HomeOtherအမေရိကန်နိုင်ငံ နယူးယောက်ရှိ ဒေါ်လာ သန်း(၂၀)တန် နေအိမ်တစ်ခုရဲ့ ဓာတ်လှေခါးအတွင်း ၃ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသမီး။

အမေရိကန်နိုင်ငံ နယူးယောက်ရှိ ဒေါ်လာ သန်း(၂၀)တန် နေအိမ်တစ်ခုရဲ့ ဓာတ်လှေခါးအတွင်း ၃ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသမီး။

- Advertisement -

ဒေါ်လာ သန်း(၂၀)တန် နေအိမ်တစ်ခုရဲ့ ဓာတ်လှေခါးအတွင်း အမျိုးသမီးတစ်ယောက် ပိတ်မိနေတဲ့အတွက်ကြောင့် မီးသတ်သမားများမှ ကယ်ဆယ်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ပြီးခဲ့တဲ့တနင်္လာနေ့က နယူယောက်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ အရင်တစ်ပတ် သောကြာနေ့ကတည်းက ပိတ်မိနေတာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္လာနေ့မှ ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

FDNY ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ “ ပိတ်မိနေတဲ့ အမျိုးသမီးဟာ အခုချိန်မှာတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီလောက်ပဲ ပြောပြလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အခြားအခြေအနေတွေကို မသိရသေးလို့ပါ . . . ” ဆိုပြီး Buzzfeed သတင်းဌာနကို ပြောပြခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၅၃ နှစ်အရွယ်ရှိ Marites Fortaliza ဆိုသူဖြစ်ပြီး အိမ်ပိုင်ရှင်တွေမရှိခိုက် အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ရသူဖြစ်တယ်လို့ ABC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ABC သတင်းဌာနသို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ “ သူမ ဓာတ်လှေခါးထဲမှာ ပိတ်မိနေစဉ်အတွင်း သူမနဲ့အတူ လက်ကိုင်ဖုန်း မပါရှိတဲ့အတွက်ကြောင့် အကြောင်းကြားလို့မရခြင်း ဖြစ်ပါတယ်။ သူမပိတ်မိနေတာကို ကယ်တင်ပေးဖို့ ဆက်သွယ်အကြောင်းကြားတဲ့သူကိုလည်း ဘယ်သူဘယ်ဝါမှန်း မသိရပါဘူး . . . ” ဆိုပြီး ပြောပြခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#ST(Soshwe)

#SoshweNews

#SoshweForYouDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

6 + 3 =

Must Read

အမျိုးသားများနဲ့ အမျိုးသမီးများကို တန်းတူညီမျှ အခွင့်အရေးပေးသော နိုင်ငံများအကြောင်း။

ကမ္ဘာကြီးမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ တန်းတူညီမျှ ရင်ဘောင်တန်းပြီး သွားလာလှုပ်ရှားနေကြပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမျိုးသားနဲ့ အမျိုးသမီးတွေအကြား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ မတူညီကြပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ နိုင်ငံ ၆ နိုင်ငံတည်းကသာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ တူညီတဲ့ရပိုင်ခွင့်တွေ သတ်မှတ်ပေးထားကြောင်း လေ့လာတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့...