HomeLifeStyleအင်္ဂလန်နိုင်ငံရဲ့ မြို့စား Harry နဲ့ ကိုယ်ဝန်သည်မြို့စားကတော် Meghan တို့ဟာ ချစ်သူများနေ့ကို အတူတူဖြတ်သန်းနိုင်ဖွယ်မရှိ။

အင်္ဂလန်နိုင်ငံရဲ့ မြို့စား Harry နဲ့ ကိုယ်ဝန်သည်မြို့စားကတော် Meghan တို့ဟာ ချစ်သူများနေ့ကို အတူတူဖြတ်သန်းနိုင်ဖွယ်မရှိ။

- Advertisement -

ဒီနှစ်မှာတော့ မြို့စား Harry ရဲ့ ချစ်သူများနေ့ဟာ အရမ်းတိတ်ဆိတ်နေမယ့်ပုံပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ Harryဟာ အင်္ဂလန်ကနေ မိုင်၂၀၀လောက်ဝေးတဲ့ အာတိတ်ဒေသကို ရောက်နေမှာဖြစ်ပြီး ကိုယ်ဝန်သည်မြို့စားကတော် Meghan ကလည်း Harry နဲ့ အတူတူ လိုက်သွားနိုင်မှာမဟုတ်ပါဘူး။ Kensington နန်းတော်က ” ဖေဖော်ဝါရီလ ၁၄ရက် ကြာသပတေးနေ့မှာ Sussex မြို့စားလည်းဖြစ်သလို တော်ဝင်ရေတပ်ရဲ့ ရေယာဉ်မှူး Harry ဟာ Bardufoss ကုမ္ပဏီရဲ့ နှစ်၅၀ပြည့်အခမ်းအနားအတွက် ကျင်းပတဲ့ စစ်ရေးလေ့ကျင့်ပွဲကို တက်ရောက်မှာပဲဖြစ်ပါတယ် . . .” လို့ တွစ်တာစာမျက်နှာပေါ်မှာ တင်ထားသော်လည်း မြို့စားကတော် Meghan လိုက်ပါခြင်းရှိ၊မရှိကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

နန်းတော်ကတော်မြို့စား Harry သွားရမယ့် တော်ဝင်အခမ်းအနားနဲ့ပတ်သက်ပြီး “Clockwork” ဆိုတာ  အာတိတ်စက်ဝိုင်းအတွင်း မြို့တော်နဲ့မိုင်၂၀၀ အကွာအဝေးမှာကျင်းပတဲ့ နှစ်စဉ်ဆောင်းရာသီ စစ်ရေးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်ခန်းမှာဆိုရင် တော်ဝင်ရေတပ်နဲ့လေတပ်က တပ်မတော်သား ၁၆,၀၀၀ခန့်ကို လေ့ကျင့်ရေး ဆင်းထားပေးတာပဲဖြစ်ပါတယ်” လို့ ထပ်ပြီး ပြောပြထားပါသေးတယ်။

- Advertisement -

” မြို့စား Harry က Bardufoss ကိုလာတဲ့အခါမှာတော့ စစ်တပ်ရဲ့ နေထိုင်ပုံနဲ့ လေ့ကျင့်ပုံတွေကို လေ့လာကြည့်ရှုပြီး တော်ဝင်ရေတပ်နဲ့လေတပ်က အင်ဂျင်နီယာတွေနဲ့တွေ့ဆုံကာ ရာသီဥတုအခြေအနေ စမ်းသပ်သောကိရိယာများကိုလည်း လှည့်လည်ကြည့်ရှုမှာဖြစ်ပါတယ် ” လို့လည်း ထည့်ပြောထားပါတယ်။

- Advertisement -

ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့ဟာ လက်ထပ်ပြီးကာစ မြို့စားနဲ့  မြို့စားကတော်တို့အတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပေမယ့်လည်း အကြောင်းကြောင်းကြောင့် သူတို့နှစ်ယောက်ဟာ ချစ်သူများနေ့ကို အတူတူဖြတ်ကျော်နိုင်မှာမဟုတ်ပါဘူး။ မြို့စားကတော် Meghan ဟာ မတ်ခ်ျလအကုန် ဧပြီလအစတွင် သား/သမီးဦးလေးကို ဖွားမြင်ရန်မျှော်မှန်းထားပုံရပါတယ်။

- Advertisement -

မြို့စား Harry ကတော့ သူ့ရဲ့ကြင်ယာတော် Meghan ကို စည်းကမ်းတင်းကြပ်တဲ့ တော်ဝင်မိသားစုပြသနာတွေကနေ ကယ်တင်ဖို့အတွက် ကြိုးစားနေပုံပါပဲ။ Meghanဟာ Kate နဲ့ ပြသာနာတချို့ဖြစ်ခဲ့ပါသေးတယ်။ Meghan ဟာ သူမရဲ့ မိသားစု၊ သူငယ်ချင်းတွေကို ခွဲခွာပြီး လန်ဒန်မှာ နေထိုင်နေခြင်းဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read