Breaking News

ဂျပန်က ရထားဘူတာတွေမှာ ဘာလို့မီးအပြာရောင်တွေ အများဆုံးသုံးထားရတာလဲ ? ? ?

ဂျပန်လူမျိုးတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ အောင်မြင်ထွန်းပေါက်နေပေမယ့်လည်း အလုပ်ခွင်၊ ပတ်ဝန်းကျင်နဲ့ မိသားစုအသိုင်းအဝိုင်းကနေရလာတဲ့ စိတ်ဖိစီးမှုတွေကို အဆုံးသတ်ဖို့အတွက် ရထားသံလမ်းမှာခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်တာတွေကို ပြုလုပ်လာကြပါတယ်။ အခုဆိုရင် ဂျပန်နိုင်ငံဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့ လူဦးရေအများဆုံး နိုင်ငံ၂၀ ထဲမှာပါဝင်နေပါတယ်။ ၂၀၀၃ ခုနှစ်က သတ်သေတဲ့လူဦးရေထက် ၂၀၁၇ ခုနှစ်မှာ သတ်သေတဲ့လူဦးရေက ပိုနည်းလာတယ်ဆိုပေမယ့် လူငယ်တွေသတ်သေတဲ့နှုန်းက မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဂျပန်ရထားကုမ္ပဏီတွေက ဒီလိုသတ်သေခြင်းတွေကို လျှော့ချနိုင်ဖို့အတွက် ရထားဘူတာတွေမှာ တတ်နိုင်သလောက် အပြာရောင်တွေကို အသုံးပြုလာကြပါတယ်။ ၂၀၀၈ ခုနှစ်မှ စတင်ကာ မီးအပြာရောင်တွေကို တိုကျိုက ရထားဘူတာရုံ ၂၈ ရုံမှာ စတင်အသုံးပြုလာကြပါတယ်။ စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရတဲ့ လူတော်တော်များများက အပြာရောင်မီးရောင်အောက်မှာ အနားယူမယ်ဆိုရင် စိတ်အေးချမ်းမှု ပိုရတတ်ကြကြောင်းကို ၁၀ နှစ်ကြာ သုတေသန ပြုလုပ်ပြီးတဲ့အခါမှာတော့ ဂျပန်က ရထားဘူတာရုံ ၇၁ ရုံမှာ အပြာရောင်မီးတိုင်တွေကို စင်္ကြန်လမ်းတစ်လျှောက် စိုက်ထူလိုက်ခြင်းဟာ သေကြောင်းကြံစည်တာတွေကို ၈၄% အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒီနည်းစနစ်ကို ဆွဇ်ဇာလန်၊ ဘယ်လ်ဂျီယန်နဲ့ ဗြိတိန်နိုင်ငံတို့မှာလည်း အသုံးပြုလာကြပါတယ်။

ဒါပေမယ့် နောက်ထပ်ပြသနာတစ်ခုက နေ့ဖက်အချိန်တွေမှာ သဘာဝအလင်းရောင်ရှိနေတဲ့အတွက် အပြာရောင်မီးတိုင်တွေဟာ အရောင်မှိန်နေတာတို့ မီးပိတ်ထားတာတို့ ဖြစ်တတ်ပါသေးတယ်။ အီချီကာဝါက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ စဉ်းစားထားတဲ့လူတစ်ယောက်ဟာ သူစိတ်ကိုဖြောင်းဖြနိုင်မယ့် အပြာရောင်မီးတိုင်တွေမရှိတဲ့ နေ့ဖက်အချိန်မှာလည်း သတ်သေသွားနိုင်ပါတယ်လို့ ဆိုထားပါတယ်။ ဒီလိုနဲ့ အပြာရောင်မီးတိုင်တွေက လူတွေရဲ့စိတ်အခြေအနေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာကို လေ့လာနေချိန်မှာပဲ လူတွေက ဒီအပြာရောင်ကိုမြင်ပါများလာတော့ ဘာအကျိုးသက်ရောက်မှုမှ ထပ်မဖြစ်လာတော့ဘူး။

ဒီဇိုင်းပညာရှင် Stephen Westland က အရောင်တွေဟာ လူ့စိတ်ကို တည်ငြိမ်စေပေမယ့် လူတွေရဲ့စိတ်လိုက်မာန်ပါ ပြုမူခြင်းကိုတော့ မထိန်းချုပ်ပေးနိုင်ဘူးလို့ ပြောလာပါတယ်။ ဒါကြောင့်မို့ အပြာရောင်မီးတိုင်တွေအစား မှန်တံခါးတွေကို တပ်ဆင်လိုက်တာက ပိုပြီးတော့အကုန်အကျများနိုင်ပေမယ့် ပိုပြီးစိတ်ချလုံခြုံမှုရှိမယ်လို့ ကောက်ချက်ချလိုက်ကြပါတယ်။ Westland ရဲ့ပြောကြားချက်အရ အပြာရောင် ဒါမှမဟုတ် အနီရောင်က လူတွေကို စိတ်လိုက်မာန်ပါ လုပ်စေနိုင်တယ်လို့ သေချာမပြောနိုင်ပေမယ့် သေကြောင်းကြံစည်တာကို တားဆီးဖို့အတွက်လည်း အရောင်ဟာ အကျိုးသက်ရောက်မှုရှိမနေပါဘူး။

