HomeOtherFunnyISIS အကြမ်းဖက်အဖွဲ့ကို ကိုယ်ရေးမှတ်တမ်းပို့ခဲ့တဲ့သူ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ။

ISIS အကြမ်းဖက်အဖွဲ့ကို ကိုယ်ရေးမှတ်တမ်းပို့ခဲ့တဲ့သူ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ။

- Advertisement -

Warren Christopher Clark ဆိုသူ အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ ISIS အကြမ်းဖက်အဖွဲ့ကို သူ့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်း ပေးပို့ခဲ့တဲ့အတွက်ကြောင့် အမေရိကန်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံလိုက်ရပါတယ်။ သူကတော့ISIS ရဲ့လှုပ်ရှားမှုအမှန်ကို သိချင်တာကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

အစိုးရရှေ့နေကတော့ Clark ဟာ ISIS အဖွဲ့အစည်းကို ကူညီထောက်ပံ့လိုတဲ့ ရည်ရွယ်ချက်မျိုးရှိကြောင်း သံသယရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Clark ဟာ တက်ဆက်ပြည်နယ် Sugar Land က သာမန်ဒေသခံတစ်ယောက်ဖြစ်ပါတယ်။ George Washington တက္ကသိုလ်က သုတေသနပြုလုပ်သူတွေဟာ အစွန်းရောက်ဝါဒီတွေအကြောင်းကို လေ့လာရင်း Clarkရဲ့ အကြမ်းဖက်အဖွဲ့ကို အလုပ်လျှောက်စာရေးပို့တာကို ရှာတွေ့သွားပြီးနောက် သတင်းစာခေါင်းကြီးပိုင်းမှာ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ သူ့ရဲ့အလုပ်လျှောက်စာမှာတော့ ISIS က သိမ်းပိုက်လွှမ်းမိုးထားတဲ့ ဒေသတစ်ဝိုက်က ကလေးတွေကို အင်္ဂလိပ်စာသင်ပေးဖို့ရည်ရွယ်ကြောင်းကို ရေးသားဖော်ပြထားပါတယ်။

Clark ကို NBC သတင်းဌာနက စုံစမ်းမေးမြန်းတဲ့အခါမှာတော့ ” ISIS က တကယ် ကိုဘာအတွက်ရပ်တည်နေတာလည်းဆိုတာကို ကျွန်တော်သိချင်လို့ပါ။ သူတို့တင်ထားတဲ့ ဗီဒီယိုတွေကိုကြည့်တာတော့ သူတို့တွေက အရမ်းကိုထိန်းချုပ်လိုစိတ် ပြင်းပြနေတာပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း အမေရိကန်ပြည်ထောင်စုကပဲလေ။ ဒီကလူတွေကလည်း တခြားသူတွေကို ထိန်းချုပ်ညွှန်ကြားချင်ကြတာပဲလေ။ အတူတူပဲပေါ့ ” ဆိုပြီးဖြေကြားခဲ့ပါတယ်။

- Advertisement -

Clark ဟာ အစားဝင်သင်ပေးလေ့ရှိတဲ့ ဆရာတစ်ယောက်ပါ။ သူ့ကို FBI က ဆက်သွယ်လာတဲ့အခါမှာတော့ နောက်ထပ်ဘာတွေဖြစ်လာဦးမလဲဆိုတာကိုလည်း သူမသိသလို အကြမ်းဖက်အဖွဲ့အစည်းအတွက် တိုက်ပွဲဝင်ပေးဖို့လည်း သူ့မှာ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိကြောင်းပြောကြားခဲ့ပါတယ်။

Clark ဟာ အဲ့အချိန်တုန်းက Mosul မှာနေနေတာဖြစ်ပြီး သူရပ်တည်ဖို့အတွက် အလုပ်လုပ်ဖို့လိုနေခဲ့ပါတယ်။ သူက နိုင်ငံရေးသိပ္ပံကို လက်ရှိသင်ကြားနေသူဖြစ်ပြီး အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း အများကြီးထပ်လေ့လာချင်သူပဲဖြစ်ပါတယ်။

- Advertisement -

Clark ဟာ ဆော်ဒီအာရေဗျနိုင်ငံ မိုဆူလ်နိုင်ငံနဲ့ တူရကီနိုင်ငံတို့မှာလှည့်ပတ်နေထိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဆီးရီးယားနယ်စပ်ကိုကျော်ကာ ဒီလအစပိုင်းမှာပဲ သူ့ကို အမေရိကပြည်ထောင်စုရဲ့စစ်တပ်က ထိန်းသိမ်းဖမ်းဆီးပြီး အမေရိကပြည်ထောင်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
<Unicode Version>

 

ISIS အၾကမ္းဖက္အဖြဲ႔ကို ကိုယ္ေရးမွတ္တမ္းပို႔ခ့ဲတ့ဲသူ ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခံရ။

