Daniel Radcliffe က ” အမေရိကပြည်ထောင်စုကြီးကို ပြန်လည်ကြီးကျယ်ခမ်းနားလာအောင် လုပ်ကြရအောင် ” ဆိုပြီးရေးထားတဲ့ ဦးထုပ်ပိုင်ရှင် Tom Brady ကို အမေရိကန်နိုင်ငံသမ္မတ Trump အား ထောက်ခံအားပေးနေတဲ့အတွက်ကြောင့် သဘောမကျကြောင်း လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။
” Make America Great Again ” စာတန်းပါ အနီရောင်နဲ့ အဖြူရောင်ဦးထုပ်တွေက သမ္မတ Trump ကို ထောက်ခံအားပေးသူပဲဖြစ်ဖြစ် အားမပေးသူပဲဖြစ်ဖြစ် ဝတ်ဆင်ကြပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်းပဲ အစိုးရရဲ့ တရားမျှတမှုမရှိတဲ့ ပိတ်သိမ်းခြင်းတစ်ခုအပြီးမှာတော့ လူတော်တော်များများက ” အမေရိကပြည်ထောင်စုကြီးကို ပြန်လည်ကြီးကျယ်ခမ်းနားလာအောင် လုပ်ကြရအောင် ” ဆိုတဲ့ လှုပ်ရှားမှုကို မုန်းတီးလာကြပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့အတွက် ဘယ်သူကမှလည်း Harry Potter က သူ့ရဲ့စိတ်မကျေနပ်မှုကို ထုတ်ပြလိမ့်မယ်လို့ မမျှော်လင့်ထားကြဘူး။
ဇန်နဝါရီ ၂၆ရက် စနေနေ့မှာ ကျင်းပခဲ့တဲ့ Sundance ပွဲတော်တွင် ၂၀၁၉ SuperBowl ပွဲစဉ်မှာ ပါဝင်ကစားမယ့် New England Patriot အသင်းက အနောက်တန်းကစားသမား Tom Bradyဟာ သမ္မတTrumpကို ထောက်ခံအားပေးသူဖြစ်တဲ့အတွက် Daniel ဟာ လော့စ်အိန်ဂျလီးစ် Ram အသင်းကို ပြောင်းပြီးအားပေးတော့မယ်လို့ အင်တာဗျူးတစ်ခုတွင် နောက်ပြောင်သလိုပြောခဲ့တာပဲဖြစ်ပါတယ်။
Daniel က ” Tom ရာ ခင်ဗျားက တကယ်တော်တာပါ။ အဲ့တာကြောင့် MAGA ဦးထုပ်ကြီးကို သိမ်းမထားစမ်းပါနဲ့ဗျာ ” ဆိုပြီး အရွှန်းဖောက်ခဲ့ပါသေးတယ်။ ၂၀၁၅ခုနှစ်က ကစားသမားတွေနားနေခန်းမှာ Tom ကို အင်တာဗျူးလုပ်တော့ MAGA ဦးထုပ်အနီရောင်ကို သူ့ရဲ့ဗီရိုထဲမှာတွေ့ဖူးပါတယ်။ ဒါပေမဲ့ သမ္မတ Trump တက်ရောက်တဲ့ ၄၅ကြိမ်မြောက် အမေရိကန်ဘောလုံးပွဲတွင် နိုင်ငံတော်သီချင်းဆိုချိန်၌ Patriots အသင်းသားတော်တော်များက ဒူးထောက်အလေးပြု နေကြတဲ့အချိန်မှာ Tomဟာ ဒူးမထောက်ပဲ မတ်တပ်ရပ်လျက်အလေးပြုခဲ့တာဟာ မျိုးချစ်စိတ်ကင်းမဲ့တဲ့လုပ်ရပ် ဖြစ်တယ်လို့လူအများက ဝေဖန်အပြစ်တင်ခဲ့ပါတယ်။
၂၀၁၉ Super Bowl ပွဲစဉ်ကို ဖေဖော်ဝါရီ ၃ရက်နေ့ တနင်္ဂနွေနေ့မှာ Atlanta က Mercedes-Benz အားကစားရုံအတွင်း ကျင်းပမှာဖြစ်ပါတယ်။
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share