HomeEntertainmentLady Gaga ရဲ့ Las Vegas မှာကျင်းပပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တွေ အံ့အားသင့်အောင် ပြုလုပ်ခဲ့တဲ့ Bradley Cooper

Lady Gaga ရဲ့ Las Vegas မှာကျင်းပပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တွေ အံ့အားသင့်အောင် ပြုလုပ်ခဲ့တဲ့ Bradley Cooper

- Advertisement -

Lady Gagaဟာ Las Vegas မှာကျင်းပတဲ့ Enigma ဖျော်ဖြေပွဲမှာ သီချင်းဆိုနေတုန်း Cooper ကိုစင်ပေါ်ကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ မနှစ်ကထွက်ရှိထားတဲ့ Lady Gaga ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ” A Star Is Born ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Bradley Cooper က ရိုက်ပေးထားတာဖြစ်ပြီး  ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တာဖြစ်ပါတယ်။

Lady Gaga က Cooper ကို အရမ်းလေးစားပြီး သူမရဲ့အရည်အချင်းကို လက်ခံယုံကြည်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ကြောင်းကိုလည်း မကြာခဏ ထုတ်ဖော်ပြောပြလေ့ရှိပါတယ်။ Gaga က Cooper ကို စင်ပေါ်ကိုဖိတ်ခေါ်လိုက်တာနဲ့ပဲ ပရိသတ်တွေအားလုံးက တခဲနက်အားပေးကြတော့တာပါပဲ။ သူတို့နှစ်ယောက် သီချင်းဆိုနေတာကို ကြည့်ရတာ အရမ်းကိုသဘောကျစရာကောင်းနေခဲ့ပါတယ်။ Gaga က Cooper ကို စင်ပေါ်ဖိတ်ခေါ်ပြီး သီချင်းဆိုနေစဉ်မှာ Cooperက  ” A Star Is Born ” ရုပ်ရှင်ဇာတ်ကားထဲကလို အဆိုတော်တစ်ယောက်အဖြစ် သရုပ်ဆောင်နေတာမဟုတ်ဘဲ တကယ့်အဆိုတော်တစ်ယောက်အဖြစ်စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ပုံမျိုးဖြစ်တာမို့ တကယ်ကိုသဘာဝကျပြီး ကြည့်ကောင်းပါတယ်။ ” A Star Is Born “ဇာတ်ကားထဲက ဇာတ်ဝင်တေး “Shallow” ကို Gagaက Mark Ronson၊ Anthony Rossomando၊ Andrew Wyatt တို့နဲ့ အတူတူ ရေးသားခဲ့တာဖြစ်ပါတယ်။ ” Shallow ” ဆိုတဲ့သီချင်းမှာ အမျိုးသားသရုပ်ဆောင် Maine က အကြပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ပြီး သူသဘောကျရတဲ့အမျိုးသမီးကို စင်ပေါ်ကို ဖိတ်ကြားခဲ့တာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ အမျိုးသမီးသရုပ်ဆောင် Ally Campana ဟာ စင်ပေါ်မှာပဲ သူမရဲ့ အချစ်ရေးကို ထုတ်ဖော်ပြခဲ့ပါတယ်။ ဒီတော့ တကယ်အပြင်မှာလည်း Gaga က သူမသီချင်းဆိုဖျော်ဖြေနေတဲ့ စင်ပေါ်ကို Cooper ကို ဖိတ်ခေါ်လိုက်ခြင်းကလည်း တွေးချင်ရင် တွေးစရာလေးဖြစ်နေတာပါပဲ။

- Advertisement -

- Advertisement -

ဒီရုပ်ရှင်ဇာတ်ကားထွက်ပြီးနောက် “Shallow” ဟာ Gaga ရဲ့ လူသိများကျော်ကြားတဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့တယ်။ ဒီသီချင်းဟာ ကမ္ဘာ့အကောင်းဆုံးကိုယ်တိုင် သီဖွဲ့ရေးစပ်ထားတဲ့သီချင်းဆုကို ရရှိခဲ့ပြီးတော့ တစ်နှစ်တာအကောင်းဆုံးသီချင်းအဖြစ် Grammyဆု ဆန်ကာတင်စာရင်းမှာလည်း ပါဝင်လာခဲ့ပါသေးတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read