မီးအပြာရောင်က လူတွေရဲ့သတ်သေချင်စိတ်ကို လျော့နည်းသွားစေပေမယ့်လည်း ဒါဟာတိကျသေချာတဲ့အဖြေ မဟုတ်သေးပါဘူး။ လေ့လာချက်မျိုးစုံ ပြုလုပ်ပြီးတဲ့အခါမှာတော့ ရထားဘူတာက စင်္ကြန်လမ်းတွေမှာ မှန်တံခါးတွေ တပ်ဆင်လိုက်တာဟာ တခြားသောနည်းတွေထက် ပိုပြီးအကျိုးသက်ရောက်မှုရှိလာပြီး ရထားသံလမ်းပေါ်ကိုခုန်ချတဲ့ အဆုံးစီရင်ခြင်းမျိုးတွေကိုလည်း ထိန်းသိမ်းလျှော့ချနိုင်ခဲ့ပါတယ်။

<Unicode Version>

 

 

 

ဂ်ပန္က ရထားဘူတာေတြမွာ ဘာလို႔မီးအျပာေရာင္ေတြ အမ်ားဆံုးသံုးထားရတာလဲ ? ? ?

ဂ်ပန္လူမ်ိဳးေတြဟာ သူတို႔နည္းသူတို႔ဟန္နဲ႔ ေအာင္ျမင္ထြန္းေပါက္ေနေပမယ့္လည္း အလုပ္ခြင္၊ ပတ္ဝန္းက်င္နဲ႕ မိသားစုအသိုင္းအဝိုင္းကေနရလာတဲ့ စိတ္ဖိစီးမႈေတြကို အဆံုးသတ္ဖို႔အတြက္ ရထားသံလမ္းမွာခုန္ခ်ၿပီး မိမိကိုယ္ကို အဆံုးစီရင္တာေတြကို ျပဳလုပ္လာၾကပါတယ္။ အခုဆိုရင္ ဂ်ပန္ႏိုင္ငံဟာ ကိုယ့္ကိုယ္ကိုအဆံုးစီရင္တဲ့ လူဦးေရအမ်ားဆံုး ႏိုင္ငံ၂၀ ထဲမွာပါဝင္ေနပါတယ္။ ၂၀၀၃ ခုႏွစ္က သတ္ေသတဲ့လူဦးေရထက္ ၂၀၁၇ ခုႏွစ္မွာ သတ္ေသတဲ့လူဦးေရက ပိုနည္းလာတယ္ဆိုေပမယ့္ လူငယ္ေတြသတ္ေသတဲ့ႏႈန္းက ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။

ဂ်ပန္ရထားကုမၸဏီေတြက ဒီလိုသတ္ေသျခင္းေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ရထားဘူတာေတြမွာ တတ္ႏိုင္သေလာက္ အျပာေရာင္ေတြကို အသံုးျပဳလာၾကပါတယ္။ ၂၀၀၈ ခုႏွစ္မွ စတင္ကာ မီးအျပာေရာင္ေတြကို တိုက်ိဳက ရထားဘူတာရံု ၂၈ ရံုမွာ စတင္အသံုးျပဳလာၾကပါတယ္။ စိတ္ဖိစီးမႈေဝဒနာကို ခံစားေနရတဲ့ လူေတာ္ေတာ္မ်ားမ်ားက အျပာေရာင္မီးေရာင္ေအာက္မွာ အနားယူမယ္ဆိုရင္ စိတ္ေအးခ်မ္းမႈ ပိုရတတ္ၾကေၾကာင္းကို ၁၀ ႏွစ္ၾကာ သုေတသန ျပဳလုပ္ၿပီးတဲ့အခါမွာေတာ့ ဂ်ပန္က ရထားဘူတာရံု ၇၁ ရံုမွာ အျပာေရာင္မီးတိုင္ေတြကို စႀကၤန္လမ္းတစ္ေလွ်ာက္ စိုက္ထူလိုက္ျခင္းဟာ ေသေၾကာင္းႀကံစည္တာေတြကို ၈၄% အထိ ေလွ်ာ႕ခ်ႏိုင္ခ့ဲပါတယ္။ ဒီနည္းစနစ္ကို ဆြဇ္ဇာလန္၊ ဘယ္လ္ဂ်ီယန္နဲ႕ ၿဗိတိန္ႏိုင္ငံတို႔မွာလည္း အသံုးျပဳလာၾကပါတယ္။