Warren Christopher Clark ဆိုသူ အေမရိကန္ႏိုင္ငံသားတစ္ေယာက္ဟာ ISIS အၾကမ္းဖက္အဖြဲ႔ကို သူ႔ရဲ႕ကိုယ္ေရးရာဇဝင္အက်ဥ္း ေပးပို႕ခ့ဲတ့ဲအတြက္ေၾကာင့္ အေမရိကန္ရဲတပ္ဖြဲ႔ရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံထားရျပီး ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခံလိုက္ရပါတယ္။ သူကေတာ့ISIS ရဲ႕လႈပ္ရွားမႈအမွန္ကို သိခ်င္တာေၾကာင့္ျဖစ္တယ္လို႔ေျပာခဲ့ပါတယ္။

အစိုးရေရွ႕ေနကေတာ့ Clark ဟာ ISIS အဖြဲ႔အစည္းကို ကူညီေထာက္ပံ့လိုတဲ့ ရည္ရြယ္ခ်က္မ်ိဳးရွိေၾကာင္း သံသယရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Clark ဟာ တက္ဆက္ျပည္နယ္ Sugar Land က သာမန္ေဒသခံတစ္ေယာက္ျဖစ္ပါတယ္။ George Washington တကၠသိုလ္က သုေတသနျပဳလုပ္သူေတြဟာ အစြန္းေရာက္ဝါဒီေတြအေၾကာင္းကို ေလ့လာရင္း Clarkရဲ႕ အၾကမ္းဖက္အဖြ႔ဲကို အလုပ္ေလွ်ာက္စာေရးပို႔တာကို ရွာေတြ႔သြားၿပီးေနာက္ သတင္းစာေခါင္းႀကီးပိုင္းမွာ ေဖာ္ျပလိုက္တာပဲျဖစ္ပါတယ္။ သူ႔ရဲ႕အလုပ္ေလွ်ာက္စာမွာေတာ့ ISIS က သိမ္းပိုက္လႊမ္းမိုးထားတဲ့ ေဒသတစ္ဝိုက္က ကေလးေတြကို အဂၤလိပ္စာသင္ေပးဖို႔ရည္ရြယ္ေၾကာင္းကို ေရးသားေဖာ္ျပထားပါတယ္။

Clark ကို NBC သတင္းဌာနက စံုစမ္းေမးျမန္းတဲ့အခါမွာေတာ့ ” ISIS က တကယ္ ကိုဘာအတြက္ရပ္တည္ေနတာလည္းဆိုတာကို ကၽြန္ေတာ္သိခ်င္လို႔ပါ။ သူတို႔တင္ထားတဲ့ ဗီဒီယိုေတြကိုၾကည့္တာေတာ့ သူတို႔ေတြက အရမ္းကိုထိန္းခ်ဳပ္လိုစိတ္ ျပင္းျပေနတာပဲ။ ကၽြန္ေတာ္ကိုယ္တိုင္ကလည္း အေမရိကန္ျပည္ေထာင္စုကပဲေလ။ ဒီကလူေတြကလည္း တျခားသူေတြကို ထိန္းခ်ဳပ္ညႊန္ၾကားခ်င္ၾကတာပဲေလ။ အတူတူပဲေပါ့ ” ဆိုၿပီးေျဖၾကားခဲ့ပါတယ္။

Clark ဟာ အစားဝင္သင္ေပးေလ့ရွိတဲ့ ဆရာတစ္ေယာက္ပါ။ သူ႔ကို FBI က ဆက္သြယ္လာတဲ့အခါမွာေတာ့ ေနာက္ထပ္ဘာေတြျဖစ္လာဦးမလဲဆိုတာကိုလည္း သူမသိသလို အၾကမ္းဖက္အဖြဲ႔အစည္းအတြက္ တိုက္ပြဲဝင္ေပးဖို႔လည္း သူ႔မွာ ဘယ္တုန္းကမွ ရည္ရြယ္ခ်က္မရွိေၾကာင္းေျပာၾကားခဲ့ပါတယ္။

- Advertisement -

Clark ဟာ အဲ့အခ်ိန္တုန္းက Mosul မွာေနေနတာျဖစ္ၿပီး သူရပ္တည္ဖို႔အတြက္ အလုပ္လုပ္ဖို႔လိုေနခဲ့ပါတယ္။ သူက ႏိုင္ငံေရးသိပၸံကို လက္ရွိသင္ၾကားေနသူျဖစ္ၿပီး အေတြးအေခၚပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီးေတာ့လည္း အမ်ားႀကီးထပ္ေလ့လာခ်င္သူပဲျဖစ္ပါတယ္။

Clark ဟာ ေဆာ္ဒီအာေရဗ်ႏိုင္ငံ မိုဆူလ္ႏိုင္ငံနဲ႔ တူရကီႏိုင္ငံတို႔မွာလွည့္ပတ္ေနထိုင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ ဆီးရီးယားနယ္စပ္ကိုေက်ာ္ကာ ဒီလအစပိုင္းမွာပဲ သူ႔ကို အေမရိကျပည္ေထာင္စုရဲ႕စစ္တပ္က ထိန္းသိမ္းဖမ္းဆီးျပီး အေမရိကျပည္ေထာင္သို႔ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six + thirteen =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...