HomeHealth & Beautyစိတ်ကျရောဂါခံစားနေရပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာ ၁၁ ချက်။

စိတ်ကျရောဂါခံစားနေရပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာ ၁၁ ချက်။

- Advertisement -

” စိတ်ဖိစီးလိုက်တာ၊ စိတ်ပင်ပန်းလိုက်တာ ” စသဖြင့် ကျွန်တော်တို့ဘဝမှာ မကြာခဏပြောဖူးကြမှာပါ။ တကယ်တမ်းကျတော့ စိတ်မကောင်းဖြစ်နေတာနဲ့ စိတ်ဓာတ်ကျနေတာက မတူပါဘူး။ စိတ်မကောင်းဖြစ်တာက ခဏတာပဲဖြစ်ပြီး စိတ်ဓာတ်ကျသွားတာကတော့ ဆေးကုသဖို့ လိုအပ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့အိပ်ချိန်မမှန်တာတို့၊ လူတွေနဲ့တွေ့ဆုံဖို့ စိတ်မဝင်စားတာတို့၊ စိတ်မကောင်းဖြစ်လွယ်တာတို့၊ အရာရာတိုင်းကို အဆိုးမြင်တတ်တာတို့ ဖြစ်နေပြီဆိုရင် သင်ဟာ စိတ်ကျရောဂါခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တချို့သောစိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကို လူတွေက စိတ်ကျရောဂါရဲ့လက္ခဏာလို့ မှားယွင်းစွာ တွေးတတ်ကြပါတယ်။ အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကိုကြည့်ပြီးတော့ သင်နဲ့ သင်ချစ်ရတဲ့ မိသားစုဝင်၊ သူငယ်ချင်းတွေရဲ့ စိတ်ကျန်းမာရေးကို အထူးဂရုပြုနိုင်ပါတယ်။

 

- Advertisement -

၁။ ပုံမှန်ထက် စိတ်ဆိုးလွယ်လာမယ်။

- Advertisement -

စိတ်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Elizabeth Blackက”လူတစ်ယောက်က သူ့အနေနဲ့ အရင်က စိတ်မတိုစေတဲ့အရာတွေက စိတ်တိုစေလာမယ်။ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေအပေါ် စိတ်မရှည်တော့ဘူးဆိုရင် သူဟာ စိတ်ကျဝေဒနာကို ခံစားနေရတာဖြစ်နိုင်တယ်” ဆိုပြီး BuzzFeed သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

- Advertisement -

 

၂။ အရမ်းကို လွမ်းဆွတ်တမ်းတနေမယ်။

စိတ်ကျရောဂါခံစားနေရတဲ့ ဝေဒနာရှင်တော်တော်များများဟာ သူတို့ကိုပျော်ရွှင်စေခဲ့တဲ့ အချိန်ဟောင်းတွေကို ထပ်ခါထပ်ခါ ပြန်စဉ်းစားပြီး ပျော်ရွှင်နေတတ်ပေမယ့် သူတို့ဘဝရဲ့ပြောင်းလဲမှုအပေါ် လက်မခံနိုင်တဲ့အဆုံး အရင်လိုပြန်ပြီး ဝမ်းနည်းပူဆွေးနေတတ်ကြပါတယ်။

 

၃။ ဝမ်းချုပ်လေ့ရှိမယ်။

ဝမ်းချုပ်တာနဲ့ စိတ်ကျရောဂါခံစားနေရမှုဟာ ဆက်စပ်နေတယ်လို့ သုတေသနပညာရှင်တွေက ပြောကြပါတယ်။ စစ်တမ်းတစ်ခုအရ ဝမ်းချုပ်နေသူ ၃၃% ဟာ စိတ်ကျရောဂါကို ခံစားနေရတယ်ဆိုပြီး ဖော်ပြထားတဲ့အတွက် သင်ဟာဝမ်းခဏခဏ ဝမ်းချုပ်တတ်တဲ့သူဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးသင့်ပါတယ်။

 

၄။ အားလပ်ချိန်မှာ စိတ်ဖိစီးတယ်။

” ဘာမှလုပ်စရာမရှိတဲ့ အားလပ်ရက်တွေဟာ သာမန်လူတွေအတွက် ပျော်စရာကောင်းပေမယ့် စိတ်ကျရောဂါခံစားနေရတဲ့သူအတွက်ကတော့ အရာရာကို အဆိုးမြင်လာပြီး စိတ်မကြည်မလင်ဖြစ်ကာ အမြဲတမ်း စိတ်ရှုပ်ထွေးလာနိုင်တယ် ” လို့ စိတ်ဝေဒနာပညာရှင် Dr.Cindy က ပြောကြားခဲ့ပါတယ်။ ချစ်သူရည်းစားတွေရဲ့ ပြသနာတွေကို ဆွေးနွေးတိုင်ပင်ပေးတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Kim Leatherdale က ” စိတ်ဖိစီးမှု ပိုများတဲ့လူဟာ သူတို့ရဲ့စိတ်ခံစားချက်ကို ပြောင်းလဲဖို့အတွက် အလုပ်ပိုလုပ်ကြတယ် ” လို့ပြောခဲ့ပါတယ်။

 

၅။ ဘယ်လိုမှ အာရုံစိုက်လို့မရဘူး။

Dr. Graham က ” အဆိုးမြင်စိတ်တွေများလာတာနဲ့အမျှ စိတ်ဖိစီးလာတဲ့အတွက် အာရုံစိုက်ဖို့ ခက်ခဲလာတာပဲဖြစ်တယ် ” လို့ဆိုထားပါတယ်။ အာရုံစိုက်ဖို့ခက်ခဲတာမျိုးကို ADHD ( Attention Deficit Hyperactivity Disorder) ဆိုတဲ့ အရမ်းတက်ကြွပြီး အာရုံစူးစိုက်မှုနည်းတဲ့ရောဂါမျိုးနဲ့ အထင်မှားတတ်ကြပါတယ်။

 

၆။ စိတ်လိုက်မာန်ပါပြောဆိုပြုမူမယ်။

စိတ်ပညာရှင် Aimee Daramus က ” စိတ်လိုက်မာန်ပါပြောဆိုပြုမူလိုက်တာဟာ အဆင်ပြေတယ်လို့ ထင်ချင်ထင်လိမ့်မယ်။ ဒါပေမယ့် ဒီလိုလုပ်ရပ်က စိတ်ကျရောဂါရဲ့ ပုံမှန်လက္ခဏာမဟုတ်ပေမယ့် အဲ့လိုမျိုးလုပ်တာတွေ များလာပြီဆိုရင်တော့ သင်သေချာ ဂရုစိုက်သင့်တယ် ” လို့ အကြံပြုထားပါတယ်။

 

၇။ မခံစားဖူးတဲ့ အကိုက်အခဲဝေဒနာတွေ ခံစားလာရမယ်။

စိတ်ကျရောဂါခံစားနေရတဲ့ ဝေဒနာရှင် သုံးပုံနှစ်ပုံဟာ ရှင်းပြလို့မရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုတွေကို မကြာခဏ ခံစားရလေ့ရှိပါတယ်။ ဒီလိုမျိုးခံစားနေရခြင်းကြောင့် ရောဂါအမှန်ကို ရှာဖွေနိုင်ဖို့လည်း ခက်ခဲပါတယ်။

 

၈။ အရာရာတိုင်းနဲ့ပတ်သက်ပြီး ကိုယ့်မှာပဲ အပြစ်ရှိတယ်လို့ခံစားနေရမယ်။

ကိုယ်ပုံမှန်လုပ်နေကျ အလုပ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် ချွတ်ချော်သွားခဲ့ရင် ” ဒါမျိုးက ဖြစ်တတ်ပါတယ် ” လို့ မဖြေသိမ့်ပဲ ကိုယ့်မှာအပြစ်ရှိတယ်လို့ ခံစားနေရခြင်းဟာလည်း စိတ်ကျရောဂါဖြစ်နေပြီဆိုတာကိုပြနေတဲ့ လက္ခဏာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

 

၉။ အရေပြားရောဂါတွေ ခံစားလာရမယ်။

ခန္ဓာကိုယ်အရေပြားပေါ်မှာ အနီအဖုအပိန့်လေးတွေပေါ်တဲ့ အရေပြားဝေဒနာကို ခံစားနေရတဲ့ ၆၂ ရာခိုင်နှုန်းသောသူတွေဟာ စိတ်ကျရောဂါခံစားနေရသူတွေ ဖြစ်တယ်ဆိုတာကို လေ့လာတွေရှိထားတာပဲ ဖြစ်ပါတယ်။

 

၁၀။ အလုပ်ခွင်မှာ ဘာမှမလုပ်နိုင်ဘူးလို့ မိမိကိုယ်ကို ထင်မြင်လာမယ်။

” ငါက သူများတွေလောက်မလုပ်နိုင်ဘူး။ ငါ့ရဲ့အလုပ်ရှင်ကလည်း ငါ့ကိုသဘောမကျဘူး ” ဆိုပြီး မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို အထင်သေးသလိုဖြစ်လာတာဟာ စိတ်ကျဝေဒနာဖြစ်လာခြင်းရဲ့ အစပဲဖြစ်ပါတယ်။ ဒါကြောင့်စိတ်ရှင်းသွားအောင် ကိုယ့်အထက်လူကြီးကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး ပြင်သင့်တာပြင်ကာ လက်ရှိလုပ်နေတာတွေကိုလည်း ပိုကောင်းအောင် ပြုလုပ်ရမှာဖြစ်တယ်။

 

၁၁။ တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းလာမယ်။

စိတ်ကျရောဂါဖြစ်နေသူတွေဟာ စိတ်ပင်ပန်းနေတာရယ် ဘယ်သူနဲ့မှ မတွေ့ဖြစ်တာရယ်ကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ရမှာကို သတိမမူမိဘဲ ဖြစ်လာကြပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်တာ နည်းလာခြင်းကလည်း စိတ်ကျရောဂါဖြစ်နိုင်ချေများတယ်လို့ သိရှိရပါတယ်။

<Unicode Version>

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read