ဒါေပမယ့္ ေနာက္ထပ္ျပသနာတစ္ခုက ေန႔ဖက္အခ်ိန္ေတြမွာ သဘာဝအလင္းေရာင္ရွိေနတဲ့အတြက္ အျပာေရာင္မီးတိုင္ေတြဟာ အေရာင္မွိန္ေနတာတုိ႔ မီးပိတ္ထားတာတို႕ ျဖစ္တတ္ပါေသးတယ္။ အီခ်ီကာဝါက ကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္ဖို႔ စဥ္းစားထားတဲ့လူတစ္ေယာက္ဟာ သူစိတ္ကိုေျဖာင္းျဖႏိုင္မယ့္  အျပာေရာင္မီးတိုင္ေတြမရွိတဲ့ ေန႔ဖက္အခ်ိန္မွာလည္း သတ္ေသသြားႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။ ဒီလိုနဲ႔ အျပာေရာင္မီးတိုင္ေတြက လူေတြရဲ႕စိတ္အေျခအေနအေပၚ ဘယ္ေလာက္ထိ သက္ေရာက္မႈရွိလဲဆိုတာကို ေလ့လာေနခ်ိန္မွာပဲ လူေတြက ဒီအျပာေရာင္ကိုျမင္ပါမ်ားလာေတာ့ ဘာအက်ိဳးသက္ေရာက္မႈမွ ထပ္မျဖစ္လာေတာ့ဘူး။

ဒီဇိုင္းပညာရွင္ Stephen Westland က အေရာင္ေတြဟာ လူ႕စိတ္ကို တည္ၿငိမ္ေစေပမယ့္ လူေတြရဲ႕စိတ္လိုက္မာန္ပါ ျပဳမူျခင္းကိုေတာ့ မထိန္းခ်ဳပ္ေပးႏိုင္ဘူးလို႔ ေျပာလာပါတယ္။ ဒါေၾကာင့္မို႔ အျပာေရာင္မီးတိုင္ေတြအစား မွန္တံခါးေတြကို တပ္ဆင္လိုက္တာက ပိုၿပီးေတာ့အကုန္အက်မ်ားႏိုင္ေပမယ့္ ပိုၿပီးစိတ္ခ်လံုၿခံဳမႈရွိမယ္လို႕ ေကာက္ခ်က္ခ်လိုက္ၾကပါတယ္။ Westland ရဲ႕ေျပာၾကားခ်က္အရ အျပာေရာင္ ဒါမွမဟုတ္ အနီေရာင္က လူေတြကို စိတ္လိုက္မာန္ပါ လုပ္ေစႏိုင္တယ္လို႔ ေသခ်ာမေျပာႏိုင္ေပမယ့္ ေသေၾကာင္းႀကံစည္တာကို တားဆီးဖို႔အတြက္လည္း အေရာင္ဟာ အက်ိဳးသက္ေရာက္မႈရွိမေနပါဘူး။

မီးအျပာေရာင္က လူေတြရဲ႕သတ္ေသခ်င္စိတ္ကို ေလ်ာ့နည္းသြားေစေပမယ့္လည္း ဒါဟာတိက်ေသခ်ာတဲ့အေျဖ မဟုတ္ေသးပါဘူး။ ေလ့လာခ်က္မ်ိဳးစံု ျပဳလုပ္ၿပီးတဲ့အခါမွာေတာ့ ရထားဘူတာက စႀကၤန္လမ္းေတြမွာ မွန္တံခါးေတြ တပ္ဆင္လိုက္တာဟာ တျခားေသာနည္းေတြထက္ ပိုၿပီးအက်ိဳးသက္ေရာက္မႈရွိလာျပီး ရထားသံလမ္းေပၚကိုခုန္ခ်တဲ့ အဆံုးစီရင္ျခင္းမ်ိဳးေတြကိုလည္း ထိန္းသိမ္းေလွ်ာ႕ခ်ႏိုင္ခ့ဲပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

သွေးနီရောင်ကောင်းကင်ကြီးဖြစ်ပေါ်ခဲ့တဲ့ တရုတ်မြို့။

တရုတ်မြို့တစ်မြို့ပေါ်မှ သွေးနီရောင်ကောင်းကင်ကြီးရဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုက နိုင်ငံသားများအကြား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်။ Covid ဒဏ်ခံထားရပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အနီးရှိ Zhoushan မှာ နေထိုင်သူများ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro