HomeEntertainmentတစ်ပတ်အတွင်း လူကြိုက်အများဆုံး သတင်းများ။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး သတင်းများ။

- Advertisement -

Pete Davidson ဟာ Ariana Grandeနဲ့ လမ်းခွဲအပြီး Comedy Show တွေ ပိုလုပ်လာ။

- Advertisement -

အသက်၂၅နှစ်အရွယ် ဟာသသရုပ်ဆောင်ဟာ သူနောက်ဆုံးလုပ်ခဲ့တဲ့ ဟာသစကားပြောအစီအစဉ်နဲ့ပတ်သက်ပြီး သတင်းစာခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံလာရပါတယ်။ ဇန်နဝါရီ ၂၁ရက်နေ့ နယူးယောက်မြို့ ဘရွန့်ကလင်က Bell House မှာကျင်းပတဲ့ Comedy Show မှာဆိုရင် Pete က ” ကျွန်တော်နဲ့ တွဲခဲ့ဖူးတဲ့ ကောင်မလေးတော်တော်များများက  ကျွန်တော့်ကို စိတ်ပျက်သွားကြပုံပဲ . . . ” လို့ အစချီပြီးတော့ သူတို့နှစ်ယောက် ဘာကြောင့်ကွဲသွားရတယ်ဆိုတာကို ပရိသတ်ကြီးကိုပြောပြခဲ့ပါတယ်။ ” On The List ” အစီအစဉ်တင်ဆက်သူတွေက Ariana ရဲ့ လမ်းခွဲသီချင်း ” 7 Rings ” နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

- Advertisement -

 

- Advertisement -

ကလေးမွေးပြီးနောက် Cardi B ရဲ့ ခန္ဓာကိုယ်ပြောင်းလဲလာမှု။

သီချင်းအသစ်ထွက်လာတိုင်း လူကြိုက်အများဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာနားမှာ ရှိနေတတ်တဲ့ Cardi B ဟာ သူမရဲ့ သမီးဦးလေးကို မွေးဖွားပြီးနောက်ပိုင်း သူမရဲ့ လေ့ကျင့်ခန်းလှုပ်ရှားမှုများကို အင်စတာဂရမ်အကောင့်မှာ တင်ထားတာကိုကြည့်ခြင်းအားဖြင့် သူမဟာပုံမှန်အတိုင်း ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပြန်လည်ပိုင်ဆိုင်လာပြီလို့လည်း ပြောလို့ရပါတယ်။ ” On The List ” အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူတွေက Cardi B ဟာ ကလေးမွေးပြီး သူမရဲ့ ပုံမှန်ခန္ဓာကိုယ်ကို ပြန်ရလာပြီဖြစ်လို့ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော် Offset နဲ့ ပြန်ပြီးပေါင်းဖက် နိုင်ပါတယ်လို့လည်း သူတို့ရဲ့အထင်ကို ပြောပြခဲ့ပါသေးတယ်။

 

မြို့စားကတော် Meghan အပေါ် Anna Wintour ရဲ့အမြင်။

Vogue မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ် Anna ဟာ Vouge က တာဝန်ယူစီစဉ်တဲ့ ” Ask  Anna ” ဆိုတဲ့ အစီအစဉ်မှာ Meghan ရဲ့ တော်ဝင်မင်္ဂလာဆောင်တုန်းက ဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံနဲ့ အပြင်အဆင်ကိုသုံးသပ်ပြခဲ့ပြီး Meghan ရဲ့ ဟန်ပန်အမူအရာတွေဟာ ဖက်ရှင်အသိုင်းအဝိုင်းကို ဘယ်လောက် ဂယက်ရိုက်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ ” On The List ” အစီအစဉ်ကိုတင်ဆက်သူတွေက Harry နဲ့ Meghan တို့နှစ်ဦး အိမ်အသစ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်းကိုလည်းပြောပြသွားပါသေးတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read