နောက်ထပ် သုံးလဆိုတဲ့ အချိန်ကာလအတွင်းမှာ Games of Thrones ဇာတ်လမ်းတွဲရဲ့ Final Season ကို ပြသတော့မယ်လို့ သိရှိရပါတယ်။ ဒါဟာ Games of Thrones Season 8 ကို အချိန်ကာလအတော်ကြာ စောင့်မျှော်နေခဲ့ရတဲ့ ပရိသတ်များအတွက် ဝမ်းသာစရာ သတင်းတစ်ကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
Games of Thrones ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ White Walkers တွေ၊ နဂါးကြီးတွေနဲ့ လူသားတွေကြား သံမဏိအရိုက်အရာကို ဆက်ခံဖို့ အပြိုင်အဆိုင် ကြိုးစားကြပုံများကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
အားပေးသူပရိသတ် အခိုင်အမာရရှိထားတဲ့ ဒီဇာတ်ကားရဲ့ နောက်ဆုံးအပိုင်းကို ကာလရှည်စောင့်ဆိုင်းခဲ့ရာမှ နောက်ဆုံးမှာတော့ ပရိသတ်တွေအနေနဲ့ ကြည့်ရှုခံစားခွင့်ရရှိတော့မှာလည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်များက ဇာတ်ကားအသစ်ကို မိတ်ဆက်ပေးတဲ့ အင်တာဗျူးများကို ပြုလုပ်လျက်ရှိနေကြပါတယ်။ ပရိသတ်များအကြား နောက်ဆုံး ရေပန်းစားခဲ့တဲ့ အင်တာဗျူးတစ်ခုကတော့ လီနာဟက်ဒေနဲ့ အင်တာဗျူးဖြစ်ပြီး အင်တာဗျူးအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ သူမရဲ့ ပြောစကား အချို့ကို ထုတ်နှုတ်တင်ဆက်လိုက်ရပါတယ်။
သရုပ်ဆောင်များအနေနဲ့ ဇာတ်ညွှန်းအပြည့်အစုံကို ကြိုတင်ရရှိခဲ့ပြီး Spoiler များအားလုံးကို ကြိုတင်သိရှိထားသလားဆိုသည့် မေးခွန်းအပေါ်မှာ “သူတို့က ကျွန်မတို့အားလုံးကို ဇာတ်ညွှန်းအပြည့်အစုံပေးပြီးသားပါ။ တကယ်လို့ တစ်ယောက်ယောက်ကများ ကျွန်မတို့က ဇာတ်လမ်းအဆုံးကို ကြိုမသိနိုင်ဘူးဆိုရင် အဲ့ဒီလူ လိမ်ညာနေတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ဘာတွေ လုပ်နေလဲဆိုတာကို ကျွန်မတို့ အားလုံး သိပြီးသားဖြစ်ပြီး ဒီဇာတ်ညွှန်းတွေကို ကျွန်မတို့ အကြိမ်ကြိမ် အခါခါ ဖတ်ထားပြီးသားပါ။” ဆိုပြီး လီနာဟက်ဒေက ဖြေကြားခဲ့ပါတယ်။
သူမရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းကို Cersei အဖြစ် သရုပ်ဆောင်နေချိန်မှာ ဘာတွေစဉ်းစားနေသလဲဆိုတဲ့ မေးခွန်းကို “ကျွန်မ သဘောကျပါတယ်။ ဒါ ကိုးနှစ်လောက်ကြာခဲ့ပြီပဲ။ ဒီလို သရုပ်ဆောင်ရတာက တကယ်ကို အံ့အားသင့်စရာကောင်းပြီး အသစ်အဆန်းတွေ လုပ်ပြရတာမျိုးကို ကျွန်မပျော်ပါတယ်။” လို့ လီနာဟက်ဒေက ဆိုပါတယ်။
သရုပ်ဆောင်များအတွက် ဒါရိုက်တာများက နောက်ဆုံး နှုတ်ဆက်စကား ပြောခဲ့ချိန်မှာ ဘယ်လိုမျိုး တုံ့ပြန်မိခဲ့သလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း “ရုတ်တရက်ကြီး ကျွန်မစိတ်ထဲ တော်တော်လေး ခံစားလာရပြီး လှေကားအောက်ကို ဆင်းသွားချိန်မှာ သူတို့က ကျွန်မကို အပြေးအလွှားလာခေါ်ပြီး ကျွန်မသွားမယ့် လမ်းကို ပိတ်ထားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့က နှုတ်ဆက်စကား ပြောခဲ့ကြပြီး ဒါဟာ တကယ့်ကို ခံစားခဲ့ရပါတယ်။” ဟူ၍လည်း လီနာဟက်ဒေက ဖြေကြားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လီနာဟက်ဒေက သူမအနေနဲ့ Cersei ကို ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ အနိုင်ရရှိစေချင်တဲ့အကြောင်းကိုလည်း ထည့်သွင်း ပြောကြားသွားပါတယ်။
#HM(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share