HomeEntertainmentKourtney Kardashian ရဲ့ ချစ်သူအသစ်ဖြစ်တဲ့ David Dee Duron နဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက် ၅ ချက်။

Kourtney Kardashian ရဲ့ ချစ်သူအသစ်ဖြစ်တဲ့ David Dee Duron နဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက် ၅ ချက်။

- Advertisement -

Kourtney Kardashian ဟာ အရပ်မြင့်မြင့် ဆံပင်အညိုရောင်ရှိတဲ့ ချစ်သူအသစ်ဖြစ်တဲ့ David Dee Duron နဲ့အတူ ဇန်နဝါရီ ၂၄ရက် ကြသပတေးနေ့က Malibu မှာရှိတဲ့ Nobu စားသောက်ဆိုင်မှာ ပြုံးပြုံးရွှင်ရွှင် ညစာစားနေခဲ့တာကို Keeping Up with Kardashian TV အစီအစဉ်မှာ တင်ဆက်ခဲ့ပါတယ်။

Kourtney က ” David ဟာ စိတ်ထားကောင်းတဲ့လူရည်မွန်လေးပါ။ သူက ဘောလုံးကို ဝါသနာပါသူဖြစ်ပြီး မိသားစုနဲ့အတူ အချိန်ကုန်တတ်တဲ့သူမျိုးဖြစ်ပါတယ်။ သူရဲ့ညီအစ်ကိုတွေထဲမှာတော့ David က အလုပ်အကြိုးစားဆုံးပါပဲ။ သူ့လောက်တည်ငြိမ်ရင့်ကျက်တဲ့သူမျိုး ရှိတော့မှာမဟုတ်ဘူး . . .” ဟုဆိုကာ David ကို ချီးမွမ်းခန်း ဖွင့်ခဲ့ပါတယ်။

 

- Advertisement -

David နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့ အချက် ၅ချက်ကတော့

- Advertisement -

 

၁။ Hollywood ရုပ်ရှင်လောကထဲက မဟုတ်တဲ့ Kourtney Kardashian ရဲ့ ရည်းစားအသစ် Davidဟာ အမေရိကန်တောင်ပိုင်း Louisiana ရဲ့ Shreveport ဇာတိဖြစ်ပါတယ်။

 

၂။ David ဟာ Miami က ကားစုဆောင်းရေးဌာနမှာ CPAတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။

 

၃။ Davidက မြင်းစီးရတာ ကြိုက်တဲ့သူဖြစ်တဲ့အတွက် သူရဲ့အင်စတာဂရမ်စာမျက်နှာမှာ မြင်းတွေနဲ့ပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

၎။ မိသားစုဝင်တွေများတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ David မှာဆိုရင်တော့ Dez, Denny, Dakota, Dawn and Destiny  လို့ အမည်ရှိတဲ့ မောင်နှမ ၅ ယောက်တောင်ရှိပါတယ်။

- Advertisement -

 

၅။ David ဟာ Kardashian တို့လောက် မကျော်ကြားသေးပေမယ့် သူတက်ခဲ့တဲ့ ဖလော်ရီဒါက Lakeland တက္ကသိုလ်မှာဖြစ်ခဲ့တဲ့ ပြသနာတစ်ခုကြောင့် လူသိများခဲ့တာပဲဖြစ်ပါတယ်။  David က သူရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာလည်း ” ကျွန်တော့်ရဲ့ တက္ကသိုလ်ပထမနှစ်ကတော့ တကယ့်နှစ်ပါပဲ။ ဒီတက္ကသိုလ်ကိုရော သူငယ်ချင်းတွေကိုရော ချစ်တယ်။ ဒီမှာရှိရတာကိုလည်းကျေးဇူးတင်တယ်။ Billboardရဲ့ စာမျက်နှာပေါ်မှာ ကျွန်တော့အကြောင်းကို ထည့်ရေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ . . .” လို့လည်း ရေးသားခဲ့ပါသေးတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twelve − 11 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...