလူကြီးလူကောင်း၊ ငါနဲ့ပွေ့ဖက်လိုက်စမ်းပါ ဆိုပြီးပြောတဲ့စကားအပေါ် Reynold မှ Jackman ဟာ Australia သားတစ်ယောက်မဟုတ်ဘဲ  Milwaukee နွယ်ဖွား မကောင်းဆိုးဝါးကာင်ဖြစ်ကြောင်း၊ ယုံကြည်လို့ မရကြောင်း၊ သူ့ကိုမဲပေးချင်တဲ့အခါ သေချာစဉ်းစေလိုကြောင်း ပြေကြားလာပါတယ်။ ပြီးတော့ Jackman ရဲ့နာမည်အရင်းက Huge Jackman မဟုတ်ကြောင်း၊ Milwaukee နွယ်ဖွား Huge Michel Jackman သာလျှင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

- Advertisement -

Jackman လုပ်သမျှအလိမ်တွေလို့လည်း စွပ်စွဲထားပါသေးတယ်။ Jackman ဟာဆုချီးမြှင့်ထိုက်တဲ့ သရုပ်ဆောင်တစ်ယောက် ဟုတ်မဟုတ်ကိုလည်း ဆန်းစစ်ကြစေလိုကြောင်း ပြောကြားထားတွေကို Jackman ဖက်ကလည်း Jake Gyllenhall ရဲ့ အကူအညီနဲ့ Reynold ကို ခပ်ချာချာ Christman ပွဲကိုဖိတ်ကြားခဲ့ပါတယ်။ တကယ်တော့ ထင်သလောက်တော့ ခပ်ချာချာမဟုတ်ခဲ့ပါဘူး။

အဲဒီပွဲပြီးနောက်ပိုင်း Reynold က Instagram မှာ Christmas ပွဲမှာရိုက်ထားတဲ့ပုံတွေနဲ့တကွ ပါတီပွဲ အကြောင်း ချေချေငံငံလေးတွေပြောထားပါသေးတယ်။

Jackman နဲ့Gyllenhall တို့ဘက်လည်း ပြောင်ကျကျ ထိုးနှက်ခွင့်ရလိုက်တဲ့အတွက် Jackman ပရိသတ်တွေမှ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။

 

#YDN(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read