HomeEntertainmentမကြာခင် ရုံတင်ပြသတော့မယ့် Captain Marvel ဇာတ်ကောင်တွေအကြောင်း။

မကြာခင် ရုံတင်ပြသတော့မယ့် Captain Marvel ဇာတ်ကောင်တွေအကြောင်း။

- Advertisement -
  1. Carol Danvers (Brie Larson)

Marvel Studio ရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ရဲ့ အဆိုအရ Brie Larson ဟာ Marvel Cinematic Universe ရဲ့ စွမ်းအားအကြီးမားဆုံး စူပါဟီးရိုးတစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရှိရပါတယ်။ စကြာဝဠာတစ်ခုလုံးရဲ့ စွမ်းအားတွေနဲ့ ဖြာထွက်နေဟန်ရှိနေတဲ့ Brie Larson ရဲ့ ပိုစတာဟာ Captain Marvel က ထုတ်ပြန်ခဲ့တဲ့ ပိုစတာဆယ်ခုများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

- Advertisement -

 

  1. Maria Rambeau (Lashana Lynch)
- Advertisement -

လေတပ်အဖွဲ့ဝင် Mara Rambeau ဟာ Carol ရဲ့ ရဲဘော်ရဲဖက်တစ်ယောက်လည်း ဖြစ်ပါတယ်။ “Maria ဆီမှာ အရမ်းကို တိကျသေချာတဲ့ စွမ်းအားတွေရှိပြီး အဲ့ဒီအချိန်မှာ သူမက Carol  ကို ကူညီစရာမလိုဘူးလို့ ခံစားခဲ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ သူမက အကြိမ်ပေါင်းများစွာ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး နည်းနည်းလေးတောင် အတွေ့အကြုံမရှိတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလို အခြေအနေတွေကနေ သင်ယူရင်းနဲ့မှ ချက်ချင်းဆိုသလို သူမက အရမ်းကို သန်သန်မာမာနဲ့ တိုးတက်လာခဲ့ပါတယ်။” လို့လည်း Lynch က သူမရဲ့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီးပြောပြသွားပါတယ်။

- Advertisement -

 

  1. Starforce Leader (Jude Law)

ဒီဇာတ်ကောင်ကတော့ Jude Law ရဲ့ အကျင့်စရိုက် အစစ်အမှန်လို့ ထင်မြင်နိုင်ပေမဲ့ တကယ်တမ်းမှာတော့ Starforce ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ်သာ ပိုပြီး မြင်တွေ့နိုင်ပါတယ်။ “သူက Kree လူမျိုးတွေရဲ့ ယုံကြည်ချက်ကို ရိုက်သွင်းခံထားရတဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း သူက နာခံမှုအပြည့်ရှိတဲ့၊ ရှေးရိုးစွဲဆန်တဲ့စရိုက်ရှိပေမယ့် ဥာဏ်လည်း အရမ်းကို ကောင်းတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။” ဆိုပြီး  Jude Law က ပြောကြားခဲ့ပါတယ်။

 

  1. Nick Fury (Samuel L. Jackson)

Nick Fury ဟာ ထင်မှတ်ထားသည်ထက် ဗျူရိုကရေစီပိုဆန်ခဲ့ပြီး Jackson က “သူ(Nick Fury) က ကျွန်တော်တို့ သာမန်မြင်သလို အဆိုးမြင်ဝါဒရှိတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ Nick Fury ဆိုတဲ့ ဇာတ်ကောင်က ကျွန်တော်တို့ မြင်နေကျ သာမန်လူတွေထက် သူ့အထက်မှာရှိတဲ့ လူတိုင်းကို လေးစားမှုရှိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ Carol နဲ့ သူ့ရဲ့ ပထမဆုံး  တွေ့ဆုံဆွေးနွေးခန်းက ကမ္ဘာကြီးရဲ့သူရဲကောင်းတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ဝင်ခန်းလည်းဖြစ်ခဲ့ပါတယ်။

 

  1. Goose

Carol ရဲ့ ကြောင်ဖြစ်သူ Goose ကတော့ Captain Marvel ဇာတ်ကားရဲ့ တကယ့် စတားသရုပ်ဆောင်အစစ်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူက Chewie ဆိုတဲ့ နာမည်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂြိုဟ်သားတွေက ကမ္ဘာပေါ်ရှိ အခြားသော ကြောင်အမျိုးအစားများနဲ့ ပုံစံတူ ဖန်တီးထားတဲ့ ကြောင်တစ်ကောင်လည်း ဖြစ်ပါတယ်။

 

  1. Minn- Evra (Gemma Chan)

Crazy Rich Asians ဇာတ်ကားရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့တဲ့ Chan ကတော့ Captain Marvel ဇာတ်ကားမှာ သွေးအေးပြီး ရူးသွပ်တဲ့ စနိုက်ပါသမားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Starforce ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

 

  1. Korath (Djimon Honsou)

Korath ဟာလည်း Starforce အဖွဲ့ရဲ့ နောက်ထပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Carol နဲ့ တစ်ဖွဲ့တည်း တိုက်ခိုက်ပေးခဲ့တဲ့ ဇာတ်ကောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း Korath ကို ဘာသာရေးနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်သူတစ်ယောက် စာနာထောက်ထားတတ်သူ တစ်ယောက်အဖြစ် ဒီဇာတ်ကားမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

 

  1. Agent Coulson (Clark Gregg)

Captain America ပရိသတ်တွေအတွက် ရင်းနှီိးပြီးသား မျက်နှာဖြစ်ပြီး CGI Magic နဲ့ ဇာတ်ကောင်ရဲ့ ရုပ်ရည်ကို ပိုမိုငယ်ရွယ်သွားသယောင် ဖန်တီးထားတဲ့ အသွင်အပြင်နဲ့ ပိတ်ကားပြင်ထက်ကို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

 

  1. Mystery character (Annette Bening)

Annette Bening တစ်ယောက် Captain Marvel ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်ဆိုတာကို ကျွန်တော်တို့လည်း တိတိကျကျသိရှိရခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ အားလုံးသိရှိထားတာတစ်ခုက သူမဟာ Kree တစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ Trailers ထဲမှာ သူမရဲ့ လူတွေက မှတ်ဥာဏ်ပျောက်ဆုံးနေတဲ့  Carol ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာတော့ သူမရဲ့ စွမ်းအားတွေကို Carol အတွက် တစ်သက်တာ အသုံးချဖို့ ပေးအပ်ခဲ့ပါတယ်။

 

  1. Talos (Ben Mendelsohn)

အေးဂျင့် Fury ရဲ့ ဘော့စ်တစ်ယောက်ဖြစ်တဲ့ Talos ဟာ သိပ်ပြီးမှန်ကန်ဖြောင့်မတ်တဲ့သူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ အစိုးရအဖွဲ့ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို  ပေါက်ကြားစေခဲ့တဲ့ Skrulls တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ခဲ့လို့ပါ။

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read