Breaking News

၂၀၁၉ Grammyဆုရှင် Celebrityတွေရဲ့ ယခင်ကပုံစံနဲ့ ယခုပုံစံ။

Cardi B – ယခင်

အားလုံးသိတဲ့အတိုင်းပဲ Cardiဟာ အရမ်းကိုလူသိများကျော်ကြားတဲ့ အမေရိကန်နိုင်ငံက အမျိုးသမီး Rapper အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမကျော်ကြားခင်က သူမဟာဝတ်လစ်စားလစ် ကပြဖျော်ဖြေသူ အဖြစ်အသက်မွေးခဲ့ပြီး၂၀၁၅ ခုနှစ်ရောက်မှ အနုပညာလောကထဲကိုဝင်ခဲ့တာဖြစ်ပါတယ်။

Cardi B – ယခု

၂၀၁၇ မှာ သူမကို တစ်ကမ္ဘာလုံးက သူမရဲ့သီချင်းအသစ် “Bodak Yellow” ထွက်ရှိလာပြီးနောက်ပိုင်းမှာ ပိုပြီးသတိထားမိလာတာဖြစ်ပါတယ်။ သူမရဲ့အရည်အချင်းတွေကို လူတကာက အသိအမှတ်ပြုပြီးနောက် သူမဟာ နာမည်ကြီးအဆိုတော်တွေနဲ့လည်း သီချင်းတွေသီဆိုခဲ့ပါသေးတယ်။ ဒီသီချင်းထွက်ရှိပြီးနောက်ပိုင်း ဆုတွေအများကြီးရလာတဲ့အပြင် တစ်ကိုယ်တော်ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

 

Drake – ယခင်

Drake ဟာ ၂၀၀၀ခုနှစ်မှာစပြီးတော့ ဆယ်ကျော်သက်အရွယ်မှာ ပြုလုပ်ခဲ့ဖူးတဲ့ အနုပညာလှုပ်ရှားမှုတွေဟာ ယခုသူပြုလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အတော်ကွာခြားပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ သူသဘောကျတဲ့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းဖို့ ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ သူရဲ့တစ်ကိုယ်တော်အယ်လ်ဘမ် “Room for Improvement” ကိုထုတ်ခဲ့ပါတယ်။

Drake – ယခု

Drake ဟာ ၂၀၀၉ ခုနှစ်မှာ Young Money Entertainment အတွက် Lil Wayne နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ စိပ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Drake ဟာ Grammy ဆုအပြင် အခြားဆုပေါင်းများစွာကိုလည်း ရယူပိုင်ဆိုင်ခဲ့ပြီး ဂီတလောကမှာ စံချိန်တွေချိုးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ နာမည်ကြီးအဆိုတော်တွေနဲ့ ပူးပေါင်းပြီး သီချင်းဖန်တီးမှုများစွာရှိခဲ့တဲ့ Drake ဟာ ၂၀၁၈ ခုနှစ်မှာထွက်ထားတဲ့ သူရဲ့တေးသီချင်းအယ်လ်ဘမ် “Scorpion”အတွက် Grammy ဆု ၅ ခုကိုတောင် ဆွတ်ခူးထားတာပဲဖြစ်ပါတယ်။

 

Lady Gaga – ယခင်

Gaga ဟာ ဆယ်ကျော်သက်အရွယ်မှာတော့ လူသိပ်မသိသေးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ၂၀၀၈ခုနှစ်ကိုရောက်တဲ့အခါမှာတော့ သူမရဲ့ပွဲဦးထွက် သီချင်းအယ်လ်ဘမ် “The Fame” ဟာ ချက်ချင်းဆိုသလို နံပါတ်၁စာရင်းကို ဝင်သွားခဲ့ပါတယ်။ သူမရဲ့သီချင်းတွေထဲက “Just Dance” နဲ့ “Poker Face” သီချင်းတွေဟာ တော်တော်လေးကို လူသိများခဲ့ပါတယ်။ သူမရဲ့တစ်မူထူးခြားတဲ့ စတိုင်နဲ့ အသံကြောင့် Lady Gaga ဟာ အချိန်ခဏလေးအတွင်းမှာပဲ လူတွေသတိထားမိလာခဲ့တာဖြစ်တယ်။

 

Lady Gaga – ယခု

Lady Gaga ဟာ ခုချိန်ထိလည်း ဆုပေးပွဲတွေ အခမ်းအနားတွေကို တက်ရောက်တဲ့အခါမှာ သူများတွေနဲ့ ကွဲထွက်နေတဲ့ ဝတ်စုံမျိုးကိုသာဝတ်ဆင်နေတုန်းပါပဲ။ ၂၀၁၈ မှာ Lady Gaga ဟာ သူမ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် “A Star Is Born” ထွက်ရှိလာပြီး ပရိသတ်အားပေးမှုကို တခဲနက်ရရှိထားတာဖြစ်ပါတယ်။ ရုပ်ရှင်တွေအတွက် ဇာတ်ဝင်တေးတွေရေးပေးတတ်တဲ့ Lady Gaga ဟာ သူမရဲ့ ၆ခွေမြောက် သီချင်းအယ်လ်ဘမ်ကို ထုတ်တော့မှာပဲဖြစ်ပါတယ်။

 

Kendrick Lamar – ယခင်

Kendrick Lamar ကို သူ့ရဲ့အနုပညာလှုပ်ရှားမှုစလုပ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ K-Dot လို့လူသိများပြီး သူ့ရဲ့ ပထမဦးဆုံး သီချင်းခွေကနေပဲ လူသိများလာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ “Section.80” ဆိုတဲ့ အယ်လ်ဘမ်ကိုထုတ်ခဲ့ပြီး ၂၀၁၂ခုနှစ်မှာ “good kid, m.A.A.d city”ဆိုတဲ့ အယ်လ်ဘမ်ကို ထပ်ထုတ်ခဲ့ပါသေးတယ်။

Kendrick Lamar – ယခု

Kendrick ဟာ ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့လေးခုမြောက် သီချင်းအယ်လ်ဘမ် “Damn” ကိုထုတ်ခဲ့ပြီး သူ့ရဲ့ တတိယမြောက် အယ်လ်ဘမ်ကလည်း လူကြိုက်အများဆုံးစာရင်းဝင်ခဲ့ပါတယ်။ Marvel ရုပ်ရှင်ဖြစ်တဲ့ “Black Panther”အတွက်လည်း ဇာတ်ဝင်တေးရေးပေးထားပါသေးတယ်။ သူဟာ “Power”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။ သူဖန်တီးခဲ့တဲ့သီချင်းတွေအတွက်လည်း သူဟာ Grammy ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါသေးတယ်။

 

Camila Cabello – ယခင်

၂၀၁၃ ခုနှစ်မှာတော့ Camila ကို Fifth Harmony မိန်းကလေးအဆိုတော်အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်အဖြစ်သိကြမှာပါ။ သူတို့အဖွဲ့လေးဟာ X Factor အဆိုပြိုင်ပွဲကနေ တစ်ဆင့် ဒိုင်တွေက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Camila ဟာ Fifth Harmony အဖွဲ့ကထွက်ပြီး တစ်ကိုယ်တည်းရပ်တည်ခဲ့ပါတယ်။

Camila Cabello – ယခု

Camila Cabello ရဲ့ တစ်ကိုယ်တော်လုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာဟာ တကယ်ကိုမှန်သွားတယ်လို့ပဲပြောရမှာ ဖြစ်ပါတယ်။  သူမရဲ့ပထမဦးဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ဟာ အရမ်းကိုလူသိများပြီးနောက် သူမဟာ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေကိုလည်း လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro