Breaking News

” Birds of Prey ” ဇာတ်ကားမှာ Harley Quinn အဖြစ် ပြန်မြင်ရတော့မယ့် Margot Robbie

၂၀၁၆ခုနှစ်ကထွက်ရှိထားတဲ့ Suicide Squadဇာတ်ကားထဲက Anti-Heroes တွေရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။ အမြဲတမ်းထွက်ပြေးနေတတ်တဲ့ Joker ရဲ့အနောက်ကို Harley Quinn က လိုက်နေဦးမှာပဲလားဆိုတဲ့ မေးခွန်းတွေကိုလည်း မေးလာကြပါတယ်။ အခုချိန်မှာတော့ Harley Quinnကို ” Birds of Prey ” ရုပ်ရှင်ဇာတ်ကားထဲမှာ သူ့ရဲ့တွဲဘက် Joker မပါဘဲ တခြားသရုပ်ဆောင်တွေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

View this post on Instagram

Miss me? 💋HQ

A post shared by @ margotrobbie on

ဒါရိုက်တာ Tarantino ရိုက်ကူးထားတဲ့ ၂၀၁၉ ဂျူလိုင်လမှာ ထွက်ရှိလာမယ့် ” Once Upon A Time In Hollywood ” ဇာတ်ကားထဲမှာ Robbie က Brad Pitt နဲ့အတူတူ သရုပ်ဆောင်ထားတာကို ပရိသတ်တွေက သိရှိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Robbie ကတော့ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ ” Birds of Prey ” ဇာတ်ကားထဲမှာ Harley Quinn အဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း ပရိသတ်ကိုအသိပေးခဲ့ပါတယ်။ ဒါရိုက်တာ Cathy Yan ကတော့ ” Birds of Prey ” ဇာတ်ကားမှာ Black Canary နဲ့ Huntress ဇာတ်ကောင်အတွက် သရုပ်ဆောင်ရှာဖွေနေဆဲဖြစ်တာမို့ ဒီဇာတ်ကားဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလလောက်မှ ထွက်မှာဖြစ်ပါတယ်။

Robbie က ” ဒီဇာတ်ကားထဲက Harleyကတော့ သူငယ်ချင်းအသစ်တွေနဲ့ပေါ့။” လို့ အင်တာဗျူးတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်လေးပြောပြခဲ့တာပါ။ သူမရဲ့အပေါင်းအပါအမျိုးသမီးတွေနဲ့ ခပ်ကြမ်ကြမ်းလေးသရုပ်ဆောင်မှာမို့ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းမှာပါပဲ။ ” Suicide Squad ” ရုပ်ရှင်ဇာတ်ကားက ပရိသတ်ထောက်ခံမှု အပြည့်အဝမရပေမယ့်လည်း ပရိသတ်တွေက Harley Quinn နဲ့ပတ်သက်ပြီး မျှော်မှန်းချက်ကြီးပုံပဲ။ Suicide Squad ဇာတ်ကားထဲမှာတော့ Harley ဟာ Arkham စိတ္တဇဆေးရုံက စိတ်ပညာရှင်ဖြစ်ပြီးတော့ Joker ကိုသဘောကျမိပြီး နောက်ပိုင်း သူ့ကိုထွက်ပြေးလွတ်မြောက်အောင် ကူညီပေးခဲ့တာပါပဲ။ အဲ့နောက်မှာတော့ တည်ငြိမ်တဲ့ဆရာဝန်မလေး အဖြစ်ကနေ ညို့အားပြင်းတဲ့ခပ်ကြမ်းကြမ်းကောင်မလေး တစ်ယောက်ဖြစ်လာတာပဲဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

မီးဖိုချောင်ထဲ၌ပါ စူပါဟီးရိုးဖြစ်ခဲ့သည့် Chris Hemsworth

နောက်ဆုံးထွက်ရှိထားသည့် Avengers Endgame ဇာတ်ကားရဲ့ အသက် (၃၅) နှစ်အရွယ် ကြယ်ပွင့် Chris Hemsworth တစ်ယောက် ပြီးခဲ့သည့် တနလာင်္နေ့က သူ့ကလေးများရဲ့ ကျောင်း၌ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro